Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 12 October 2013

ဘက္ကရီအီးနေ့ မတိုင်မီ ဘာသာ ရေးနှင့်အခြားကိစ္စရပ်များအတွက် သားသတ်ခွင့်နှင့်ပတ်သတ်၍ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့မှခရိုင်အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ တဆင့်သက်ဆိုင်ရာမြို့နယ်အထွေ ထွေအုပ်ချုပ်ရေးရုံးများသို့လိုက်နာ ဆောင်ရွက်သွားရန်ညွှန်ကြားခဲ့ကြောင်း >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

  ဘက္ကရီအီးနေ့ မတိုင်မီ ဘာသာ
ရေးနှင့်အခြားကိစ္စရပ်များအတွက် သားသတ်ခွင့်နှင့်ပတ်သတ်၍ဧရာဝတီ
တိုင်းဒေသကြီးအစိုးရအဖွဲ့မှခရို
င်အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ
တဆင့်သက်ဆိုင်ရာမြို့နယ်အထွေ
ထွေအုပ်ချုပ်ရေးရုံးများသို့လိုက်နာ
ဆောင်ရွက်သွားရန် အောက်ပါအ
တိုင်းညွှန်ကြားခဲ့ကြောင်းသိရသည်။
၁။          ဘာသာရေးနှင့်အခြားကိစ္စ
ရပ်များအတွက်သားသတ်ခွင့်နှင့်ပတ်
သတ်၍ ကျွဲနွားသတ်ဖြတ်ခွင့်အမိန့်ကို
သတ်မှတ်ချက်နှင့်အညီ မြို့နယ်အုပ်ချုပ်ရေးမှုးသည် မည်သည့်
ဒေသတွင်မဆိုအများပြည်သူစားသုံး
ရန်မှအပ ဘာသာရေးနှင့်အခြားကိစ္စ
ရပ်များအတွက်ပြုလုပ်မည့်သူ တာဝန်
ခံမှပူဇော်ကောင်များသတ်မှတ်ခွင့်အား
သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှုး
များ၏ထောက်ခံချက်နှင့်ပြုလုပ်မည့်
ရက်စွဲ နေရာ အကောင်အရေအတွက်
စာရင်းတို့ကိုဖော်ပြ၍လျှောက်ထားလာ
ပါကစည်ပင်သာယာရေးအဖွဲ့ဥပဒေကိုပြင်ဆင်သည့်ဥပဒေ(၂/၉၇)နှင့်အညီဆောင်ရွက်ရန်  အစ်နေ့မတိုင်မီမြို့
နယ်အလိုက်သတ်ဖြတ်လိုသည့်
စာရင်းအားတိုင်းဒေသကြီးအစိုးရအဖွဲ့သို့အချိန်မ်ီတင်ပြသွားရန်။
၂။           ကျွဲ နွားယစ်ပူဇော်ကောင်များ
သတ်ဖြတ်ခွင့်စိစစ်ရေးအဖွဲ့ဖွဲ့စည်း
ဆောင်ရွက်ရန် တို့ဖြစ်ကြောင်းသိရပါ
သည်။
               အဆိုပါစိစစ်ရေးအဖွဲ့အနေဖြင့် သတ်
မှတ်စည်းကမ်းချက်(၁၂)ချက်ဖြင့်ကိုက်
ညီပါမှခွင့်ပြုပေးရမည်ဖြစ်ကြောင်း
လည်းသိရှိရသည်။
           သတ်မှတ်စည်းကမ်းများအား
လေ့လာလိုသူများသိရှိနိုင်ပါရန် တင်
ပြအပ်ပါသည်။
၁။        မလိုလားအပ်သောဘာသာ
ရေးပြသနာများပေါ်ပေါက်နိုင်ခြင်း
ကြောင့်မိမိအိမ်ခြံဝန်းအတွင်းသတ်
ဖြတ်ခြင်း လုံးဝ မပြုလုပ်ရန်။
