မန္တလေးတိုင်းဒေသကြီး၊ရွှေကြက်ယက်တိုက်နယ်၊ အမရပူရမြို့၊နန်းမတော
်ရပ်ကွက်တွင်နေထိုင်သော ကိုမင်းဇော်ဦး အသက် ၃၅ နှစ်သည် ၂၂ ၊ ၉ ၊ ၂၀၁၃ ညနေတွင် ရပ်ကွက်အတွင်းခြင်းခတ်ကစားပြီး
စစ်ကိုင်းမန္တလေးကမ်းနားလမ်းေ
ပ်ါရပ်ကွက်ဘေးတွင်ရှိသောခုံတမ်း
လျားပေါ်မှအမောဖြေပြီးအောက်သို
့အဆင်းခုံအောက်ရှိမြွေပွေးတစ်ေ
ကာင်၏ကိုက်ခဲခြင်းကိုခံခဲ့ရသည်။
ယင်းနောက်အချိန်မှီချက်ချင်း
အမရပူရဆေးရုံသို့ဆေးကုသမှု့ခံယူ
ရန်မြွေပွေးပါတပါတည်းပို့ဆောင်
ခဲ့ပါသည် ။မြွေပွေးကိုက်ချိန်မှာ ၇နာရီ၅ မီနစ်ြ
ဖစ်ပြီးဆေးရုံရောက်ရှိချိန်မှာ
၇နာရီ၂၀မိနစ်ဖြစ်ပါသည်။၎င်းည၂နာရီ
ခန့်တွင်မနိုင်ဟုဆိုကာ အမရပူရဆေး
ရုံမှမန္တလေးပြည်သူ့ဆေးရုံကြီးသိ
ု့လွှဲပြောင်းပေးခဲ့ပါသည်။သို့ေ သာ် ယင်းဆေးရုံသို့ ရောက်ပြီးနော
က် တစ်နေ့နေ့လည် ၁ နာရီတွင်အသက်ဆုံးရှုံးခဲ့ပါသည်။
ဒီအကြောင်းနှင့်ပတ်သက်၍ ကျွန်တော
်သိချင်သည်မှာယခုလိုတိုးတက်နေေ
သာခေတ်ကြီးမှာခေတ်မှီတိုးတက်သော
ဆေးဝါးများ ရှိပါလျှက်နဲ့ဘာ့ကြော
င့်မသေသင့်ပဲသေဆုံးခဲ့ရပါသနည်း။
ယခုခေတ်ကြီးမှာမြွေဆိပ်ဖြေဆေးဆိ
ုသည် မှာလည်းဆေးရုံတိုင်းတွင်အလွ
ယ်တကူအရန်သင့်ရှိနေသောဆေးတမျိုး
ဖြစ်ပါသည်။အမေမိခင်အိုကြီးနှင့်
သားသ္မီး၅ယောက်ကိုလုပ်ကျွေး၍နေေ
သာမောင်မင်းဇော်ဦးသေဆုံးရခြင်း
မှာမြွေကပဲအဆိပ်ပြင်းလို့လား၊ေ
ဆးကပဲမစွမ်းလို့ပဲလား၊ဒါမှမဟုတ်
တာဝန်ကျဒေါက်တာများရဲ့ပေါ့လျော့
မှု့ကြောင့်ပဲလားဆိုတာကိုတော့ကျွ
န်တော်မဝေဖန်လိုပါဘူး။သို့ပေမယ်
့နောက်နောင်များယခုလိုအဖြစ်မျို
းများ မကြုံတွေ့ရလေအောင်ဆေးရုံ ဆေးခန်းများအနေနဲ့ လူနာများရဲ့အသက်ကိုမလိုအပ်ပဲမဆံ
ုးရှုံးရလေအောင် ဂရုစိုက်ကုသသင့်
ပါကြောင်းဆေးရုံဝန်ထမ်းများဖြစ်
ကြသော ဒေါက်တာနှင့်အခြားသူနာပြုဝန်ထမ်
းများ အနေနဲ့လဲမည်သည့်လူနာမဆိုေ
ကျာသား၊ရင်သားမခွဲခြားပဲမိမိတို
့၏ဆွေမျိုးအရင်းခြာသဖွယ်ပြုစုကု
သပေးသင့် ပါကြောင်းတိုက်တွန်းလို
က်ပါတယ်။
နေမင်းသူ
ရွှေကြက်ယက်
အမရပူရမြို့
Ph : 09444024330
>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက
>>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို
ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊
ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန်
ရည်ရွယ်သည်)
No comments:
Post a Comment