Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday 5 September 2013

မန္တလေးမြောက်ပိုင်းမူးယစ်အထူးတပ်ဖွဲ့မှ ဥပဒေကို လှည့်စားနေသူများ .....။ အမှန်တရားဆိုတာဘာလဲ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

၅.၁.၂၀၁၃ မန္တလေးမြောက်ပိုင်းမူးယစ်အထူးတပ်ဖွဲ့မှ ပြင်ဦးလွင်မြို့ ရက်ကွက်ကြီး (၁၀) သစ်တောလမ်း ပန်းမြို့တော် စားသောက်ဆိုင်တွင် တိုင်းဝင်းအောင်ခေါ် ရခိုင်မှ မူးယစ်ဆေးဝါး၊စိတ်ကြွဆေးဝါးများရောင်းချမည့်သတင်းအ၇စောင့်ဆိုင်းဖမ်းမိခဲ့ပါသည်။ ဖြစ်စဉ်မှာ ၅.၁.၂၀၁၃ နေ့ ညနေ (၄) နာရီခန့်တွင် ဦးလေးတော်စပ်သူ ရခိုင်(ခ) တိုင်းဝင်းအောင် နှင့် အဖော် မင်းသက်ဝေနှစ်ဦးမှ ပဒေသာမြို့သစ် ( ၀ ) ရပ်ကွက် အိမ်နံပါတ် (၈၄) ခေတ္တရာလမ်း မိခင် အိမ်သို့အလည်လာရောက်နေသော မောင်၇ဲလင်းအောင် ကို ၎င်းတို့နှင့် ခဏလိုက်ခဲ့ရန်ခေါ်ဆောင်သွားပါသည်။လမ်းတွင် မင်းသက်ဝေမှ ပလပ်စတစ်ဗူး အမည်းရောင်အား ရဲလင်းအောင်ကို "ဒါယူထား"ဟု ပြောပြီး ပေးခဲ့ပါသည်။ ပန်းမြို့တော် ဘီယာဆိုင်သို့ ရောက်သောအခါ မူးယစ်အဖွဲ့မှ စောင့်ဆိုင်းဖမ်းဆီးခဲ့ကြပါသည်။စတင်ဖမ်းဆီးမိရာတွင် ဘီယာဆိုင်၌ တိုင်းဝင်းအောင်(ခ)ရခိုင်မှ ပစ္စည်းပိုင်ရှင်ဖြစ်ကြောင်း မူးယစ်သက်သေများ ရှေ့တွင် ၀န်ခံထားပြီးဖြစ်ပါသည်။တိုင်းဝင်းအောင်မှာလည်း အားလုံး တာဝန်ယူမည်ဖြစ်ကြောင်း၊ရှေ့နေငှားမည်ဖြစ်ကြောင်း ရဲလင်းအောင်၏ မိခင်အား ပြောဆိုခဲ့ပါသည်။ ၁၁.၇.၂၀၁၃ ရုံးချိန်းနေ့တွင် ၇ပ်ကွက်သက်သေမှ မမှန်ကန်သောစကားများ ထွက်ဆိုခဲ့ပါသည်။ထို့ကြောင့် ရဲလင်းအောင်၏မိခင်မှ ရှေ့နေတစ်ဦး ခွဲထွက်၍ ငှားခဲ့ပါသည်။ ၅.၈.၂၀၁၃ နေ့တွင် ညနေ (၄)နာ၇ီတွင် ဆေးရုံမှ ဆရာဝန် ( ဆီး ) စာ လာဖတ်၇ာ ရဲလင်းအောင်မှာ ဆီး ကျ၇ှုံးပြီး၊ အမှန်တကယ် ရောင်းဝယ်ဖြန့်ဖြူးသူနှင့် ပစ္စည်းပိုင်ရှင် နှစ်ဦးဖြစ်သူ တိုင်းဝင်းအောင်နှင့် မင်းသက်ဝေ တို့မှာ (ဆီး) အောင်ခဲ့ပါသည်။ယခုအခါ ပြစ်မှုအားလုံးအား တ၇ားခံ တိုင်းဝင်းအောင် (ခ) ရခိုင်နှင့် မင်းသက်ဝေ နှစ်ဦးလုံးမှာ ဓါးစာခံ ရဲလင်းအောင် အပေါ်သို့ စုပုံချရန် ကြိုးစားနေပါသည်။္ဌယခုအမှုအား မှန်မှန်ကန်ကန်ဆုံးဖြတ်ပေးရန်နှင့် အဂတိ လိုက်စားမှု မရှိပဲ တရားမျှတစွာ ဆုံးဖြတ်ပေး၇န်နှင့် အမှုမှန် ပေါ်ပေါက်ရန် မိခင်ဖြစ်သူမှ တောင်းဆိုတင်ပြအပ်ပါသည်။
 - ဒေါ်အေးအေးမြင့် (Ph/ 09 400306184 )

