Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday 17 October 2013

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့ အမျိုးဘာသာ သာနာဖွဲ့စည်း...။ ဗုံး​ဖောက်​ခွဲမှု့ နှင့်​ပတ်​သက်​​ တရားခံကို ဖမ်းဆီးမိသည်​မှာ တစ်​ခြားတစ်​​ယောက်​ဖြစ်​ပြီ ​အင်​တာဗျူး ​ပြောကြားသည်​ မှာဖမ်းဆီးရာတွင်​ပါဝင်​ခြင်းမ ရှိသည့်​ သူတစ်​​ယောက်​ဖြစ်​သည်​ ကို အများပြည်​သူနှင့်​ အထက်​အကြီးအကဲများသိ​စေ လိုခြင်း >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့ အမျိုးဘာသာ သာနာဖွဲ့စည်း

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဧရာဝတီတိုင်းဒေသကြီး ညောင်းတုန်းမြို့မှာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့
          (မ* ဘ* သ)
အဖွဲ့ကို
၁၇ *၁၀ *၂၀၁၃ ကြာသပတေးနေ့တွင်ဖွဲ့စည်းပါမည်။
ထိုအခမ်းအနားကို ညောင်တုန်းမြို့
တိုက်သစ်ကျောင်း၌ကျင်းပပါမည်။
ညောင်တုန်း မြို့ပေါ်ရှိ ဂိုဏ်းပေါင်းစုံ
ဆရာတော် သံဃာတော်များနှင့်
လူအဖွဲ့စည်း အသီသီမှ ပုဂ္ဂိုလ်များ
တတ်ရောက်နိုင်းပါကြောင်း အသိပေး
နိုးဆော်အပ်ပါသည်။
နေ့ရက်
သီတင်းကျွတ်လဆန်း ၁၃ ရက်
၁၇ *၁၀ *၂၀၁၃)
နေရာ ညောင်တုန်းမြို့
တိုက်သစ်ကျောင်း
ပေးပို့သူ
မောင်မျိုးဆက်
ညောင်တုန်း
ph/0931138094

>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗုံး​ဖောက်​ခွဲမှု့ နှင့်​ပတ်​သက်​​ တရားခံကို ဖမ်းဆီးမိသည်​မှာ တစ်​ခြားတစ်​​ယောက်​ဖြစ်​ပြီ ​အင်​တာဗျူး ​ပြောကြားသည်​ မှာဖမ်းဆီးရာတွင်​ပါဝင်​ခြင်းမ ရှိသည့်​ သူတစ်​​ယောက်​ဖြစ်​သည်​ ကို
 အများပြည်​သူနှင့်​ အထက်​အကြီးအကဲများသိ​စေ လိုခြင်း

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

၁၅.၁၀.၂၀၁၃ မနက်​ အချိန်​ခန့်​တွင်​ ဗုံး​ဖောက်​ခွဲမှု့နှင့်​ပက်​သက်
သော
တရားခံကို ဘီးလင်းမြို့နယ်​တွင်
ဖမ်းဆီးရမိပါသည်​ ညကတည်းက
မြို့နယ်​ရဲတပ်ဖွဲ့မှူးက ပိတ်​ဆို့လုပ်​ခိုင်း
တာပါ ကျွန်​​တော်​တို့ နယ်​ထိန်းအဖွဲ့
တွေကို ဒါ​ပေမယ့်​ တရားခံကို မ​တွေ့
ပါဘူး မနက်​ ၄နာရီခွဲ​ကျော်​အချိန်
လောက်​ကျမှ ရန်​ကုန်​ ရဲတပ်​ဖွဲ့မှ
ရောက်​ရှိလာပြီး ဓာတ်​ပုံပြပါတယ်
အဲဒီ့ပုံကိုမြင်​​တော့မှ ဘယ်​သူဆို
တာကျွန်​​တော်​တို့သိတယ်​ ဘယ်​မှာ
နေတာလဲဆိုတညသိတယ်​ ချက်​ချင်း
သွားဖမ်းပါတယ်​ ဘီးလင်းမြို့နယ်
ဗိုလ်​​တေဇ မှာပါ တစ်​ညလုံးအိပ်​​ရေးပျက်​ လူပင်​ပန်းပြီး ​နောက်​ဆုံးပွဲပြီးသွား​တော့
ကျွန်​​တော်​တို့ လဲ​ဘေး​ရောက်​သွားတယ်
 အမှန်​ကိုသိ​စေချင်​သူတစ်​ဦး
 ဖုန်း-425362311
 
 >>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

1 comment:

  1. ဗုံးဖေါက်ခွဲမှု သတင်းနဲ့ ပါတ်သက်ပြီး တကယ် ဖေါ်ထုတ်ခဲ့တဲ့ အကြောင်းအရာကို
    ကျွန်တေယ်တင်ထားပါတယ်။
    www.facebook.com/sanay.minthar ပါ။

    ရန်ကုန်တွင် ဗုံးပေါက်ကွဲမှုတွင် သံသယရှိသူအား ဘီးလင်းတွင်ဖမ်းဆီးရမိ
    -------------------------------------------------------------------------------
    (၁၄.၁၀.၂၀၁၃)နေ့ည သန်းခေါင်ယံ အချိန်တွင် ကုန်သည်ကြီးများ ဟိုတယ် ပေါက်ကွဲမှုတွင် သံသယရှိသူ စောမြင့်လွင်၊(၂၆)နှစ်၊(ဘ)ဦးကိုညွန့် ၊နိုင်ငံသား စီစစ်ရေး ကဒ်ပြား အမှတ်-၃/ဖမန(နိုင်)၀၂၂၅၇၆ သူမွဲထကျေးရွာ၊ ဖာပွန်မြို့နယ် နေသူအား (၁၅.၁၀.၂၀၁၃)နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ ဘီးလင်း မြို့နယ်၊ ဘီးလင်း - နတ်ကြီး ကားလမ်းပေါ်၌ ဆိုင်ကယ်စီးလာစဉ် ဘီးလင်းမြို့တွင်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိပါတယ်။
    အခင်းဖြစ်စဉ်မှာ ရရှိတဲ့ တရားခံရဲ့ အချက်အလက်တွေရရှိရှိခြင်း သထုံခရိုင်ရဲတပ်ဖွဲ့မှူး ကသထုံခရိုင် (၄) မြို့နယ်လုံးကို ပေးပို့ပြီး၊ အဓိကနေရာတွေမှာ ပိတ်ဆို့ရှာဖွေခဲ့ပါတယ်။ အဓိကသွားလာမှု လမ်းကြောင်းဖြစ်တဲ့ ဘီးလင်းမြို့နယ် နဲ့ တည်းခိုနိုင်မယ့် အိမ်တွေကိုရှာဖွေတဲ့အခါမှာ တရားခံပုံပန်းသဏ္ဍာန် မသင်္ကာဖွယ်ရာလူတစ်ဦး နတ်ကြီးလမ်းပေါ်မှာ တွေ့ရှိကြောင်းသတင်းရရှိတဲ့ အတွက် ဘီးလင်းမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်နဲ့ အဖွဲ့က လိုက်လံဖမ်းဆီးနိုင်ခဲ့ကြောင်းကို သထုံခရိုင် ရဲတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။
    အဆိုပါ ဗုံးဖောက်ခွဲမှု သံသယဖြစ်ခံရသူအား အလုံမြို့ နယ် western park II စားသောက်ဆိုင်မှာ ဗုံးတွေ့  မှု ဖြစ်စဉ်ကတည်းက စတင်ခြေရာခံ မိခဲ့ပြီး၊၄င်းစီးနင်းလာတဲ့ Taxi ပေါ် မှတ်ပုံတင် ကျန်ခဲ့ရာမှ သူ့ရဲ့ နေရပ်လိပ်စာကို အတည်ပြုနိုင်ခဲ့ပြီး။ ကုန်သည်ကြီးများ ဟိုတယ် CCTV မှတ်တမ်းအရ လူပုံကိုပါ ဖမ်းနိုင်ခဲ့ပါတယ်။
    ဖမ်းဆီးရမိတဲ့ တရားခံကိုတော့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က အထူးဖမ်းဆီးရေး ရဲမှူးတစ်ဦး အား သထုံခရိုင်ရဲတပ်ဖွဲ့နှင့် ဘီးလင်းရဲစခန်း တာဝန်ရှိသူများက ဒီနေ့ မနက်မှာဘဲ လွဲပြောင်း ပေးအပ် လိုက်ပြီလို့သိရပါတယ်။

    မင်းနန္ဒကျော်
    တော်ဝင်မီဒီယာ

    ReplyDelete