Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday 24 October 2013

ကျိုက်ထိုမြို့နယ် သိမ်ဇရပ် တာဝတံသာ ဘုရားပွဲ အတွင်း၌ ဘောလုံးအသင်းအုပ်ချုပ်သူအားအရန်မီးသတ်တပ်ဖွဲ့ခေါင်းဆောင်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်အပေါင်းပါဆယ်ဦးတို့မှ သူခိုး သူခိုး ဟုအော်ဟစ် ကာ ဝိုင်းဝန်း ရိုက်နှက် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

21.10.13 ည  12:00 အချိန်ခန့်တွင်
ကျိုက်ထိုမြို့နယ်  သိမ်ဇရပ်  တာဝတံသာ
ဘုရားပွဲ  အတွင်း၌   ဆိပ်ကမ်းသာရပ်ကွက်
ဘောလုံးအသင်းအုပ်ချုပ်သူကိုမျို
းထွန်းအား
အရန်မီးသတ်တပ်ဖွဲ့ခေါင်းဆောင် ခင်ဝေ နှင့်
အရန်မီးသတ်တပ်ဖွဲ့ဝင်အပေါင်းပါဆယ်ဦးတို့မှ  သူခိုး  သူခိုး ဟုအော်ဟစ် ကာ ဝိုင်းဝန်း
ရိုက်နှက်သောဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါသည်
၎င်းဖြစ်စဉ်အတွက် ကိုမျိုးထွန်းမှသိမ်ဇရပ်
ရဲစခန်းတွင်အမှုဖွင့်တိုင်ကြားခဲ့ပါသည်။
ကိုမျိုးထွန်းသည်  သိမ်ဇရပ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏
အလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်သဖြင့်
ကျိုက်ထိုမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလုပ်အမှုဆောင်ဥက္ကဌထံသို့သတင်းပို့တိုင်ကြားထားသည်ဟုသိရပါသည်။
အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍အရန်မီး
သတ်တပ်ဖွဲ့ဝင်များ၏အပြစ်မဲ့ပြည်သူများ
အပေါ်လက်ကိုင်ဒုတ်များဖြင့်အတိုင်းဆမဲ့
ရိုက်နှက်ခြင်း  လက်ထိပ်များခတ်ပြီး နံပါတ်
ဒုတ်ဖြင့် ရိုက်နှက်ခြင်းများကို  လူပုံအလယ်ဘောလုံးပွဲများ၌တရားဝင်သဖွယ်ရိုက်နှက်နေခြင်းများကိုထိရောက်စွာအ
ရေးယူပေးနိုင်ရန်အတွက်သက်ဆိုင်ရာသို့
တင်ပြအပ်ပါသည်။
 
ပြည်သူတစ်ဦး
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment