Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Sunday 22 September 2013

အထကပွင့်ဖြူစတုတ္ထအကြိမ်အာစရိယပူဇော်ပွဲဖိတ်ကြားလွှာ>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

အခြေခံပညာအထက်တန်းကျောင်း-ပွင့်ဖြူတွင် တာဝန်ထမ်းဆောင်ခဲ့ကြပြီး အငြိမ်းစား ယူသွားခဲ့ကြသော အသက် ၆၀ ပြည့်ပြီးဆရာကြီး ဆရာမကြီး(၈၆)ဦးအား တပြည့်ဟောင်းကျောင်းသားကျောင်းသူဟောင်းများကပူဇော်ကန်တော့မည့် စတုတ္ထအကြိမ်အာစရိယ ပူဇော်ပွဲကို အ.ထ.က ပွင့်ဖြူစုဝေးခန်းမတွင် ၂၀၁၃ခုနှစ် နိုဝင်ဘာလ(၂၄)ရက် (တနင်္ဂနွေနေ့)နံနက်(၉း၃၀)နာရီ၌ အစဉ်အလာမပျက် ကျင်း ပမည်ဖြစ်ရာဖိတ်ကြားထားသောဆရာကြီးဆရာမကြီး များကြွရောက် ကြပါရန်နှင့် တပည့်ကျောင်းသားကျောင်းသူဟောင်းများမပျက်မကွက် တက်ရောက်ပူဇော်ကြပါရန် ကျင်းပရေးကော်မတီမှ နှိုးဆော်ဖိတ်ကြားအပ်ပါသည်။ ကော်မတီမှပြုစုဖိတ်ကြားထားသောကန်တော့ခံ ဆရာကြီး ဆရာမကြီးများစာရင်းတွင်သတ်မှတ်ချက်ပြည့်မီသော်လည်း ကျန်ရစ်ခဲ့သော ကန်တော့ခံဆရာကြီး ဆရာမကြီး များရှိပါက တပည့်ဟောင်းများ မှ  ဆက်သွယ်သတင်းပို့ပါရန်လည်းမေတ္တာရပ်ခံအပ်ပါသည်။
       အထကပွင်ဖြူစတုတ္ထအကြိမ် အာစရိယပူဇော်ပွဲဖြစ်မြောက်ရေး ကော်မတီ 
ပေးပို့သူ  ဦးဝင်းလှိုင်
ကျောင်းအုပ်ကြီး
အခြေခံပညာအလယ်တန်းကျောင်းခွဲ အင်းဒေါင်း ပွင်ဖြူမြိုနယ်  မကွေတိုင်းဒေသကြီး
၈/ပဖန(နိုင်)၀၁၀၂၂၈
PH.၀၉-၄၀၁၅၄၂၀၂၅
အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီ ကိုယ်စား

>>>>>>>>>>>>>>>>>>>>>>>>>

 “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) 

No comments:

Post a Comment