Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Monday 7 October 2013

မိတ္ထီလာခရိုင်၊၀မ်းတွင်းမြို.နယ်၊ကုက္ကိုလ်ခါးလှအုပ်စု၊ဂွေးကန်ကျေးရွာမှသာသနာပိုင်မြေ၊စားကျက်မြေ၊ ကျေးရွာပိုင်မြေ ၂၀၀ ဧကခန်.ကိုမြေစာရင်းဌာနမှခရိုနီများပိုင်ဆိုင်ရန်ပြုလုပ်ပေးထား >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”


ဝမ်းတွင်းမြို.နယ်မြေစာရင်းဌာနမှ ဒေါ်ဝေေ၀ခိုင် ၁၁၀ ဧက၊ ဒေါ်အိအိခိုင် ၁၀ ဧက ၊ ဦးအောင်နိုင် ၁၇ ဧက
ဦးဥက္ကာအောင်၎.၂ဧကဟူ၍ပိုင်ဆိုင်ရန်ပြုလုပ်ပေးထားပြီးအခြားကုမ္ပဏီများ၊ကုန်သည်များကိုလည်း
ပိုင်ဆိုင်ရန်ပြုလုပ်ပေးထားခြင်းတွေရှိတယ်လို.သိရပါတယ်။တကယ်တော့ အဲဒီဦးပိုင်များဖေါက်ပြီးပိုင်ဆိုင်ရယူထားသည့်မြေများထဲတွင် မြပေါ်ကျွန်းတောရဘုန်းတော်ကြီးကျောင်း၏
သာသနာ့မြေများလည်းပါဝင်နေပါတယ်။ထို.ပြင်တောင်သူလယ်သမားတွေရဲ.စိုက်ပျိုးရေးလုပ်ငန်းအတွက်
ဘိုးဘွားစဉ်ဆက်အသုံးပြုခဲ့တဲ့ကျွဲ၊နွားတွေရဲ.စားကျက်မြေများ၊သိုး၊ဆိတ်အစရှိတဲ့မွေးမြူရေးလုပ်ငန်းအတွက် အသုံးပြုတဲ့စားကျက်မြေများလည်းအခုလိုသိမ်းပိုက်ခံလိုက်ရတဲ့အတွက် လယ်သမားတွေအတွက်များစွာအခက်ကြုံနေရပြီဖြစ်ပါတယ်။အဲဒါတွေအပြင် လယ်သမားတွေ စိုက်ပျိုးရေးအတွက်ရေရှိရန် အားထားရတဲ့ ကန် တွေကိုပါသိမ်းပိုက်ခံလိုက်ရတာပါ။
တကယ်တမ်းမှာတော့လယ်ယာမြေဥပဒေမှာ ပြည်ထောင်စုအစိုးရအဖွဲ.မှအခြားနည်းအမိန်.ဆင့်ဆိုသည်မှ
လွဲ၍ကျေးရွာပိုင်မြေများ၊ကျွဲ၊နွားတို.၏စားကျက်မြေများ၊ဘာသာရေးမြေများ၊ကန်များကို မပျက်စီးစေပဲဆက်လက်ထားရှိရမည်လို.သတ်မှတ်ပြဌာန်းထားပါတယ်။ယခုလိုသာသနာပိုင်မြေ၊ စားကျက်မြေ၊ကျေးရွာပိုင်မြေများကိုခရိုနီများ၊ကုမ္ပဏီများမှပိုင်ဆိုင်ရန်ပြုလုပ်ထားကြသည်များကို
တောင်သူလယ်သမားများနှင့် ဒေသခံပြည်သူတို.ကလိုလားခြင်းမရှိဘူးလို.သိရပါတယ်။
ဒီသာသနာပိုင်မြေ၊စားကျက်မြေ၊ကျေးရွာပိုင်မြေများကို ပြန်လည်ရရှိရန်လယ်သမားတွေက
မိတ္ထီလာခရိုင်မှလယ်ယာမြေအရေးတက်ကြွလှုပ်ရှားသူတွေနဲ.ပူးပေါင်းကာပြန်လည်ရရှိရန်
ဆောင်ရွက်နေကြောင်းသတင်းရရှိပါတယ်။              

 လွင်မောင်မောင်
 ။၀၉ ၄၀၁၆၄၄၇၉၅။။
  မိတ္ထီလာမြို.

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 
 

No comments:

Post a Comment