၂။         ကျွဲ နွားသတ်ဖြတ်မည့်နေရာ
အားဒေသလိုအပ်ချက်အရအဖွဲ့အ
စည်းများမှသင့်တော်သည့်နေရာစီစဉ်
ပေးရန်  သတ်မှတ်နေရာများမှလွဲ၍
အခြားနေရာများတွင်မသတ်ဖြတ်စေ
ရန်။
၃။         လယ်ယာလုပ်ငန်းခွင်၌လက်
ရှိအသုံးပြုနေသော သန္ဓေသားရှိသည်
ဟုသိရသော   ကလေးငယ်ရှိသည့်
ကျွဲ နွားများမဖြစ်စေရန်နှင့်ငယ်ရွယ်
သည့်ကျွဲ နွားမဖြစ်စေရန်အတွက် မွေး
မြူရေးနှင့်ကုသရေးဦးစီးဌာနမှလုပ်ထုံး
လုပ်နည်းများနှင့်အညီစိစစ်ဆောင်ရွက်
ရန်။
၎။           တိုင်းဒေသကြီးအတွင်းကျွဲ
နွားများရှားပါးလာ၍ဘာသာရေးအဖွဲ့
များနှင့်ဒေသလိုအပ်ချက်ညှိုနှိုင်းပြီး
ပြသနာမဖြစ်စေရေးတာဝန်ရှိသူများ
မှစိစစ်ခွင့်ပြုသွားရန်။
၅။             ယစ်ပူဇော်မည့်သားကောင်
သတ်ဖြတ်မည့်ကျွဲနွားကိုကြိုးဖြင့်ဆွဲငင်
၍လူမြင်ကွင်းတွင်သယ်ဆောင်ခြင်းမ
ပြုရန်နှင့်လမ်းဘေးလူမြင်ကွင်းများတွင်
လှန်ထားခြင်းမပြုရန်။
၆။           ယစ်ပူဇော်မည့်သားကောင်
ကျွဲနွားများကိုကြိုတင်ဝယ်ယူပြီးပတ်
ဝန်းကျင်တွင်ကြာရှည်စွာ ချည်နှောင်
ထိန်းသိမ်းထားခြင်းမပြုရန်။
၇။           သားကောင်များကိုစနစ်တ
ကျချည်နှောင်ပြီးသယ်ယူပို့ဆောင်ရန်
နှင့်လွတ်ထွက်၍လူနေရပ်ကွက်အ
တွင်းလိုက်လံဖမ်းဆီးရခြင်းမျိုးမဖြစ်စေ
ရန်။
၈။           ယစ်ပူဇော်သတ်ဖြတ်ပြီးပါက
ခုတ်ထွင်ပြီးအသားများကိုလူမြင်ကွင်းတွင်သယ်ဆောင်ခြင်းမပြုဘဲ စနစ်တ
ကျတင်ဆောင်ပြီး လုံခြုံစွာဖုံးအုပ်၍
သယ်ဆောင်ရန်။
၉။          ယစ်ပူဇော်သတ်ဖြတ်ပြီးပါက
အနံ့အသက်များမထွက်စေရန်အတွက်
သွေးများအရိုးများကိုရှင်းလင်းခြင်း မြေ
မြုပ်ခြင်းများကိုပြုလုပ်ပေးရန်
၁၀။         အခြားဘာသာဝင်များစိတ်
အနှောက်အယှက်မဖြစ်စေရေးအ
တွက်ယစ်ပူဇော်သည့်ဘာသာဝင်များ
သည်သွေးစွန်းအဝတ်အစားများနှင့်
သယ်ဆောင်ခြင်းမပြုဘဲအဝတ်အစား
များအားလဲလှယ်ပြီးမှသယ်ဆောင်ရန်
၁၁။           ယစ်ပူဇော်သတ်ဖြတ်ပြီးပါ
ကထွက်ရှိလာသောအသားများအား
မြို့နယ်ကျော်သယ်ဆောင်မှုလုံးဝမရှိ
စေရေးအထူးအစီအစဉ်တစ်ရပ်အနေ
ဖြင့်ဆောင်ရွက်ရန်။
၁၂။            ခွင့်ပြုကောင်ရေထက်ပိုမို
သတ်ဖြတ်ခြင်းမပြုရန်    တို့ဖြစ်သည်။


ဘုန်းဆက်လင်း
မြို့လယ်လမ်း
အမှတ် ၂ ရပ်ကွက်
ကန်ကြီးထောင့်မြို့
၄၉၇၄၀၅၇၆

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment