Wednesday, 11 September 2013
ပဲခူးမြို့မှ စည်းကမ်းမဲ့ကုန်တင်ယာဉ်များ အရေးယူပေးစေချင်...။တွေ့လျှင်အကြောင်းကြားပေးပါရန် ...။ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
ပဲခူးမြို့မှ စည်းကမ်းမဲ့ကုန်တင်ယာဉ်များ အရေးယူပေးစေချင
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ပဲခူးမြို့ရှိ ညွန့်ရုပ်ရှင်ရုံလမ်းသည်အများပြည်သူအသုံးပြုနေသော အထင်ကရလမ်းမကြီးတစ်ခုဖြစ်သည်။သို့သော်ကုန်တင်ယာဉ်ကြီးများသည် လမ်းမဘေးတွင်ရပ်နားကာ ကုန်တင်ကုန်ချပြုလုပ်နေကြသဖြင့် လမ်းမကြီးမှာသွားလာ၍မလွယ်အောင်ဖြစ်နေပြီး ယာဉ်အန္တရာယ်စိုးရိမ်နေရပါသည်။အဆိုပါယာဉ်ကြီးများအား ဥပဒေအရတားမြစ်ထားသော်လည်း ယာဉ်မောင်းများသည် ယဉ်ထိန်းရဲများနှင့်ညှိနှိုင်း၍ငွေပေးကာ ပြောင်ပြောင်တင်းတင်းပင်ရပ်နားနေကြပါသည်။အဆိုပါယဉ်များမှချပေးသောကုန်များကိုလာတင်သောသုံးဘီးဆိုင်ကယ်များ၊လက်တွန်းလှည်းဂါလီများဖြင့် လမ်းမကြီးမှာ အများပြည်သူသွားလာ၍မရနိုင်အောင်ဖြစ်နေပါသည်။လမ်းမကြီးမှာလည်းယာဉ်ကြီးများကြောင့်မကြာခဏပျက်စီးကာ သက်ဆိုင်ရာမှတစ်နှစ်တစ်ခါပြုပြင်ဖာထေးနေရသဖြင့် နိုင်ငံ့ဘဏ္ဏာများဆုံးရှုံးနေရပါသည်။ယင်းယာဉ်များသည် အိမ်များရှေ့နှင့်ညွန့်ရုပ်ရှင်ရုံ၊မြို့နယ်လျှပ်စစ်ရုံးရှေ့ပါမရှောင်ရပ်နားသည့်အပြင် အိမ်များမှမိမိအိမ်ရှေ့တွင်ရပ်နားထားသောစက်ဘီး၊ဆိုင်ကယ်အစရှိသောယာဉ်များအား ကားနှင့်မကြာခဏချိတ်မိခြင်း၊နေအိမ်များသို့သွယ်တန်းထားသောဓာတ်ကြိုးများနှင့်မလွတ်၍ ကြိုးများပြတ်တောက်ခြင်းများကြောင့် အိမ်ရှင်များမှပြောဆိုသော်လည်းကားသမားများမှမခြေမငံပြောဆိုကာဂရုမစိုက်၍တာဝန်ယူဖြေရှင်းခြင်းမပြုကြပါ။ယဉ်ထိန်းရဲများမှလည်းအဆိုပါကားများထံမှပိုက်ဆံသာတောင်းပြီး မသိချင်ယောင်ဆောင်နေသဖြင့် အများပြည်သူစိတ်အနှောင့်အယှက်ဖြစ်နေရပါသည်။သို့ပါ၍ တာဝန်ရှိသူများအနေဖြင့် လိုအပ်သလိုစီစစ်အရေးယူပေးပါရန် မှတ်တမ်းဓာတ်ပုံများနှင့်တကွ တင်ပြအပ်ပါသည်။ ။
ကိုယ်တိုင်ဝန်ခံချက်
အထက်ဖော်ပြပါသတင်းဆောင်းပါးအား အခြားမည်သည့်သတင်းဌာနသို့မျှပေးပို့ခဲ့ခြင်းမရှိပါကြောင်း တာဝန်ခံပါသည်။
မှ/စာမူပေးပို့သူ။ ။ ဦးကျော်ကောင်း၊၇/ပခန(နိုင်) ၂၃၃၀၉၃
>>>>>>>>>>>>>>>>>>>>>>>>>>>
>>>>>>>>>>>>>>>>>>>>>>>>..
တွေ့လျှင်အကြောင်းကြားပေးပါရန်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကျွန်တော့်သားတပည့်ဖြစ်သူမောင်ထွန်းကျော်သည် အိမ်မှ(7-9-13)ရက်နေ့တွင်ရုတ်တရက်ပျောက်ဆုးံသွားပါသည်တွေ့ရှိလျှင်ကျွန်တော်ထံသို့အကြောင်းကြားပေးရန်နှင့်သွေးဆောင်ဖြားယောင်းထားသူကိုထိရောက်စွာအရေးယူပါမည်ဆက်သွယ်ရန်(09403708146/0940375990/0936041101/096708259နောင်ချိုမြို့)
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment