Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ
Monday 28 October 2013
ရခိုင်ပြည်နယ် ၊ မြေပုံမြို့ပေါ်ရပ်ကွက်များတွင် စပါးကြိတ်ခွဲစက်များကို စည်းကမ်းမဲ့ ဖွင့်လှစ်ကြိတ်ခွဲခြင်း >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
ရခိုင်ပြည်နယ် ၊ မြေပုံမြို့ ပေါ်ရပ်ကွက်များဖြစ်သည့် သဲတန်းရပ်ကွက်၊
ကံသာထွက်ဝ ရပ်ကွက်တို့တွင် (၉)ခုထက်မနည်းသော  စပါးကြိတ်ခွဲစက်များကို
စည်းကမ်းမဲ့ ဖွင့်လှစ်ကြိတ်ခွဲ လျှက်ရှိပါသည်။
က်ဆိုးကျိုးများဖြစ်သည့်
စပါးမှုန့်ခွံများ ပျံလွှင့်မှုကြောင့်ဘေးပတ်ဝန်းကျင်နေအိမ်များတွင် အဆုပ်
နှင့် ပတ်သက်သော ရောဂါများ၊ အရေပြားရောဂါများ ဖြစ်ပွားလျှက်ရှိပါသည်။
ပွင့်လင်းရာသီ ရောက်လာသည်နှင့်အမျှ မီးဘေးအနရာယ်များအတွက်လဲ
စိုးရိမ်နေရပါသည်။
             သို့ဖြစ်ပါရ်ျ မြေပုံမြို့ ပြည်သူများ၏ ကျန်းမားရေး ၊
မီးဘေးအနရာယ်ရေး တို့ကို ရှေ့ရှုလျှက် သက်ဆိုင်ရာ အာဏာပိုင် အကြီးအကဲ
များမှ အမြန် တားမြစ်ဟန်တားပေးပါရန် အသိပေး တိုင်ကြားအပ်ပါသည်။
ရပ်ကွက်သားတစ်ဦး
 >>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
No comments:
Post a Comment