Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 26 October 2013

သာစည်မြို့  အမှတ်၁ မင်းရန်နိုင်တိုးချဲ့ရပ်ကွက်စက်မှုယက္ကန်းများမီးမသမာမှုများကိုအရေးယူပေးပါရန် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မကြာခင်ကအင်တာနက်တွင်အမှတ်
(၁)သီရိမင်္ဂလာရပ်ကွက်စက်ယက္ကန်းများ
ကိစ္စကိုဦးမြင့်လွင်ဆိုသူမှတိုင်ကြားချက်များ
သည်အမှန်ပင်ဖြစ်ပါသည်။ယခုလည်း
ကျနော်နေထိုင်သောမင်းရန်တိုးချဲ့ရပ်ကွက်
အတွင်းရှိစက်ယက္ကန်းများသည်မသမာမှု
မျိုးစုံပြုလုပ်နေသော်လည်းလျှပ်စစ်မှ
တာဝန်ရှိလူကြီးမင်းများကလစ်လျူရှူနေ
တာကိုတွေ့ ရှိနေပါသည်။ညနေပိုင်းရောက်
သည်နှင့်ဝါးများကိုညှပ်လုပ်ပြီးမီးလိုင်း
ပြောင်းချိတ်ပြီးသုံးနေကြသည့်အတွက်
ကျနော်တို့ သာမန်ပြည်သူတွေမှာလျှပ်စစ်
ဓါတ်အားပြည့်ဝစွာမသုံးစွဲရဘဲမီးမှိန်မှိန်သာ
သုံးစွဲနေရပါသည်။ယက္ကန်းလုပ်ငန်းများ၏
အသံကြောင့်အိမ်အနီးအနားတွင်မီးလောင်
နေတာလဲမသိရ ကိုယ့်အိမ်သူခိုးဝင်ခိုးနေ
တာလဲမသိရ ယက္ကန်းအလုပ်သမားများ၏
တစ်ညလုံးသီချင်းတွေအော်ဆို ဂစ်တာတွေ
တီး သီချင်းခွေတွေဆောင်းဘောက်တပ်
အကျယ်ကြီးဖွင့်နဲ့ စိတ်အလွန်ပင်ဆင်းရဲ
နေရပါတယ်။ရပ်ကွက်အုပ်ရေးမှုးဦးဝင်းကို
တိုင်ကြားပေမဲ့ယက္ကန်းသံဘဲကျယ်မှာပေါ့တဲ့
ဗျာ။ပြည်သူတွေကရွေးချယ်ပေးထားတဲ
ရပ်ကွက်အုပ်ချုပ်ရေးမှူးကြီးကလည်း
ပြည်ဘက်မှာမရှိဘူးဗျာ။
ပြည်သူတွေအနေနဲ့ လျှပ်စစ်မီးပြည့်ဝစွါ
သုံးချင်ပါတယ် စိတ်အေးနားအေးနေချင်ပါ
တယ် ။ဒါ့ကြောင့်လျှပ်စစ်မီးကိုနည်းမျိုးစုံနဲ့ 
ခိုးယူသုံးစွဲနေတဲ့ယက္ကန်းလုပ်ငန်းများကို
စက်မှုဇုံလိုပုံစံမျိုးမြို့ ပြင်ကိုပြောင်းရွှေ့ ပေး
ပါရန်နှင့်မသမာမှုဆောင်ရွက်နေသော
သူများကိုအရေးယူပေးပါရန်နှင့်လစ်လျူရှု
နေသောလျှပ်စစ်မှူးနှင့်ဝန်ထမ်းများကို
အရေးယူပေးပါရန်လျှပ်စစ်ဝန်ကြီးများနှင့်
ြိမို့ နယ်အုပ်ချုပ်ရေးမှူးတို့ အားတိုင်ကြား
အပ်ပါသည်။
 
မင်းရန်နိုင်ရပ်ကွက်ပြည်သူတစ်ဦ
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment