Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Friday 13 September 2013

ဘာသာရေးခုတုံးကိုတလွဲမသုံးကြစေလို>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ဘာသာရေးခုတုံးကိုတလွဲမသုံးကြစေလိုပါ ခုတုံးဆိုသည်မှာ လူတွေမြင်သာအောင်ပြောရရင် ယာဉ်ရထားတွေမှာအသုံးပြုတဲ့ဂျမ်းတုံးပါဘဲ။ အဲဒီ ခုတုံး/ဂျမ်းတုံးကိုကျန်တဲ့အချိန်မှာအသုံးပြုခြင်းမရှိကြ ပါဘူး။ ကားတစ်စီး တစ်ခုခုကို ၀င်တိုက်မိတော့မည့် အချိန်၊ ချောက်ထဲထိုးကျတော့မည့်အချိန်တွေမှာ သာ ထုတ်ပြီးခုခံအသုံးပြုကြတာလည်းအားလုံးသိကြပါ တယ်။ ဒီလိုဆိုရင် ခုတုံးဆိုတာ ပြသနာဖြစ်မည့်အခြေ အနေရောက်မှသာ အဲဒီပြသနာကကင်းဝေးသွားအောင် အကာအကွယ် ပေးမည့် အရာဟုမှတ်ယူကြရမှာဖြစ်တော့ ဒုက်ခရောက်ဖို့အတွက် ဖန်တီးပစည်းမဟုတ်ဘူးလို့ တစ်နည်းမှတ်ယူကြရပေမည်။ ယနေ့နေရာဒေသအနှံ့မှာ ဘာသာရေးအဓိကရုဏ်း တွေဖြစ်ပွါးနေကြပါသည်။ အနီးစပ်ဆုံးပြပါဆိုလျင် မြန်မာနိုင်ငံ၏လက်ရှိအခြေအနေကို လက်ညှိးထိုး ပြရပေမည်။ မြန်မာနိုင်ငံမှာ အဓိကဘာသာကြီး၎မျိုး ရှိကြတဲ့အနက်က ဗုဒ်ဓဘာသာနဲ့ အစလာမ်ဘာသာ ၂ခုရဲ့ အားပြိုင်မှုဟာအထွဋ်အထိတ်ကိုရောက်ရှိနေ တာအခုအချိန်အခခါပါဘဲ။သူ့ဘာသာကမြင့်မြတ် တယ်။ ငါ့ဘာသာကကြီးကျယ်ခမ်းနားတယ်၊ဟိုဘာ သာကမှားတယ်။ဒီဘာသာကမှန်တယ်။စတဲ့အတ်တ စွဲပေါင်းမြောက်များစွာနဲ့ အရောင်တွေအမျိုးမျိုးချယ်ပြီး သူထင်ရာသူဆွဲတွေး နေကြတာအားလုံးအသိဘဲဖြစ်ပါလိမ့်မည်။ ဗုဒ်ဓဘာသာဘုန်းတော်ကြီးများအနေဖြင့် ဘုရား သားတော်တပည့်များဖြစ်သည်နှင့်အညီ သာသနာ အဓွန့်ရှည်တည်တံ့ရေးအတွက် တာဝန်ရှိသည်နှင့် အညီ မြတ်ဘုရားဟောကြားခဲ့သောတရားတော်နှင့် အညီဆောင်ရွက်ကျင့်ကြံအားထုတ်ကြရမှာဖြစ်ပါ တယ်။ ကံ ကံရဲ့အကျိုးကိုယုံကြည်ရိုးမှန်ရင် အခြား ဘာသာတွေကြိုက်သလို သာသနာပြုကြပါစေ၊စည်း ရုံးကြပါစေ တုန်လှုပ်ဖို့မလိုအပ်ပါဘူး။ မသမာတဲ့နည်း နဲ့ လူတွေကိုစည်းရုံး၊မက်လုံးတွေပေးပြီးအင်အား တွေစုဆောင်းခဲ့ရင် သူတို့တွေ လူအရေအတွက် မြောက်များစွာကို ရကောင်းရသွားနိုင်ကြပါသည်။ တကယ်ဘာသာတရားကို နှစ်သက်ယုံကြည်တဲ့သူ တွေတော့အားလုံးမဖြစ်နိုင်ပါဘူး။ ငွေရေးကြေးရေးနဲ့ စားဝတ်နေရေး၊လူမှုရေးအခက်အခဲပေါင်းမြောက် များစွာတို့ကြောင့်သာ ကိုးကွယ်ဖြစ်သွားတဲ့သူတွေ များပါလိမ့်မည်။ မကွေးတိုင်းထဲက ရွာလေးတစ်ရွာမှာ ဒကာမကြီးတစ်ယောက်ရှိပါတယ်၊ အဲဒီဒကာမကြီး ချမ်းသာစဉ် လွန်ခဲ့တဲ့ နှစ်၃၀လောက်က ရွာကျောင်း ကကိုရင်လေးတစ်ပါးကို ပဇင်းခံရဟန်းဘောင်သွင်း ပေးခဲ့တယ်၊ အခုအဲဒီ ဦးဇင်းလေးက ရွာဘုန်းတော် ကြီးကျောင်းမှာ ပဓါနနာယကဆရာတော်ကြီးအဖြစ် နဲ့ဝိပသနာတရားစခန်းကြီး နှစ်စဉ်ဖွင့်ပြီးနိဗာန်ရောက် ကြောင်းတရားတွေဟောကြားနေချိန်မှာ သူ့ကိုရဟန်း ဘောင်သွတ်သွင်းပေးခဲ့တဲ့ ဗုဒ်ဓဘာသာစစ်စစ်ဒကာမ ကြီးဟာ အထက်ကဖော်ပြခဲ့တဲ့ အခက်အခဲပေါင်း မြောက်များစွာထဲကတစ်ခုခုကြောင့်ခရစ်ယာန်ဘာသာ ထဲကိုရောက်ရှိနေတာယနေ့အချိန်ထိပါဘဲ။ ဗုဒ်ဓသာသနာတော်အတွက် သယ်ပိုးထမ်းရွက်နေကြတဲ့ ဆရားတော်များမှာလည်း အခက်အခဲပေါင်းမြောက်များစွာရှိနေတာယနေ့ အားလုံးသိမြင်နေကြပါသည်။ ဗုဒ်ဓလမ်းစဉ်နှင့်အညီ အေးချမ်းစွာသာသနာပြုနေကြရာတွင် ငွေကြေး အထောက်အပံ့နဲ့ စည်းရုံးရေးဆင်း သာသနာပြုနေတဲ့ ဘာသာရေး အသင်းအဖွဲ့တွေကလည်းဝိုင်းရံနေကြ လေတော့ ကိုယ့်လူသူများနောက်ပါမသွားရေး ကိုရာနုန်းပြည့်လုပ်နိုင်ဘို့ဆိုတာ မလွယ်လှပါဘူး။ အခုဆိုရင် သူရဦးရွှေမန်းနဲ့ ဆရာတော်ဦးဝီရသူတို့ ကတောင် ပြည်ထောင်စုကြီးငြိမ်းချမ်းရေးအတွက် မည်သည့်ဘာသာနဲ့မဆိုလက်တွဲပူးပေါင်းဆောင်ရွက် သွားမည်လို့ပြောလာပြီဆိုတော့ မြန်မာပြည်နှင့် နေရာ အသီးသီးမှာရောက်နေကြတဲ့ ဗုဒ်ဓဘာဝင် ရဟန်းရှင် လူပြည်သူအများအပေါင်းကို လျောက်ထားတင်ပြ မေတာရပ်ခံလိုတာကတော့ ဘာသာရေးကိုခုတုံး တစ်ရပ်အနေနဲ့ အသုံးမပြုကြဘို့နဲ့ မဖြစ်မနေသုံးကြတော့ မည်ဆိုရင်လည်း ချောက်ကမ်းပါးအောက် ကျရောက်နိုင်တဲ့အခြေအနေ များမှ ကယ်တင်ရေးအတွက်သာ အသုံးပြုကြပါရန်နှင့် ပြသနာမီးထွန်းရှာတဲ့အခြေအနေများအတွက် ဘာသာရေးကိုခုတုံးလုပ် အသုံးမပြုကြပါရန်။ Aungthapya Aungthapya >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:

Post a Comment