Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Friday 6 September 2013

အမှန်တရားဆိုတာဘာလဲ? မမှန်မကန်ဆုံးဖြတ်ချက်ချနေသော တရားသူကြီးဒေါ်လဲ့လဲ့ဝင်း(တ/၂၀၄၂)ရွှေတောင်တရားရုံး ပြည်မြို့>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

အထက်မှတာဝန်ပေးချက်အရတရားခံအား
လိုက်လံဖမ်းဆီးစဉ်တရားခံများထွက်ပြေးခဲ့ရာမှ ဆိုင်ကယ်မှောက်ကာသေဆုံးခဲ့ခြင်းအပေါ်ရဲဝန်ထမ်းကြောင့် သေဆုံးတယ်ဆိုပြီးမတရားစွဲဆိုထားသောအမှုတွင် တရားလိုဦးအေးဟုန်သေဆုံးသူ၏ဖခင်တရားခံရဲဒုတကသဲမောင်မောင်ပြည်အမှတ်၂ရဲစခန်းအမှန်တရားအားဖုံကွယ်ပြီးမတရားစွပ်စွဲမှုအပေါ်တရားစီရင်ဆုံးဖြတ်မည့်တရားသူကြီးဒေါ်လဲ့လဲ့ဝင်းရွှေတောင်တရားရုံးအမှုဖြစ်စဉ်တွင်အဓိမျက်မြင်ကိုယ်တွေ့သက်သေများ၏ထွက်ဆိုချက်များကိုလည်းစစ်ဆေးထားပြီးပါလျှက်ရဲဝန်ထမ်းတွင်သာအပြစ်ရှိကြောင်းမတရားစွပ်စွဲနေပါသည်။တရားခံလိုက်ဖမ်းရမည်ကရဲတွေရဲ့အလုပ်ပါအခုလိုထွက်ပြေးပြီးသူတို့ဘာသာဆိုင်ကယ်မှောက်သေဆုံးရခြင်းမှာရဲဝန်ထမ်းနှင့်မှမသက်ဆိုင်ပါ။ထိုသို့မတရားသဖြင့်စွပ်စွဲခြင်းအပေါ်မျှတသောတရားစီရင်ရေးဖြစ်စေချင်ပါသည်အမှန်တရားကိုဖေါ်ထုတ်ပြီးအပြစ်ရှိကိုသာအပြစ်ပေးစေလိုပါသည်တရားဥပဒေကိုပြည်သူတွေယုံကြည်ဖို့အတွက်စစ်မှန်သောတရားစီရင်ရေးသာဖြစ်သင့်ပါသည်။
၀၉၄၂၃၆၈၃၄၆၅
 
>(တရားလို)ဦးအေးဟုန်သေဆုံးသူေ
ကာင်းဆက်ပိုင်၏အဖေ
>(တရားခံ)ဒုတကသဲမောင်မောင်ပြည်အမှတ် ၂ ရဲစခန်း
>တို့၏အမှုတွင်အမှန်တရားကွယ်ပျောက်ပြီးမမှန်မကန်ဆုံးဖြတ်ချက်ချနေသောတရားသူကြီးဒေါ်လဲ့လဲ့ဝင်း(တ/၂၀၄၂)ရွှေတောင်တရားရုံး
>ဖြစ်စဉ်ကတော့ဓါးထိုးမှုတရားခံတယောက်အားအထက်အမိန့်အရလိုက်လံဖမ်းဆီးစဉ်တရားခံများထွက်ပြေးသွားခဲ့ပြီးဆိုင်ကယ်မှောက်ကာဓါးထိုးမှုတရားခံကောင်းဆက်ပိုင်သေဆုံးသွားခဲ့ပါသည်
>ဒီကိစ္စကိုတရားလိုဦးအေးဟုန်မှရဲကနောက်မှလှမ်းဆွဲ၍ဆိုင်ကယ်မှောက်ခြင်းဖြစ်ကြောင်းသေဆုံးမှုသည်ရဲတွင်သာတာဝန်ရှိပါကြောင်းတရားရုံးတွင်လျှောက်ထားခဲ့ပါတယ်လမ်းကျဉ်းကျဉ်းတွင်ဆိုင်ကယ်နောက်မှနေပြီးရှေ့ကလူတယောက်ကိုလှမ်းဆွဲဖို့ဆိုတာမြင်းစီးသမားတယောက်အနေဖြင့်သာဖြစ်နိုင်ပါလိမ့်မည်ဆိုင်ကယ်မောင်းနေသောသူအနေဖြင့်မဖြစ်နိုင်မှန်းဦးနှောက်ပုံမှန်အလုပ်လုပ်သောသူများသိနိုင်ပါလိမ့်မည်။ကောင်းဆက်ပိုင်သေဆုံးခြင်းမှာမိမိဘာသာဆိုင်ကယ်မှောက်၍သေဆုံးခြင်းဖြစ်ကြောင်းအဓိကမျက်မြင်သက်သေများလည်း၅ယောက်ထက်မနည်းရှိပါလျှက်တရားသူကြီးဒေါ်လဲ့လဲ့ဝင်းကဒုတကသဲမောင်မောင်တွင်သာတာဝန်ရှိကြောင်းကောက်ချက်ချပါသည်။
>ဘယ်အရာကိုအပြစ်လို့ခေါ်ပါသလဲ။တရားခံတယောက်ကိုရဲတယောက်ကလိုက်ဖမ်းတာအပြစ်လား။လိုက်လံဖမ်းဆီးစဉ်ထွက်ပြေးရမှာကတရားခံတွေရဲ့အလုပ်ပါပဲအဲဒီလိုထွကိပြေးစဉ်အကြောင်းအမျိုးကြောင့်သေဆုံးခဲ့ပါကလိုက်လံဖမ်းဆီးတဲ့ရဲမှာတာဝန်ရှိပါသလား။တရားဥပဒေ၏အမှတ်တဆိပ်ချိန်ခွင်လျှာမည်သည့်အတွက်ကြောင့်တဘက်လိုက်နေပါသလဲ။ဆင်ကောင်ကြီးမြင်နေပါလျှက်ဆင်ခြေရာလိုက်ရှာနေဖို့မလိုတော့ပါ။အမှန်တရားရှိနေပါလျှက်တရားသောစီရင်ခြင်းကိုသာလိုလားမြတ်နိုးပါကြောင်း.......
>ပြည်သား
 
 >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)
 
 
 
 

1 comment:

  1. ပြည်သား ***ခင် ဗျားကို နောက် က ခွေးလိုက်ကိုက်လို့

    ခင် ဗျား သေသွား ရင် ခင် ဗျား အပြစ် လား? ခွေး အပြစ် လား?
    ######

    ReplyDelete