 >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမှန်တရားဆိုတာဘာလဲ

။။။။။။။။။။။။။။။။။။။။။။။။

>(တရားလို)ဦးအေးဟုန်သေဆုံးသူေ
ကာင်းဆက်ပိုင်၏အဖေ
>(တရားခံ)ဒုတကသဲမောင်မောင်ပြည်အမှတ် ၂ ရဲစခန်း
>တို့၏အမှုတွင်အမှန်တရားကွယ်ပျောက်ပြီးမမှန်မကန်ဆုံးဖြတ်ချက်ချနေသောတရားသူကြီးဒေါ်လဲ့လဲ့ဝင်း(တ/၂၀၄၂)ရွှေတောင်တရားရုံး
>ဖြစ်စဉ်ကတော့ဓါးထိုးမှုတရားခံတယောက်အားအထက်အမိန့်အရလိုက်လံဖမ်းဆီးစဉ်တရားခံများထွက်ပြေးသွားခဲ့ပြီးဆိုင်ကယ်မှောက်ကာဓါးထိုးမှုတရားခံကောင်းဆက်ပိုင်သေဆုံးသွားခဲ့ပါသည်
>ဒီကိစ္စကိုတရားလိုဦးအေးဟုန်မှရဲကနောက်မှလှမ်းဆွဲ၍ဆိုင်ကယ်မှောက်ခြင်းဖြစ်ကြောင်းသေဆုံးမှုသည်ရဲတွင်သာတာဝန်ရှိပါကြောင်းတရားရုံးတွင်လျှောက်ထားခဲ့ပါတယ်လမ်းကျဉ်းကျဉ်းတွင်ဆိုင်ကယ်နောက်မှနေပြီးရှေ့ကလူတယောက်ကိုလှမ်းဆွဲဖို့ဆိုတာမြင်းစီးသမားတယောက်အနေဖြင့်သာဖြစ်နိုင်ပါလိမ့်မည်ဆိုင်ကယ်မောင်းနေသောသူအနေဖြင့်မဖြစ်နိုင်မှန်းဦးနှောက်ပုံမှန်အလုပ်လုပ်သောသူများသိနိုင်ပါလိမ့်မည်။ကောင်းဆက်ပိုင်သေဆုံးခြင်းမှာမိမိဘာသာဆိုင်ကယ်မှောက်၍သေဆုံးခြင်းဖြစ်ကြောင်းအဓိကမျက်မြင်သက်သေများလည်း၅ယောက်ထက်မနည်းရှိပါလျှက်တရားသူကြီးဒေါ်လဲ့လဲ့ဝင်းကဒုတကသဲမောင်မောင်တွင်သာတာဝန်ရှိကြောင်းကောက်ချက်ချပါသည်။
>ဘယ်အရာကိုအပြစ်လို့ခေါ်ပါသလဲ။တရားခံတယောက်ကိုရဲတယောက်ကလိုက်ဖမ်းတာအပြစ်လား။လိုက်လံဖမ်းဆီးစဉ်ထွက်ပြေးရမှာကတရားခံတွေရဲ့အလုပ်ပါပဲအဲဒီလိုထွကိပြေးစဉ်အကြောင်းအမျိုးကြောင့်သေဆုံးခဲ့ပါကလိုက်လံဖမ်းဆီးတဲ့ရဲမှာတာဝန်ရှိပါသလား။တရားဥပဒေ၏အမှတ်တဆိပ်ချိန်ခွင်လျှာမည်သည့်အတွက်ကြောင့်တဘက်လိုက်နေပါသလဲ။ဆင်ကောင်ကြီးမြင်နေပါလျှက်ဆင်ခြေရာလိုက်ရှာနေဖို့မလိုတော့ပါ။အမှန်တရားရှိနေပါလျှက်တရားသောစီရင်ခြင်းကိုသာလိုလားမြတ်နိုးပါကြောင်း.......
>ပြည်သား
 
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)


No comments:

Post a Comment