Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Sunday 20 October 2013

ပဲခူးမြို့နယ် ဘုရားကြီးမြို့ အပိုင် သပြေ ရိုး ကျေးရွာတွင်သဲ မှုတ်လုပ်ငန်းများ ဆက်လက် လုပ်ကိုင် လျှက် ရှိနေ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့နယ် ဘုရားကြီးမြို့ အပိုင် သပြေ ရိုး ကျေးရွာ မှ သဲမှုတ်လုပ်ငန်းများကြောင့ှ် လယ်ယာမြေများ ပျက်ဆီး နေမှုများအား ဒုတိယအကြိမ် တင်ပြလိုပါသည် ။
15.10.2013 ရက်နေ့ တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးမှ သဲမှုတ် လုပ်ငန်းလုပ်ကိုင်သူများအား ကန်ကွက်လိုက ကန့်သွက်နိုင်ကြောင်း တားစားကြောင့် နစ်နာခံ ရသူ လယ်သမားများမှ တားမြစ်ခဲ့ပါသည်။
17 . 10 .2013 မှာ မြို့နယ်မှ တားမြစ်စာ ရောက်လာသည့်အတွက် ဝမ်းသာသွားပြီး ထိုစာကို သဲမှုတ်သူများအား အကြောင်းကြားခဲ့သော်လည်း နှစ် ရက် ကျော်သောအခါ သဲမှုတ်လုပ်ငန်းအား ပြန်လည် လုပ်ကိုင် လျှက် ရှိနေခြင်းအပေါ် သိလို၍ ကျေးရွာ အုပ်ချုပ်ရေးမှူး( သပြေ ရိုးကျေးရွာ )ထံ သွားရောက် တွေ့ဆုံ သောအခါ ( ခင် ဗျားတို့ အထက်ကို တိုင်လိုက်တယ် မဟုတ်လား တာပေါ်ကို ရေ ကျော်တာပဲ) ဟု ပြော၍ ပြန်လာခဲ့ ရပါသည် ။
တစ်နေ့လျှင် သဲ ကျင်း ၄၀ ကျ သဲမှုတ်စက် ၁၃ လုံး၏ အားမှာ သဲကျင်း ၅၀၀ ကျော် သည့်အတွက် ဆန္ဒ စော၍ တိုင်မ ရခြင်း ကြောင့် ယ္ခု ကဲ့သို့ ပစ်ပယ်ခံ လိုက် ရသော သ ပြေရိုးကျေးရွာ လယ်သမားများအား သနားသောအားဖြင့် သက်ဆိုင်ရာမှ ကူညီဖြေ ရှင်းပေးကြပါရန် တင်ပြအပ်ပါသည်။
စိုးရိမ်၍ ကြိုတင် အကြောင်း ကြားခြင်း အား တောင်းပန်ပါသည်။
သပြေရိုး ကျေးရွာ လယ်သမားများ
------------------------------
----------------
09250208598
ဦးထွန်းဝင်း နှင့် လယ်သမားများ
သပြေ ရိုး ကျေးရွာ
-- Jokerboy079@gmail.com
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment