Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 5 October 2013

ကွမ်းခြံကုန်းမြို့မရဲစခန်းမှရဲအုပ်အားအရေးယူပေးပါရန်...။ ဧရာဝတီတိုင်းဒေသကြီး အဂ်ပူမြို့နယ်မှအပိုငွေယူသော ၁၅၀၀ဆင်းကတ်>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ကွမ်းခြံကုန်းမြို့မရဲစခန်းမှရဲအုပ်အားအရေးယူပေးပါရန်

။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကွမ်းခြံကုန်းမြို့မရဲစခန်းမှ ရဲအုပ်မျိုးမြင့်သည် တပ်ဖွဲ့ဝင်းများအား အနိုင်အထက်ပြုကျင့်ခြင်း လောင်းကစား ဒိုင်များထံမှ လိုင်းကြေးငွေများအားတပ်ဖွဲ့ဝင်တစ်ဦးအား တောင်းယူခြင်း၊ လောင်းကစားဒိုင်များဖြင့် အရက်သေစာအတူတူသောက်စားခြင်း ၊မူးယစ်ရမ်းကားလာပါက တပ်ဖွဲ့ဝင်များအား ပါးရိုက်ခြင်း ၊မအေးနှမထိခိုက်ပြီးဆဲဆိုခြင်း၊ (ပ)၁၆၁/၂၀၁၃မှ တရားခံ စည်သူအောင်၁၅.၈.၁၃ရက်နေ့တွင် အချုပ်မှ တပ်သားဝင်းထွဠ်ဦးအားထုတ်ယူခိုင်းစေပြီး ၄င်း၏အိမ်တွင်ခေါ်ယူခြင်းများပြုလုပ် လျှက်ရှိပါ သည်။ကွမ်းခြံကုန်းမြို့တွင်ရှိသော တည်းခိုးခန်း(ရွှေမြို့တော်)တွင် ပြည့်တန်ဆာမ များနှင့်ပျော်ပါးခြင်းများ ပြုလုပ်ကာ မိမိစိတ်ကြိုက်ထင်တိုင်းကြဲနေပါသည်။ တပ်ဖွဲ့ဝင်များလည်း ထိုစခန်းမှူးကြောင့် စိတ်ညစ်လျှက်ရှိ ပါသည်။ ထိုစခန်းမှူးသည် လောင်းကစားမှုများ ဖမ်းဆီးရာတွင် ခင်ပွန်းဖြစ်သူနှင့်ဇနီးဖြစ်သူပါဖမ်းဆီးပြီး တရာခံဘက်မှ လာဘ်ငွေထိုးသောအခါ လက်ရေးမူများယူထားသောဇနီးအား ပြန်လည်လွှတ်ပေးပါသည် ။လိုင်းကြေးငွေများကိုတောင်းခိုင်းရာတွင် ရဲတပ်သားဟိန်းမင်းလတ်ဟုသိရပါသည်။ ထို့ကြောင့် လာဘ်ပေးလာဘ်ယူမှုများ  ပျောက်ပျက်မှုမရှိဘဲ လောင်းကစားမှုများဖြစ်ပွါးလျှက်ရှိပါသည်။
 
ရွှေခြံသား လမင်း
ကွမ်းခြံကုန်းမြို့
 
>>>>>>>>>>>>>>>>>>>>>
 
ဧရာဝတီတိုင်းဒေသကြီး အဂ်ပူမြို့နယ်မှအပိုငွေယူသော ၁၅၀၀ဆင်းကတ်
 
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
 
 ဧရာဝတီတိုင်းဒေသကြီး အဂ်ပူမြို့နယ် မဲဇလီကုန်းဒေသ မီးလောင်ကုန်းအုပ်စု မကျီချောင်းကျေးရွာတွင် မီးလောင်ကုန်းအုပ်ချုပ်ရေးမှုးမှ(၁၅၀၀)တန်GSMဆင်းကတ်များကို ကျေးရွာတောင်သူလယ်သမားများကို
မဲနိုက်ရောင်းချရာတွင်မဲပေါက်သူများအား အပိုငွေ(၃၀၀၀)ကျပ်နှင့်စုစုပေါင်း(၄၅၀၀)ကျပ်
ဖြင့်ရောင်းချနေပါသည်။နီးစပ်ရာမဲဇလီကုန်းဒေသတွင်တော့အပိုငွေမယူပဲ(၁၅၀၀)ကျပ်ဖြင့်ရောင်းချသည်ဟုသိရပါသည်။ဒေသခြင်းအတူတူတောင်သူများအပေါ်အပိုငွေယူတာကမတရားပါဘူး။ ထို့ကြောင့် အပိုငွေယူနေသော ထိုအုပ်ချုပ်ရေးမှုးအား အရေးယူပေးပါရန်နှင့်မြို့နယ်အုပ်ချုပ်ရေးမှုးနှင့် အထက်လူကြီးမင်းများသိရှိရန်တင်ပြလိုက်ပါသည်။ 
 
        ကိုစိုးကြိုင် 
၁၄/အဂပနိုင် ၁၆၇၁၈၆
ဖုန်း ၀၉၄၂၂၅၂၇၈၄၉
 
>>>>>>>>>>>>>>>>>>>
 
 “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:

Post a Comment