Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Friday 4 October 2013

ကွတ်ခိုင်မြို့ရဲ့ အမှိုက်သိမ်းစနစ်>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ကွတ်ခိုင်မြို့ဟာအမှိုက်ပုံးလဲမရှိ၊ အမှိုက်သိမ်းတာလဲမရှိ။  အမှိုက်စွန့်ပစ်ရာနေရာလည်း သတ်သတ်မှတ်မှတ်မရှိ၊ သက်ဆိုင်ရာဌာနကလည်း ဆောင်ရွက်ပေးခြင်းမရှိတဲ့။ (စိတ်ဝင်စားစရာပါ)

     သက်ဆိုင်ရာဌာနရဲ့ အခြေအနေကို စုံစမ်းလိုက်တော့ မှားတယ်လို့ မဆိုသာပါ။ သူ့ဌာနတစ်ခုတည်းသဘောနဲ့ အမှိုက်စွန့်ပစ်မဲ့နေရာကို သတ်မှတ်လို့မရပါ။ စွန့်ပစ်တဲ့အမှိုက်များကိုလည်း ကျန်းမာရေးအရ ပြည်သူအများ အနှောက်အယှက် မဖြစ်အောင် ဆောင်ရွက်လျက်ရှိပါတယ်။ ဒါပေမဲ့ သန့်ရှင်းရေးဝန်ထမ်း အင်အား တော့မရှိပါ။ နေ့စားခ တစ်ယောက် ၅၀၀၀ိ/ ရှာငှားပြီး အမှိုက်လိုက်သိမ်း ရတာပါ။  ဒေသခံတွေက ၀င်ငွေနိမ့်ကျတဲ့ ၀န်ထမ်း အလုပ်ကိုလုပ်သူရှားပါတယ်။ သန့်ရှင်းရေးလုပ်သားဆိုတော့ ရှာရတာပိုခက် တော့တာပေါ့တဲ့။ တစ်မြို့လုံးအမှိုက်သိမ်းဖို့ နေ့စဉ် ဘယ်နှဦးလောက် ရှာရမလဲ။ မြို့ပေါ် (၈) ရပ်ကွက်၊ ဧရိယာ (၇.၀၆)စတုရန်းမိုင်ပါ။ (လွယ်တဲ့အလုပ်တော့မဟုတ်ပါ)။ 
    ကွတ်ခိုင်မြို့ပေါ်မှ ရှိတဲ့အိမ်ခြေ (၃၀၀၀)ကျော်ဟာ ကိုယ့်ခြံကိုယ့်ဝန်းနဲ့ စိုက်/မွေးလုပ်ငန်းတောင် လုပ်လို့ရပါတယ်။  အမှိုက်စွန့်ပစ်ဖျက်စီးပစ်ဖို့တစ်နေရာ အခက်အခဲမရှိ ဖန်တီးလို့ရပြီး အများစုက ကိုယ့်ခြံဝန်းထဲမှာဘဲ အမှိုက်ကို ဖျက်စီးပြီး မြေသြဇာအဖြစ်တောင် ပြန်သုံးပါသေးတယ်။ (မှန်ပါတယ်)
     ဈေးလမ်းပေါ်မှာ ဈေးသည်တွေဈေးတက်ရောင်းတာလည်း ဈေးနေ့နဲ့ ၊ အခြားနေ့တွေဆို နံနက်စောပိုင်းလောက်ပါ။ ပြည်သူတွေ တစ်ဝမ်းတစ်ခါးအတွက် ရရာနေရာလေးမှာ ဈေးရောင်းတာကိုလည်း စာနာနားလည်ပေးစေလိုပါတယ်။ ယာဉ်သွားယာဉ်လာအနေနဲ့လည်း တစ်ဦးနဲ့တစ်ဦး နားလည်မှုအပြည့်နဲ့ စိတ်ရှည်စွာ သွားလာနေကြပါတယ်။ (ဒါလည်းမျက်မြင်ကိုယ်တွေ့ပါ)
    ဒါတွေကို ၀ိုင်းဝန်းဆွေးနွေးတိုင်ပင်နေကြပါတယ်။  တစ်လကို မြို့နယ်စည်ပင် ကော်မတီတို့ ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့ဟာ တစ်လကို (၂) ကြိမ်ထက်မနည်း အစည်းအဝေးထိုင်နေကြတာပါ။ (စနစ်ကောင်းတစ်ခုကို အကောင်အထည်ဖော်ချီတက်နေတဲ့ကာလမှာ ပြည်သူဘက်ကလည်း စည်းကမ်းရှိဘို့ ၊ တာဝန်သိဘို့လိုပါတယ်။  သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အစိုးရဖြစ်တည်လာဘို့ သန့်ရှင်းသော/ကောင်းမွန်သော ပြည်သူတွေလည်း လိုပါလိမ့်မယ်။ ``ပညာရေးဌာနမှာ သင်ကြား/သင်ယူမှု အထမြောက်စေဖို့  ကျောင်းသားဗဟိုပြုစနစ်နဲ့ အောင်မြင်လာပါပြီ´´  နိုင်ငံတစ်ဝှမ်းလုံး
 ပြည်သူဗဟိုပြုအုပ်ချုပ်မှု စနစ် အကောင်အထည်ဖော်ပေးထားပြီ (ရပ်/ကျေး၊ မြို့နယ်အုပ်ချုပ်မှု အထောက်အကူပြုအဖွဲ့များရှိပြီ)ဖြစ်လို့ ပြည်သူတစ်ရပ်လုံး စည်းကမ်းရှိရှိ တာဝန် သိသိနဲ့ လိုက်ပါဆောင်ရွက်ကြမယ်ဆိုရင် ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး အောင်မြင်စွာ ပေါ်ထွက်လာမှာ မလွဲဧကန်ပါ။

09-33031747 ၊ ရပ်ကွက် (၄)၊ ကွတ်ခိုင်မြို့

>>>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) 

No comments:

Post a Comment