Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Friday 18 October 2013

စစ်ကိုင်းဆေးရုံကြီးက သူနာပြုဆရာမက ဒီလိုဘဲလား...>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

 နိုင်ငံတော်ကြီးက ဘယ်လိုပဲခေတ်မှီပြောင်းလဲမှုတွေ
လုပ်လုပ် ခေတ်နောက်ပြန်သွားကာ မျက်နှာလိုက်ပြီး မတူညီစွာဆက်ဆံတဲ့သူတွေကလဲ ရှိနေပါသေးတယ်၊ ကျွန်မ အဖွားက စစ်ကိုင်းဆေးရုံမှာတင်ထားရပါတယ်၊ ဒီမနက် ဆေးရုံမှာညစောင့်အိပ်ပြီး ပြန်တော့ ဆေးရုံ တံခါးသော့ပိတ်ထားပါတယ်၊ အပြင်ထွက်လို့မရဘူးလို့ပြောပါတယ်၊ ကျွန်မရှေ့က အမျိုးသမီးတစ်ယောက် (သူနာပြုဆရာမနှင့် မည်သို့ပတ်သက်သည်မသိ) က အပြင်ထွက်ချင်တယ်ဆိုတော့ တာဝန်ကျ သူနာပြု ဆရာမ တစ်ယောက်က လာပြီး သော့ဖွင့်ပေးပါတယ်၊ (Name Plate တပ်မထားတဲ့အတွက် ဆရာမနာမည်တော့ မသိပါ) ကျွန်မ သူ့နောက်က ကပ်လျက် အပြင်ထွက်မယ်ဆိုတော့ ဆရာမက ဘာလုပ်မလို့လဲလို့မေးပါတယ်၊ အပြင်ထွက်ချင်လို့ပါ ရုံးတက်ရအုံးမှာမို့ ပြန်ရမှာမို့လို့ပါ ပြန်ဝင်မလာပါဘူးလို့ ပြောတော့ ထွက်လို့မရဘူးဆိုပြီး တံခါးကို သော့ပြန်ချိတ်သွားပါတယ် ၊ ဆေးရုံစည်းကမ်းအရ ၀င်လို့ ထွက်လို့မရတဲ့အချိန်မို့ တံခါးဖွင့်မပေးဘူးဆိုရင် လက်ခံပါတယ်၊ ဒါပေမဲ့ ရှေ့ကအမျိုးသမီး (လူနာမဟုတ်) ကျတော့ ၀င်လို့ ထွက်လို့ရသလား၊ ကျွန်မနဲ့ ထိုအမျိုးသမီးနဲ့ ဘာများကွာခြားမှုရှိလို့လဲလို့ တော်တော်စဉ်းစားရခက်ပါတယ်၊ ကျွန်မကိုယ် ကျွန်မလဲ တော်တော်အားငယ်မိပါတယ်၊ လူချင်းအတူတူကို ဘယ်လိုအရာတွေကြည့်ပြီး ခွဲခြားဆက်ဆံရတာလဲ၊ ကျွန်မမှာ ဘာအားနည်းချက်တွေရှိလဲ သိချင်ပါတယ်.....

ပြည်သူတစ်ဦး

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

1 comment:

  1. ကိုယ်ကရော100%မှန်ရဲ့လားပြည်သူကိုယ့်ကိုယ်ကိုတောင်ပြည့်စုံရဲ့လားမသိတဲ့သူကသူများကိုဘယ်လိုကြည့်မလဲ

    ReplyDelete