Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday 31 October 2013

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် ရေကြီးနစ်မြုပ်..။ စလင်းမြို့ အမျိုးသမီးရေးရာအဖွဲ့ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် ရေကြီးနစ်မြုပ်

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့ အရှေ့ဘက်
စစ်တောင်းမြစ် ၀ဲယာရှိ ကျေးရွာ(၇)ရွာ မှ ရေဘေးဒုက္ခသည် (၁၀၀၀)ခန့်မှာ
ရေလွတ်ရာသို့ ရှောင်တိမ်းနေရပါသည်။

နေအိမ်(၈)လုံးမှာ ရေနစ်မြုပ်၍ ပျက်ဆီးသွားခဲ့ပါသည်။ မြို့လှမြို့ပေါ်ရှိ
မြို့မိမြို့ဖများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ NLDပါတီဝင်များ၊ မီးသတ်တပ်ဖွဲ့များ
ဖွံ့ဖြိုးမှုအထောက်အကူပြုအဖွဲ
့များပူးပေါင်း၍ မြို့လှမြို့ ကျောက်တိုင်ဓမ္မာရုံတွင်
ကယ်ဆယ်ရေးနှင့်အလှူခံစခန်းဖွင့်လှစ်ပြီး
စစ်တောင်မြစ်တလျောက်စက်လှေများဖြင့် တအိမ်တက်ဆင်း
ရေဘေးဒုက္ခသည်များထံ စားသောက်ဖွယ်ပစ္စည်းများ၊ ဆေးဝါးများ၊ အ၀တ်အထည်များနှင့် အခြား
လူသုံးပစ္စည်းများအား လိုက်လံကူညီ  လှူဒါန်း ဝေငှလျက်ရှိပါသည်။

ဖုန်း-၀၉၃၁၆၁၅၇၇၁
 
>>>>>>>>>>>>>>>>>>>>>>>>>>>>>>
 
စလင်းမြို့ အမျိုးသမီးရေးရာအဖွဲ့
 
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
 
မ ကွေးတိုင်းဒေသကြီးစလင်းမြို့နယ်
တွင် အမျိုးသမီးရေးရာအဖွဲ့သည် ဆင်းကဒ်  တစ်ထောင့်ငါးရာ တန်အား ခွဲတမ်း ၆ လုံး ရရှိခဲ့ပါသည် မဲနှိုက် ရာတွင် အဖွဲ့ဝင် အားလုံးကိုနှိုက်ခွင့်မ ပေးဘဲ လူရွေးပြီးမဲနှိုက် ခိုင်းခဲ့ပါသည် အဆိုပါမဲနှိုက် ရန် အ ထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒုဦးစီးဖြေဆိုထားသူေ ဒေါ်သိင်္ဂီအေးနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင် တစ်ဦးတို့ပူးပေါင်းကာ လူရွေးပြီးနှိုက်ခိုင်းခဲ့ပါသည် ကျွန်မတို့မှာ လိုအပ်သည့် လုပ်ငန်းများအား မည်သည့် အခ ကြေးငွေမရဘဲတာဝန်သိသိနှင့် လုပ်ကိုင် ခဲ့ပါသည် ယခုလို ဖုန်းများခွဲဝေမဲနှိုက်ခွင့် မရရှိခဲ့သူများအား တန်းတူ မဲနှိုက်ခွင့်ပေးနိုင် ပါရန်  အမျိုးသမီးရေးရာအဖွဲ့၏လုပ်ငန်းများအား အစိုးရအဖွဲ့အစည်းများ၏ ချုပ်ကိုငိမှုနှင့် တရားမျှတမှုမရှိခြငိး  အဖွဲ့ဝင် များမှရှာဖွေရရှိသည့် ငွေကြေးများအား စိတ်ကြိုက် သုံးစွဲနေခြင်း အဆိုပါ ကိစ္စနှင့် ပတ်သက် ၍ အမျိုးသမီရေးရာအဖွဲ့ချုပ်မှအထက်လူကြီးများအ နေဖြင့် သိရှိနိုင် ပါရန် နှင့် အခြားသော အ ကြောငိးအရာများကို ကိုယ်တိုင် လေ့လာသင့်ပါကြောင်း တိုင်ကြားအပ် ပါသည် နယ်မြို့လေးတွင် တန်းတူအခွင့်အ ရေးပေးနိုင် ရန်တင်ပြလိုကိခြင်းဖြစ်ပါသည်
 
စလငိးသူ
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 
 

No comments:

Post a Comment