Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Friday 6 September 2013

ပခုက္ကူက တာဝန်မဲ့ယာဉ်ထိန်း...။ မိတ္ထီလာမြို့ရန်မျိုးအောင်ရပ်ကွက်မှာ 1500 ကျပ်တန် တန်ဖိုးနည်းဖုန်းမချပေး...။ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”


ပခုက္ကူက တာဝန်မဲ့ယာဉ်ထိန်း
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ယာဉ်ထိန်းရဲပခုက္ကူမှာဘာကြောင့် ချထားတာလဲ
ကျွန်တော်တို့ပခုက္ကူမှာ အ ပေါ်ကအဖြူရောင်ဝတ်ထားတဲ့  ယာဉ်ထိန်း ရဲအမည်ခံ ယာဉ်ထိန်းတပ်ဖွဲ့ရှိပါတယ် ဆရာသမားများက သူတို့ကျတဲ့လမ်းဆုံက ကင်းတဲ လက်ဖက်ရည်ဆိုင်ထိုင်ပြီး လူကြီကား များလာမှသာ လမ်းပေါ်တက်လမ်းရှင်း ကြတယ်လေ လူကြီးတွေအိမ်ပြန်ရောက် ချိန်သူတို့လည်ုးပြန်ကြတယ် သူတို့က ဘာဝန်လဲ ဆိုတာသိကြရဲ့လားမသိဘူး သူတို့ ရှေ့မှာတင် ခရီးသည်တင်ယာဉ်ကြီးတွေ ဆီဘောက်ဆာယာဉ်ကြီးတွေမြို့တွင်း မြို့မ လမ်းမှဖြတ်နေတာပဲဘာမှကိုမ ပြောကြဘူး တစ်ညမှာ မြို့မလမ်းပေါ်ကဆီဘောက်ဆာ ယာဉ်ကြီးဖြတ်တော့ တာဝန်မဲ့တဲ့ယာဉ်ထိန်းက ဘာမှ မ ပြောတော့တာဝန်သိတဲ့ညလှည့်ကင်း ရဲဘော်လေးနှစ်ဦးက ကားကိုမှီအောင်ဆိုကယ်ါနှစ်စီးနဲ့လိုက် ပြီးပြော ရှာပါတယ် ဒီမိုကရေစီနိုင်ငံမှာရဲကအဓိက ဆိုတော့ အခုလိုတာဝန်မသိတဲ့ယာဉ်ထိန်းမျိုး တွေမရှိသင့်ဘဲ တာဝန်သိတဲ့ရဲဘော်လေး နှစ်ဦးလိုရဲလေးတွေလိုအပ်ပါတယ် ကိုယ့်အောက်က ယာဉ်ထိန်းငယ်သားတွေအလုပ် မလုပ်တာ ယာဉ်ထိန်းခေါင်းဆောင်တွေသိကြရဲ့လား အလုပ်လုပ်ဖို့လည်းပြောကြပါဦး ရဲဘော်လေး နှစ်ယောက် ကိုတော့ဦးဒီနေရာကတိုင်ဂုဏ်ပြုပါတယ် ယာဉ်အလုပ်လုပ်ရင် ဒို့ပခုက္ကူ အခုလောက် ယာဉ်တိုက်မှုမဖြစ်ဘူး

>>>>>>>>>>>>>>>>>>>>>>>>>>>> 

မိတ္ထီလာမြို့ရန်မျိုးအောင်ရပ်ကွက်မှာ 1500 ကျပ်တန် တန်ဖိုးနည်းဖုန်းမချပေး
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကျွန်တော်တို့  မိတ္ထီလာမြို့ရန်မျိုးအောင်ရပ်ကွက်မှာ 1500 ကျပ်တန် တန်ဖိုးနည်းဖုန်းချပေးရာမှာမျှတမှုမရှိပါဘူးခင်ဗျာ၊ကျွန်တော်တို့မှာတစ်လရနိုး၊တစ်လရနိုးနဲ့စောင့်လာရ တာလေးလတာပြည့်သွားတယ်ရမလာပါဘူးခင်ဗျာ။မျှမျှတတမဲနှိုက်ပြီးပေးတယ်ဆိုရင်တောင် မဲမပေါက်လို့ မရတာခံနိုင်ရည်ရှိပါသေးတယ်။ခုတော့သူတို့နဲ့နီးစပ်ရာလူတွေကုန်မှ ရပ်ကွပ်သားတွေကို ချထားပေးမယ်ထင်ပါတယ်။ပိုက်ဆံ လာဘ်ထိုး မှရတာဆိုရင်လည်းပွင့်ပွင့်လင်းလင်းပြောပါ။ပေးပါမယ်။


                                                           စောင့်ရလွန်းလို့လည်ပင်းညောင်းနေသူ
                                                              အောင်အောင်
                                                         ရန်မျိုးအောင်ရပ် မိတ္ထီလာမြို့

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:

Post a Comment