Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 5 October 2013

တန်ဖိုးနည်းမီးလင်းရေးအမြန်ဆောင်ရွက်ပေးရေး...။ မင်္ဂလာဒုံမြို့နယ်၊ မှလျှပ်စစ်ဓါတ်အားများ...။ ရွှေဘိုခရိုင် ၊ခင်ဦးမြို့နယ် ၊အင်ကြင်းပင်ကျေးရွာ၊ ဓမ္မသင်တန်းကျောင်းစတင် ဖွင့်လှစ် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

တန်ဖိုးနည်းမီးလင်းရေးအမြန်ဆောင်ရွက်ပေးရေး
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
 ယနေ့  ၄.၁၀.၂၀၁၃ မန္တလေးတိုင်းဒေသကြီး ၊အမရပူရမြို့နယ် ၊လိပ်ဆံခွန်ကျေးရွာအုပ်စုတွင်ကျေးရွာအုပ်ချုပ်ရေးမှူးရွေးကောက်ပွဲကျင်းပပြုလုပ်ခဲ့သည်။ရွေးချယ်ခံရသောအုပ်ချုပ်ရေးမှူး၏ပညာအရည်အချင်းစီးပွားရေးအခြေအနေများကြောင့်ရွာသားများမကျေမနပ်ဖြစ်နေကြောင်းသိရပါသည်။ အရင်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းမှာ နိုင်ငံတော်မူဝါဒကိုဆန့်ကျင်ပြီး မီးမလင်းရေးဖက်မှပါဝင်ဆောင်ရွက်ခဲ့သည့်အတွက်အုပ်ချုပ်ရေးမှူးမှ၂၅.၈.၂၀၁၃တွင်ရပ်နားခံခဲ့ရခြင်းဖြစ်ပါသည်။ ယခုလက်ရှိမီးကော်မတီမှတန်ဖိုးနည်းမီတာဆောင်ရွက်ခဲ့ရာသက်ဆိုင်ရာအစိုးရအဖွဲ့အသီးသီး၏ခွင့်ပြုချက်ကိုလွန်ခဲ့သောတစ်နှစ်ခန့်မှရရှိခဲ့သော်လည်း နှောက်ယှက်သူရွာသားအချို့၏တိုင်တောမှုများကြောင့် ၈၀%ထိပြီးစီးပြီဖြစ်သော်လည်း မြို့နယ်လျှပ်စစ်ဌာနမှ ၁၄.၈.၂၀၁၃ မှစ၍ ဆောင်ရွက်ခြင်းလုပ်ငန်းများယနေ့ထိရပ်နားခဲ့ပါသည်။ယခင်မီးကော်မတီအသီးသီးမှလည်း ရငွေသုံးငွေစာရင်းရှင်းတန်းများယနေ့ထိရှင်းလင်းခြင်းမရှိသေးကြောင်းသတင်းရရှိပါသည်။
မောင်ရဲထက်ကျော်(အမရပူရမြို့နယ်
၊လိပ်ဆံခွန်ရွာ။)
 
>>>>>>>>>>>>>>>>>>>>>>>>>>>>
 
မင်္ဂလာဒုံမြို့နယ်၊ မှလျှပ်စစ်ဓါတ်အားများ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
   တစ်လလျှင်တစ်ကြိမ်၊ ပုံမှန် လျှပ်စစ်ဓါတ်အားသုံးစွဲခ ပုံမှန် ပေးသွင်းရပြီး ရက်လွန်ကြေး ၂၀၀၀ သတ်မှတ်ပါသည်။
ထိမ်းသိမ်းဝန်ဆောင်ခ ၁၀၀၀ ကောက်ခံသော်လည်း၊ လျှပ်စစ်
ဓါတ်တိုင်များ၊ ဓါတ်အားများ ခိုးယူသုံးစွဲနေမူ့ အား စစ်ဆေးခြင်း
မပြုလုပ်ပဲ ၊အားနည်းနေပါ၍မြရတနာ၊ ရခိုင်ကျောင်း၊ပုလဲမြို့
သစ်၊သင်္ဃန်းကျွန်း စသောဒေသတို့တွင်၊ မီးလာသော်လည်း၊
လျှပ်စစ်အဝင်များမှာ၊ လုံးဝကျဆင်းသွားပြီး မီးလုံးမီးချောင်းမှ၊
အစပြု၍၊ လျှပ်စစ်သုံးဆောင်ပစ္စည်းများမှာ ပျက်စီးမူ့များမကြာ
ခဏကြုံတွေ့နေခဲ့ရပါသည်။  သို့ပါ၍တာဝန်ရှိသူများ
မှအထက်ပါလုပ်ငန်းများအာား အလေးပေးဆောင်ရွက်သင့်ပါ
ကြောင်းတင်ပြအပ်ပါသည်။

ပေးပို့သူ့      မင်းခန့်  မင်္ဂလာဒုံ
  
>>>>>>>>>>>>>>>>>
 
ရွှေဘိုခရိုင် ၊ခင်ဦးမြို့နယ် ၊အင်ကြင်းပင်ကျေးရွာ၊ ဓမ္မသင်တန်းကျောင်းစတင် ဖွင့်လှစ်
/။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
 စစ်ကိုင်းတိုင်းဒေသကြီး ၊ရွှေဘိုခ
> ရိုင် ၊ခင်ဦးမြို့နယ် ၊အင်ကြင်းပင်ကျေးရွာ
> အင်ကြင်းပင်ကျောင်းကြီး ၊နန်းဦးပရိယတ္တိ
> စာသင်တိုက်တွင်  ကျော်င်းသားကျောင်း
> သူများအား ဓမ္မသင်တန်းကျောင်းစတင်
> ဖွင့်လှစ်ခဲ့ပါသည်။
>
>           ထိုဖွင့်ပွဲတွင် ပဓာနနာယကဆရာ
> တော် ဘဒ္ဒန္တ ပညာဝံသ(အဂ္ဂမဟာဂန္ထ၀ါစ
> က ပဏ္ဍိတ) ခင်ဦးမြို့နယ် သံဃာ့နာက
> သြ၀ါဒဆရာတော်ဘုရားကြီးအထံတွင်
> သြ၀ါဒကိုခံယူကာ အင်ကြင်းပင်၊စောကြီး
> သနပ်စိန်စသောကျောင်းများမှ ဆရာ/မ
> ကျောင်းသား/သူများနှင့်ဧည့်ပရိဿတ်
> များ အပါဝင် လူအင်အား ၃၀၀ရာကျော်
> တို့တက်ရောက်ကြပါသည်။
>        ထိုသင်တန်းကို ရွှေဘိုမြို့ သိင်္ဂီ
> ဆန်စက်နှင့်စက်သုံးဆီရောင်းဝယ်ရေးမှ
> ဦးကျော်နိုင်+ဒေါ်သန်းသန်းဌေးမိသားစုက သင်တန်းစာအုပ်နှင့်စာအုပ်ဖောင်တိန်
> များကိုလှူဒါန်းပြီး အားဟာရအဖြစ် ကြာ
> ဆန်ချက်တိုက်ကျွေးပါသည်။

mgthein tun <mgthiri77@gmail.com>


>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 
 
 
 
 
 

No comments:

Post a Comment