Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Wednesday 2 October 2013

စစ်​ကိုင်းတိုင်း​ဒေသကြီးေ၈ွှဘို ခရိုင်​မှအပြင်​စီးပွား​ရေးကို အဓိကထားကာမိမိတာဝန်​ရှိ​သောပညာ​ရေးကို လျှစ်​လျှူ ရှု ​နေသာပညာ​ရေးဝန်​ထမ်း...။ ပဲခူးတိုင်းအ နောက်ပိုင်း/ပေါင်းတည်မြို့  မှတ်တိုင် လမ်း အလွန်ပျက်စီးနေပါသဖြင့် အမြန်ပြုပြင်ပေးပါရန် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စစ်​ကိုင်းတိုင်း​ဒေသကြီးေ၈ွှဘို ခရိုင်​မှအပြင်​စီးပွား​ရေးကို အဓိကထားကာမိမိတာဝန်​ရှိ​သောပညာ​ရေးကို လျှစ်​လျှူ ရှု ​နေသာပညာ​ရေးဝန်​ထမ်း

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

စစ်​ကိုင်းတိုင်း​ဒေသကြီးေ၈ွှဘို ခရိုင်​ ​ရေဦးမြို့နယ်​ တူ​မောင်​​ကျေးရွာ  မူလတန်းလွန်​​ကျောင်း တွင်​တာဝန်​ကျ​သော ဆရာမ ​ဒေါ်​ဌေးသင်း သည်​ ​ကျေးရွာပိုင်​ သမဝါယမ အ​ဆောက်​အဦး တွင်​ ကုန်​စုံဆိုင်​ ဖွင့်​ကာ ​နေထိုင်​ပြီး ​ကျောင်းချိန်​သို့ ပုံမှန်​မ​ရောက်​ခြင်း ဥပ​ဒေ မယ့်​ ဖဲထုပ်​ များ ​လောင်​ဆာဆီများ  မူးရစ်​​စေတတ်​​သော အရက်​ ဘီယာများ​ရောင်းချပြီး မိမိတာဝန်​ရှိ​သော သင်​ကြား​ရေးကို ဂရုမစိုက်​ဘဲ ကုန်​စုံ ဆိုင်​ ​ရောင်​ဝယ်​​ရေးကိုသာ အဓိကထားလုပ်​ကိုင်​ပါသည်​ ​ကျေးရွာရှိ ​ကျောင်းသား ​ကျောင်းသူများမှာ  ပညာ​ရေး ​နောက်​​နှေး​နေကြပြီး ​ကျေးရွာတွင်းရှိ လူငယ်​​များမှာ ဖဲရိုက်​ခြင်း အရက်​ ဘီယာ​သောက်​စားမူးယစ်​ခြင်း များဖြင့်​ အကျင့်​စာရိတ များ ပျက်​ပြား​လျှက်​ရှိကြပါသည်​  ​ကျေးရွာအတွင်းရှိ မိဘပြည်​သူများမှာလည်း ​ကောက်​ရိုး ပုံ များ အနီးအနား တွင်​ ​လောင်​စာဆီများ​ရောင်းချ ​နေ  ​သော​ကြောင့်​ ထိတ်​လန့်​  စိုးရိမ်​ ​နေကြရပါသည်​ ။
မိမိတာဝန်​ရှိ​သော လုပ်​ငန်းကို အဓိကမထား ခြင်း လူငယ်​များအား အကျင့်​စာရိတ ပျက်​ပြား​စေခြင်း  ​ကျေးရွာ​နေ မိဘပြည်​သူများ အား  မီး​ဘေး အတွက်​ ထိတ်​လန့်​​စေရခြင်းတို့ဖြင့်​ ကြုံ​တွေ့​နေကြရပါသည်​ သို့ပါ၍  သက်​ဆိုင်​ရာလူကြီးမင်းတို့မှ အ​ရေးယူ​ဆောင်​ရွက်​​ပေးနိုင်
ပါရန်​ တာဝန်​သိ ပြည်​သူများ မှတင်​ပြအပ်​ပါသည်​။

tawthargyi49@gmail.com

>>>>>>>>>>>>>>>>>>>>>>>

ပဲခူးတိုင်းအ နောက်ပိုင်း/ပေါင်းတည်မြို့  မှတ်တိုင် လမ်း အလွန်ပျက်စီးနေပါသဖြင့် အမြန်ပြုပြင်ပေးပါရန် 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ပေါင်းတည်မြို့ မှတ် တိုင် လမ်းမှာမိုးတွင်းအချိန်တွင် သစ်ပင် များ အုပ်မိုးနေပြီး ရေဝပ်ကာ ပျက်စီးနေပါသည်။ထို့ အပြင် အခြားသောလမ်းစီမံကိန်းများအတွက် ကျောက်ထုတ်ယူနေ သော ကားများမှာ ၁၀ -၁၅စီးခန့်  နေ့ စဉ်သွား လာနေပါသဖြင့်လမ်းများပိုမိုပျက်စီးနေပါသည်။
 ၂၀၁၂/၂၀၁၃ တွင် ပြည် ခိုင် ဖြိုး /အမိုးသားလွှတ်တော်အမတ်ဦးမြဦး မှ သိန်း ၁၀၀ကျပ် ခန့် ကုန်ကျခံကာ ပြုပြင်ပေးခဲ့ကြောင်းကြားသိရ သော်လည်း  ယခု အခါတွင် ၄င်းပြုပြင်ပြီး လမ်းနေရာများ
မှာလည်း အလားတူ ပျက်စီးနေပါသဖြင့်   ဒေသခံပြည်သူများမှ လမ်း ပန်း ဆက်သွယ်ရေးလုံခြုံချောမွှေ့ စေရန် မျော်လင့်စောင့်စားနေပါကြောင်း  သက်ဆိုင် ရာ အသီးသီးသို့  ပ န်ကြားအပ်ပါသည်  "
ဒေသခံ ပြည်သူများ
ပေါင်းတည်/ မှတ်တိုင်

>>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)  
 

1 comment: