Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Tuesday 3 September 2013

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ဇီးတောကျေးရွာ တံတားကြီးပြုပြင်ရန် နိုင်ငံတဝန်းမှ စေတနာရှင် ကုသိုလ်ရှင်များ ပါဝင်ကုသိုလ်ယူပေးကြပါရန်







ယခုဖော်ပြထားသည့် တံတားသည့်တံတားနှင့် ကျောင်းသည် မကွေးတိုင်းဒေသကြီး,ပွင့်ဖြူမြို့နယ် ,ဇီးတောကျေးရွာအုပ်စု,ဇီးတောကျေးရွာမှဖြစ်ပသည်။ဤတံတားသည် ဇီးတောကျေးရွာ၏မြောက်ဖက် တမိုင်ခန့အကွာတွင် ဇီးတောကျေးရွာ ရွာသစ်အပါအဝင် တံတိုင်းရှည်တောကျောင်းနှင့်ဇီးတောကျေးရွာ ရွာမအား ဆက်သွယ်ထားသည့် " ဝရာ "ခေါ် ရိုးချောင်းပေါ်တွင်တည်ဆောက်ထားပါသည်။်
ဤတံတားသည် ကျေးရွာရွာသစ်မှ လုပ်သားပြည်သူများနှင့် တံတိုင်းရှည်တောကျောင်းမှ သံဃာတော်များ သွားလာရန်အတွက်ဆောက်လုပ်ထားခြင်းဖြစ်ပါသည်။သံဃာတော်မျးအနဖြေင့် ဤတံတားကို အားပြုကာ ဆွမ်းနှင့်ဆွမ်းဟင်း အဟာရဝေရာဝစ္စများကို ပြီးဆုံးစေပါတယ်။ဒီလိုသံဃာတော်အပါအဝင် လုပ်သားပြည်သူများ အားကိုးအားထားပြုရတဲ့ တံတားကြီးမှာ ယခုအခါ ယိုယွင်းပျက်စီးနေပါသဖြင့် ကျွန်တော်တို့ ရွာသူရွာသားများနှင့်စေတနာရှင်များ ပြုပြင်နေသည်မှား ပြီးစီးသလောက်နီးနေပမေဲ့ ကျန်ရှိနေသော အပိုင်းအတွက် ငွေးကြေးအခက်အခဲတွေ့နေရပါသည်။ဒါကြောင့် နိုင်ငံတဝန်းမှ စေတနာရှင် ကုသိုလ်ရှင်များအနဖြေင့် တတ်စွမ်းသလောက် ပါဝင်ကုသိုလ်ယူပေးကြပါရန် တိုက်တွန်းနိုးဆော် ဖိတ်ခေါ်အပ်ပါသည်။
မှတ်ချက်။ ။ တံတိုင်းရှည်တောကျောင်းကို ဝန်းရံထားသည့်တံတိုင်းများသည် ရှေးကျသောအုတ်များဖြင့် တည်ဆောက်ထားပြီး အကျယ်အဝန်းမှာ ၂ ဧကခန့်ရှိပါသည်။အုတ်များမှာ အလျား၂ ပေ အနံ ၁ ပေ ထု ၁ လက္မ ခန့်ရှိပါသည်။အုတ်များရဲ့သက်တမ်းမှာ ပုဂံခေတ်က လို့ယူဆရပါသည်။သို့ပါသောကြောင့် သမိုင်းပညာရှင် သုတေသီများလည်း လေ့လာရန်ဖိတ်ခေါ်အပ်ပါသည်။
ကျေးရွာတံတားဖြစ်မြောက်ရေးဆပ်ကော်မတီ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ဇီးတောကျေးရွာ
ph- 0933178968-ကိုသက်ဝေအောင် -096565723-ဦးအေးပို >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)
  

No comments:

Post a Comment