Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 12 October 2013

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်မှတာဝန်ကျ ဆရာ/ဆရာမမျာအချို့အား အရေးယူပေးပါရန် တင်ပြခြင်း >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ကံကြီးကျေးရွာရှိ အလက ခွဲ တွင် တာဝန်ကျနေသော ဆရာ/ဆရာမအချို့သည် စာသင်ကြားရာတွင် စေတနာမပါဘဲ ဖြစ်သလို သင်နေကြခြင်း နေ့စဉ်ပုံမှန် မလာခြင်း  လာသည့်နေ့မှာလဲ အချိန်မှန်ခြင်း  အချင်းချင်း မသင့်မမြတ်ဖြစ်နေကြခြင်း တို့ကြောင့်  သက်ဆိုင်ရာလူကြီးများသို့ တင်ပြခဲ့ပါသည်။
သက်ဆိုင်ရာ မြို့နယ် လူကြီးးများမှ ရပ်မိရပ်ဖ ကျောင်းကော်မတီများနှင့် ဆရာဆရာမတို့အား တစ်ကြိမ်ခေါ်၍ စစ်ဆေးခဲ့ပါသည်။ တစ်ပတ်လောက်ကြာသော အခါ ဆရာဆရာမများကို တစ်ကြိမ်ခေါ်၍  စစ်ဆေးခဲ့ပါသည်။
ထိုသို့ဆောရွက်ခဲ့သောလဲ အပြောင်းအလဲတစ်စုံတရာ ထူးခြားမလာပါ။ ဆရာဆရာမများကတော့ အရင်ကထက်ပင် ပိုဆိုးလာသည်။ "ငါတို့ကို တိုင်ရမလား"ဆိုပြီး အရွဲ့တိုက် နေကြပါသည်။  ကျောင်းအုပ်ဆရာမကြီး ကိုယ်တိုင် နေ့စဉ်မလာ အချိန်မှန်မလာပါ၊ ကျောင်းသား ကျောင်းသူ ၂၃၀ကျော်တို့၏ ပညာရေးကို မျက်ကွယ်ပြုနေပါသည်။ ဒီအခြေနေတွေကြောင့် ကျောင်းသားမိဘများလဲ ဒုက္ခများစွာရောက်နေကြပါသည်။
နိုင်ငံတော်လစာစားပြီး နိုင်ငံတော်တာဝန်ကို မထမ်းဆောင်ကြဘဲ ကျောင်းသားကျောင်းသူ ကလေးငယ်များ၏ အနာဂတ်ကို ဖျက်ဆီးနေကြသော စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ကံကြီးကျေးရွာရှိ အလက ခွဲ မှ ဆရာဆရာမအချို့အား ပြောင်းရွှေ့ပေးခြင်း အရေးယူခြင်းများ ပြုလုပ်ပေးပါရန် သက်ဆိုင်ရာ လူကြီးမင်းများအား  အသိပေးအပ်ပါသည်။

အောက်ဖုန်းနံပါတ်များမှ စုံစမ်းနိုင်ပါသည်
ကျောင်းကော်မတီများ
09 400549393
09 400401583
09 6806689

 >>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment