Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday 24 October 2013

ပဲခူးတိုင်းဒေသကြီးတွင်ကျောင်းအုပ်ကြီးမှငွေကြေးများကိုအမြတ်အစွန်းရရှိရန်ကောက်ခံနေပါသဖြင့်အရေးယူဆောင်ရွက်ပေးပါရန်တင်ပြခြင်း >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ပဲခူးတိုင်းဒေသကြီး|ပဲခူးမြို
့နယ်|ဘုရားကြီးမြို့
အခြေခံပညာအထက်တန်းကျောင်းရှိကျောင်းအုပ်ဆရာမကြီးသည်ကျောင်းသားများထံမှနည်းမျိုးစုံသုံးကာငွေကြေးများကောက်ခံလျက်ရှိပါသည်။
             ၁။Student guide များကိုကျောင်း
သားတစ်ဦးလျှင်(၂)အုပ်မယူမနေရရောင်းချခဲ့ခြင်း။
          ၂။ကျောင်းသားများအားကျောင်းသား
ကဒ်တစ်ကဒ်လျှင်(၅၀၀)ကျပ်နှုန်းဖြင့်မလုပ်မနေရပြုလုပ်ခိုင်ခြင်း
         ၃။ကျောင်းသားများထံတွင်စာမေးပွဲ
ဖြေဆိုသောစာအုပ်များရှိသော်လည်းစာမေး
ပွဲဖြေဆိုသောအခါဌင်းစာအုပ်များကို အသုးံ
မပြု ပဲ မေးခွန်း+အဖြေလွှာဖိုးများထပ်မံ
ကောက်ခံခြင်း။ထိုသို့ကောက်ခံရာတွင်ကျသင့်ငွေထပ်ပိုမိုကောက်ခံခြင်း။
        ၄။အားကစားကြေးဟုဆိုကာကျောင်း
သားတစ်ဦးလျှင်(၅၀၀)ကျပ်ကောက်ခံခြင်း
များပြုလုပ်နေပါသည်။
                ထိုသို့ကောက်ခံရာတွင်အတွက်ငွေကြေးအဆင်ပြေသည့်မိဘများနှင့်ကျောင်းသားတစ်
ဦးတည်းရှိသောမိဘများတွင်မသိသာသော်
လည်းအဆင်မပြေကျောင်းသားနှစ်ဦး သုံးဦး
ရှိသောမိဘများတွင်ဝန်ထုပ်ဝန်ပိုးများစွာဖြစ်
စေသည့်အတွက်သားသမီးများကိုကျောင်းဆက်လက်ထားရန်အခက်အခဲများဖြစ်ပေါ်
နေကြောင်းကိုသက်ဆိုင်ရာလူကြီးမင်းများ
သိရှိဖြေရှင်းပေးနိုင်ရန်တင်ပြအပ်ပါသည်။

                        ဒုက္ခရောက်နေသောမိဘများ

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment