Wednesday, 11 September 2013
ကျိုက်ထိုမြို့ရှိ မီးဘေးကြိုတင်ကွယ်ရေးလုပ်ငန်းစဉ်...။ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့ရှိ
ရှေးဟောင်းအမွေအနှစ်တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော
ကျိုက်ပေါလောမှဲ့ရှင်ဘုရားကြီးအား နှစ်စဉ်လာရောက်ဖူးမျှော်လှူဒါန်းကြသော
နိုင်ငံတစ်ဝန်းမှဘုရားဖူးများ
နိုင်ငံခြားသားလေ့လာရေးအဖွဲ့များမှာ မနည်းလှပါ။
ရှေးဟောင်းအမွေအနှစ်တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သည့် အားလျော်စွာ
အကြောင်းအမျိုးမျိုးကြောင့်ပျက်စီးဆုံးရှုံးမှုများ
မဖြစ်ပွားစေရန်သာသနာ့ဝန်ထမ်းများ၊ လုံခြုံရေး ၀န်ထမ်းများ
ခန့်ထားပြီးဂေါပကအဖွဲ့မှကြီးကြပ်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါသည်။
ကျိုက်ပေါလောမှဲ့ရှင် ဘုရားကြီးနေ့စဉ် ဆီမီးပူဇော်ခြင်း၊
လျှပ်စစ်အသုံးပြှု၍မီးပူဇော်ခြင်း၊
လျှပ်စစ်ဓါတ်အားသုံးပစ္စည်းများပူးဇော်နေ ခြင်းကြောင့်
မီးဘေးလုံခြုံရေးသည်အဓိကဖြစ်လာပါသည်။
ထို့ကြောင့်ကျိုက်ပေါလောမှဲ့ရှင်ဘုရားကြီးပရ၀န် အတွင်း
မီးဘေးလုံခြုံရေးအလိုငှာ ကျိုက်ထိုမြို့နယ်မီးသတ်တပ်ဖွဲ့
မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ထွေးနှင့် အဖွဲ့(အရန်/ဒေသန္ဓ)သည်
(၈.၉.၂၀၁၃)ရက်နေ့ တနင်္ဂနွေနေ့ ၉ နာရီမှ ၁၁ နာရီအတွင်း ဂေါပကအဖွဲ့နှင့်
သာသနာ့ဝန်ထမ်းများ၊ ဘုရားဖူးများအား
မီးဘေးလုံခြုံရေးအသိပညာများမျှဝေခြင်း၊
ရှေးဦးမီးငြိမ်းသတ်ရေးပစ္စည်းဖြစ်သော မီးသတ်ဆေးဘူးအသုံးပြု၍
လက်တွေ့မီးငြိမ်းသတ်ခြင်း၊ မီးငြိမ်းသတ်ယာဉ်တစ်စီး၊ မီးသတ်ရေသယ်ယာဉ်
တစ်စီးတို့ဖြင့် လက်တွေ့သရုပ်ပြရေပတ်ပြခြင်းတို့ကို
ဆောင်ရွက်ခဲ့ပါသည်။ထို့နောက်သာသနာ့ဝန်ထမ်းများ အား
မီးငြိမ်းသတ်ရေးအဖွဲ့၊ဆက်သွယ်ရေးအဖွဲ့၊ကယ်ဆယ်ရေးအဖွဲ့၊
ပစ္စည်းသယ်ယူရွှေ့ပြောင်းလုံခြုံရေး အဖွဲ့ဟူ၍
အဖွဲ့ငါးဖွဲ့အားဖွဲ့စည်းပြီးဇာတ်တိုက်လေ့ကျင့်ခန်းများ
ဆောင်ရွက်သွားရန်ရှိကြောင်း.............
အမည် - မျိုးသီဟထွန်း
လိပ်စာ - ကျိုက်ထိုမြို့
ဖုန်းနံပါတ် - ၀၉၃၁၆၈၀၉၄၀h
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment