ကျွန်တော်
သိရသလောက်ကတော့ နဝတ လက်ထပ် မှ စ၍သိခဲ့ပါသည်ပဲပြောရမလိုပေါ့ ဘယ်အချိန်က
ရှိလာတယ် ဘယ်လောက်ကျအောင် ရှိနေမယ် အတိအကျမသိပါဘူး အဲဒါကတော့
အားလုံးသိတော်မူတဲ့ ကမ္ဘာပျက်တောင် အမှန်တွေ ပြောနေ ရေးနေတဲ့ ဆရာကြီးဂျက်
ဆရာကြီးဂျက် ဘယ်လောက်အမှန်တရားကို လိုလားတယ်လိုတာ စာနယ်ဇင်း အယ်ဒီတာ
သုခုမ နိုင်ငံတော် အိုဗျာ အားလုံးကို စုံနေတာပဲ သွားရင်း လာရင်း
လမ်းမှာတွေ့တာလေးတွေတောင် ပါသေး မယုံရင် ဆရာကြီးဂျက်သာ ကြည့်လိုက်ပါတော့
ဆံပင်တွေက သက်သေထူလို့ ပြောင်နေတဲ့နဖူးက အမှန်တရားအတွက် လာခဲ့ နေရာ ဒေသ
ပုဂ္ဂလ မရှိခဲဘူး အားလုံးသိတော်မူတဲ့ အတိုင်း ဆရာကြီးဂျက်က မညှာမတာ
ပြောလာခဲ့တာ လူသားများအတွက် စာနာရေ နိုင်ငံအတွက် စာနာရေး လူမျိုးအတွက်
စာနာရေး အရေးပေါင်း မျှောက်များစွာ အော်လာခဲ့တာ ကြာလာလို့ထင်ပါရဲ့
ကျွန်တော် အနေနဲ့ သံတွေများ ကုန်ခမ်းသွားရော့သလား ထင်ခဲ့မိပါတယ် ။
ထားပါတော့လေ ဆရာကြီးဂျက်လေသံနဲ့ အနို့ဂလိုသို့ဂလိုပေါ့။ နေပြည်တော် တာဝန်ကျ
ဆရာမ စိုးစိုးခိုင်က မသေးပါဘူး ဆရာမစိုးစိုခိုင် အရေးမပေါ်ခင် မန္တလေးမှာ
ဆရာတော် ဦးဝီရသူ တရားဟောတယ် တရားပွဲအနီး ဗုံးကွဲခဲ့ ဒါကိုပင် သက်ဆိုင်ရာ
လူကြီးများက လုပ်ဗုံးအသေးစားလို့ ကောက်ချက်ချပါတယ်။ သတ္တဝါ တဦးတယောက်ကို
သေစေနိုင်တဲ့ ဗုံးဆိုတာ သစ်ပင် ဝါးပင်က ပွင့်လာ သီးလာတဲ့ အရာဝတ္ထုလို့များ
ထင်လေသလား သဘွတ်အူ သားတို့ရယ်။ အလယ်တန်းပြ ဆရာမ ဒေါ်စိုးစိုးခိုင် သတင်း
နှင့် ရှေ့ဆင့် နောက်ဆင့် မကွာလှတဲ့ အချိန်မှာ မူဆယ်မြို့အနီး ဆိုင်ကယ်နဲ့
ဈေးလယ်ရောင်သူ နှစ်ဦး တိုက်ခိုက်ခံရတယ် ဒါကိုလဲ အသေးစား လက်နှက်ငယ်လို့
ဆိုပြန်ပါတယ် သဘွတ်အူရွာက ဆုံးဖြတ်တယ် နိုင်ငံပိုင် သတင်းစာမှာ တယောက်သေ
တယောက်ဆေးရုံရောက် ပြူးလို့ ပြဲလို့ ထားပါတော့လေ ဒါတွေဒါတွေကို
ဆရာကြီးဂျက် မသိလေသလား အိမ်များပျော်နေသလား ထားပါတော့ ဆရာကြီးဂျက်လေသံနဲ့
အနို့ဂလို သို့ဂလိုပေါ့။ ဆရာကြီးဂျက် သဘွတ်အူရွာမှာ ပွတ်လောရိုက်
ဆူညံနေတာကို ဆရာကြီးဂျက် သိတန်သလောက် သိလောက်ကောက်ကောင်းပါရဲ့ သိသလောက်လဲ
ပြောလောက် အော်လောက်ကောင်းပါရဲ့ ဆရာကြီးဂျက် သဘွတ်အူရွာမှာ ဖြစ်ပျက်သမျှ
ပြဿနာကို တန်းစီချရေးသော် ကုန်အံ့မထင် သိသာရုံမျှပြရပါက ရခိုင်ဘင်္ဂလီအရေး
မြစ်ဆုံအရေး လက်ပတောင်းအရေး မိတ္ထီလာအရေး လားရှိုးအရေး လယ်သမားအရေး မြေယာအရေး
အိုစုံလိုပါ ဒါတွေကိုလဲ ဆရာကြီးဂျက် ကမ္ဘာကြီးပျက်မလောက် အော်ခဲ့
လောက်ပါရဲ့။ ဆရာကြီးဂျက် စာတွေကို လူတွေက ဖက်ပြီးပြောကြတယ် သရော်စာတဲ့
သရော်တယ်ဆိုတာ လူတိုင် သိနိုင်တဲ့ စကားလုံးပါ အမှန်ကတော့ ဆရာကြီးဂျက်က
သရော်တာ ဟုတ်လောက်ပါဘူ်း ဆက်ရေပါအုံးမယ်
mgmyat noe mgmyatnoe.01@gmail.com
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)
mgmyat noe mgmyatnoe.01@gmail.com
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)
No comments:
Post a Comment