Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ
Wednesday 25 September 2013
မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးစံပြကျေးရွာတွင်မသမာသော ရာအိမ်စုမူး မဲပေးမူ့တိုင်ကြား>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
၁။      မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးစံပြကျေးရွာတွင် မသမာသော ရွေးချယ်မူ့ဖြင့် ရာစုမူးနေရာ အားရွေးချယ်ခဲ့မူ့အပေါ်ရွာသားများအနေဖြင့် အတည်မပြုကြောင်းနှင့် ထိုလုပ်ရပ်အပေါ် တိုင်ကြားထားကြောင်း  သတင်းရရှိပါသည်။
၂။     သမိုင်းဝင်အောင်စည်းခုံ ဘုရားဓမ္မာရုံတွင် ၂၄ ၉ ၂၀၁၃ရက်ယနေ့ ကျင်းပသော၊  ဆယ်စုမှုးနှင့် ၊   ရာစုမူုးရွေးချယ်ရာတွင်ကျေးရွာတွင်း  အနည်းဆုံး    ၈ နှစ်ခန့်နေလာသော ယာယီသန်းခေါင်စာရင်း  နှင့် အိမ်ထောင်စုများမဲမပေး ရသည့်အပြင်ဉီးဝဲကျော် မှာ သန်းခေါင်စာရင်းရှိသော်လည်း   ၊ခရီးလွန်နေ၍
ဇနီးဒေါ်သန်းသန်းဌေး မှာ မဲပေးရန်သွားရောက်ခဲ့သော်လည်းအိမ်ထောင်ဉီးစီး  မဟုတ်သော မိန်းမသားဖြစ်တာကြောင့် ဟုအကြောင်းပြ၍  မဲပေးခွင့်မပြုခဲ့ပါ ၊ အိမ်ထောင်စုကိုယ်စားပြုယ္ခုလို
မဲပေးရန်သွားရောက်ခဲ့သော်လည်း၊ မပေးရခြင်းမှာ နိုင်ငံသားအခွင့်အရေးများဆုံးရှုံနေရပါသည်။
၃။      မိမိတို့  ထားလိုသော ရာအိမ်စုမူုးဖြစ်လာစေရန် အတွက်ရွေးချယ်မည့်ပုံစံအား  တင်ကြိုအသိပေးထားမူ့ ၊ရာအိမ်စုမူးအားထောက်ခံမည့်  ဆယ်စုမူုးများအား အကွက်ချ၍ကြိုတင်စည်းရုံ
ထားမူ့မှာ အုပ်ချုပ်ရေးမူုးနှင့်ကော်မရှင်အားများစွာသံသယဝင်မိပါသည်။
၎။      ယင်းသို့ရွေးချယ်မူ့အား မကျေနပ်သူရွာသားအချို့မှမကျေလည်သူများကြားသိစေရန်     တယ်လီဖုန်းစပီကာဖွင့်၍ကျေးရွာအုပ်ချုပ်ရေးမူုးအား ဆက်သွယ်မေးမြန်းရာ ထိုရွေးချယ်
မူ့နှင့်ရလဒ်များမှာမိမိမှ  လုပ်ဆောင်မူ့မဟုတ်ပဲမြို့ နယ်အုပ်ချုပ်ရေးမူုး၏ လုပ်ဆောင်မူ့သာဖြစ်ပါကြောင်း တရားလက်လွတ်ငှက်တောင်ကျွတ် ဖြေကြားခဲ့ပါသည်။  ထိုသို့သောလုပ်ရပ်များမှာမိမိတို့  လုပ်တိုင်းဖြစ်သလိုနှင့် ရွာသားများအားအလေးထားစရာမလိုသော သဘောဖြင့်ပြန်လည်ဖြေကြားမူ့မှာ     အနီးရှိအားလုံးကြားသိခဲ့ပါသည်။
၅။        ထိုရွေးချယ်မူ့မှာနည်းတကျရွေးချယ်မူ့   ဟုတ်သည်မဟုတ်သည်စဉ်းစားကြည့်ပါလျှင် (က)အများပြည်သူမှကြည်ညိုလေးစားမူု့မရှိသော (ခ)ပါတီနိုင်ငံရေးကိစ္စများတွင်ရောထွေးနေသော (ဂ) ဘက်လိုက်ချစားမူ့ရှိသော  ကျေးရွာနေအိမ်ထောင်စုပြည်သူ    ၅၅    ဉီး မှ  ၁၂   ၁   ၂၀၁၃   ရက်နေ့တွင်ဖြုတ်ချထားခဲ့သော  ဉီးးစိုးနိုင်အား ထိုရာအိမ်စုမူုးနေရာအားပြန်လည်
ထားရှိမူ့မှာ   လုံးဝလုံးဝ  ရိုးသားမူ့မရှိသောရွေးချယ်မူ့သာဖြစ်ပါသည်။
၆။       အထက်ပါအချက်အလက်များကြောင့်  ထိုပုဂ္ဂိုလ်အားယခင်တိုင်ကြားထားသော အချက်အလက်များနှင့်လည်းကောင်းပူးတွဲတိုင်စာအားမြို့နယ်အုပ်ချုပ်ရေးမူုး ထံပေးပို့တိုင်ကြားသွားပြီး
ယင်းရွေးကောက်ပွဲအားရွာသားများမှအသိအမှတ်မပြုပါကြောင်းနှင့်ရွေချယ်မူ့ကော်မရှင် အဖွဲနှင့် အများပြည်သူမှ လက္ခံယုံကြည်လောက်သော   စစ်မှန်သောရွေးချယ်မူ့များပြန်လည်ပြုလုပ်ပေး
       ပေးပို့သူ့ ပီတာဝေ
                မင်္ဂလာဒုံ
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)   
No comments:
Post a Comment