ရွှေဘိုမြို့မရဲစခန်းတွင်မှတ်ပုံတင်ပြုလုပ်ရန် အတွက်ရဲစခန်းထောက်ခံစာသွားတောင်းရာ စခန်းမှုးကိုယ်စား တာဝန်ကျရဲက တစ်စောင်ကိုတစ်ထောင်တောင်း
။။။။။။။။။။။။။။။။။။။။။။။။။။။။
23.9.2103ရက်နေ့။နံနက်၁၀:၃၀အချိန်ခန့်တွင်ရွှေဘိုမြို့မရဲစခန်းတွင်မှတ်ပုံတင်ပြုလုပ်ရန်အတွက် ရဲစခန်းထောက်ခံစာသွားတောင်းရာစခန်းမှုးကိုယ်စား ဆိုပြီးတာဝန်ကျရဲတစ်ယောက်ကတစ်စောင်ကို တစ်ထောင် ယခု မူငွေကိုနှစ်ဆတိုးတောင်း၏။ မင်း တို့ကသာလာဘ်ပေးလာဘ်ယူဒို့ရန်သူ
လူတွေကလာပေးလာသူငါတို့လူဖြစ်နေပြီ။ အပေါ်ကလက်နဲ့ရေးတာကိုအောက်ကခြေနဲ့ဖျက်နေတယ်
အစိုးတကာ့အဆိုးထဲမှာကူညီပါရစေ နှင့်ခရာမှုတ်တဲ့ကောင်တွေအဆိုး ဆုံးဘဲဒီလို ကောင်တွေကြောင့်ပြည်သူတွေကချဉ်တာဟိုစခန်း မူး ကလည်းဘယ်သွားသေနေလဲမသိဘူးတော်သေးတယ်
သူများရှိနေရင်တစ်စောင်ကိုနှစ်ထောင်ရှယ်ဆိုပြီးရောင်းချင်ရင်ရောင်းမှာအခုတော့ လည်းထောက်ခံစာတောင်းတာရုပ်ရှင်လက်မှတ်ဝယ်တာထက်လွယ်နေပါလား
singhisking.sbo@gmail.com
>>>>>>>>>>>>>>>>>>>>>>>
ဝန်ထမ်းများ၏လစာအပေါ်ခေါင်းပုံဖြတ်နေသောလွှမ်းမိုးသူကုမ္ပဏီအပေါ်အရေးယူဆောင်ရွက်နိုင်ရန်တင်ပြခြင်း
။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကျွန်မသည်ယုဇနပလာဇာအနောက်ခြမ်းရှိ လွှမ်းမိုးသူ အိတ်အမျိုးမျိုးဖြန့်ချိရေးကုမ္ပဏီတွင် အလုပ်လုပ်ကိုင်နေပါသည်။လစာထုတ်ရက်ကို၃ရက်နေ့ဟုသတ်မှတ်ထားသော်လည်း တစ်လမှရက်မှန်မှန်မရခဲ့ပါ။ထို့ပြင်လစာထုတ်ရာတွင် ပင်စင်ကြေးဟု သတ်မှတ်၍လစာအလိုက်အနည်းဆုံး၁၀၀၀၀(တစ်သောင်းကျပ်)ခန့်ဖြတ်တောက်ပါသည်။ ထိုသို့ဖြတ်သော်လည်း ဝန်ထမိးမှအလုပ်စည်းကမ်းအတိုင်းထွက်စာတင်၍အလုပ်ထွက်သော်လည်း ထိုပင်စင်ကြေးများကိုမရရှိခဲ့ပါ။အလုပ်ရှင်များ၏မွေးနေ့များတွင် လည်းလက်ဆောင် ဝယ်ပေးလိုက်ရလို့ဟုဆိုကာ ထိုလကုန်တွင်အနည်းဆုံးတစ်ထောင်ကျပ်ခန့်ထပ်ဖြတ်ပါသည်။ပေးလိုက်ရသောလက်ဆောင်ပစ္စည်းကိုအများစုမှာမြင်ပင်မမြင်လိုက်ရပါ။ထို့ပြင်ဝန်ထမ်းများနှင့်Meetingလုပ်သည့်အခါမျိုးတွင်ဝယ်သူများနှင့်အဆင်မပြေမှုများရှိပါကထိုဝန်ထမ်းကိုဒဏ်ငွေတစ်သိန်းကျပ်အပြင်တရားစွဲဆို၍ထောင်ဒဏ်သုံးလကျစေမည်ဟုပိုင်ရှင်၏အထွေထွေမန်နေဂျာ ရာထူးခံယူထားသူမှခြိမ်းခြောက်ပြောဆိုနေပါသည်။သို့ဖြစ်ပါ၍မိတ်ဆွေတို့သတင်းဌာနမှတဆင့်သက်ဆိုင်ရာအလုပ်သမားရုံးသို့သိစေလိုပါသည်။
အမည် မေသဇင်မိုးမိုး
ဖုန်း ၀၉၄၂၂၄၈၆၃၅၂
လိပ်စာ ကျွန်းတောလမ်း စမ်းချောင်ုး
အမည် မေသဇင်မိုးမိုး
ဖုန်း ၀၉၄၂၂၄၈၆၃၅၂
လိပ်စာ ကျွန်းတောလမ်း စမ်းချောင်ုး
>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက
>>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို
ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊
ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန်
ရည်ရွယ်သည်)
No comments:
Post a Comment