Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Wednesday 18 September 2013

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်သိမ်းဆည်းခံတောင်သူများအား မြေပိုများ ပြန်ပေးရေး>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

၁။ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၇၂၈)မှ
ယာမြေများအာ အမှတ်(၅)သကြားစက်တည်ဆောက်ရန် အတွက် သိမ်းဆည်းခဲ့ပါသည်။
ယင်းစက်ရုံအား ပုဂ္ဂလိကသို့ လွှဲပြောင်းသည့်အခါ စက်ရုံဧရိယာ အမှတ်ပြင်ဆင်မှုကြောင့် မြေပိုမြေလွတ်များ ပြန်ပေါ်လာခဲ့ပါသည်။ ထိုမြေပိုများတွင် စက်ရုံအရာရှိတစ်ချို့မှ
စိုက်ပျိုးလုပ်ကိုင်နေကြောင်းနှင့် ယင်းပိုမြေများအား သိမ်းဆည်းခံထားရသော ကျွန်တော်တို့
တေင်သူများအား ပြန်လည်လုပ်ပိုင်ခွင့်ပေးရေးအတွက် ဆောင်ရွက်ပေးနိုင်ရန်မြေယာစီမံခန့်ခွဲ့မှုကော်မတီဥက္က
ဌ(အုပ်ချုပ်ရေးမှူးထံ) စာဖြင့် တင်ပြခဲ့ပါသည်။
၂။ ရပ်ကျေးအုပ်ချုပ်ရေးမှူးမှ (၈.၉.၂၀၁၃)ရက်နေ့တွင် နှစ်ဘက်ညှိနှိုင်းပေးရန် အတွက်ခေါ်ဆို
သော်လည်း စက်ရုံဘက်မှ လာရောက်မှုမရှိပါ။ ၄င်းတို့အစီအစဉ်ဖြင့်သာ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် သီးခြားတွေ့ဆုံပြီး၊ ၄င်းတို့စက်ရုံမှ ၀န်ထမ်းများအနေဖြင့် အထက်မှ ခွင့်ပြုမှသာ လာရောက်ခွင့်ရှိကြောင်း၊ မလိုက်နာပါက ဒဏ်ငွေ-၁၀၀၀၀ိပေးရကြောင်း မိမိတို့အနေဖြင့်လည်း ဘာမှ ဆုံးဖြတ်လို့မရကြောင်း ၊ မြေစာရင်းဌာနမှစစ်စေတိုင်းတာ၍ မြေပို ဖြစ်နေပါက ပြန်ပေးမည်ဖြစ်ကြောင်း ဒေါ်အေးအေးမာ(အမှတ်၅)သကြားက်မှ လာရောက်ရှင်းပြသည်ကို အုပ်ချုပ်ရေးမှူးမှ ပြောပြသိရှိရပါသည်။
၃။ ကျွန်တော်တိုမှာ ပွင့်လင်းသော ညှိနှိုင်းမှု အဖြေရှာရေးအတွက် ထပ်မံချိန်းဆိုပေးရန်နှင့် ကျေးအဆင့်မြေယာစီမံကော်မတီနှင့် စစ်ဆေးတွေ့ရှိချက်အပေါ် သုံးသပ်ပေးရန် တင်ပြသည့်အခါ အုပ်ချုပ်ရေးမှူးမှ ထပ်ချိန်းလည်းဒီအတိုင်းပဲဖြစ်မှာ မြို့နယ်ဆက်တင်ရန် သာပြောပါသည်။
၎။ ကျွန်တော်တို့မြေများအား သိမ်းဆည်းစဉ်က ညှိနှိုင်းခြင်၊ အသိပေးခြင်း၊ နစ်နာမှုအတွက် စီစဉ်ပေးခြင်း တစုံတရာ မရှိခဲ့သလို ယခုကဲ့သို့ မြေပိုများပြန်လည်ရရှိရေးအတွက်လည်းညှိနှိုင်းရန်ဆင့်ခေါ်ချက်အား ပယ်ချပြီး၊ အထက်နှင့်သာ ကိုင်ပေါက်ခံနေရသဖြင့် ကျွန်တော်တို့မှာလက်လှမ်မမှီ သဖြင့်အားကိုးပျောက်နေပြီး နစ်နာမှု ကာလသည် တာရှည်ခဲ့ပြီ ဖြစ်ပါသည်။
၅။ သို့ပါ၍ ယနေ့အချိန် ပြည်ထောင်စုလွတ်တော်နှင့် နိုင်ငံတော်အစိုးရက နိုင်ငံတော်မှ သိမ်းဆည်းထားခဲ့သော်လည်း အသုံးပြုမှုမရှိသော အသုံးပြုမှုမလိုသော မြေများအား သိမ်းဆည်းခံရသော တောင်သူလယ်သမားများအား အမြန်ဆုံးပြန်လည်ပေးအပ်ရမည်
ဟူသာ  မူဝါဒဆုံးဖြတ်ချက်အတိုင်း ကျွန်တော်တို့မြေများ ပြန်လည်လုပ်ကိုင်ခွင့်ရရေးအတွက်
အမြန်ဆုံးကွင်းဆင်းစစ်ဆေးပေးနိုင်ပါရန် အားကိုးလေးစားစွာ အသနားခံ တင်ပြအပ်ပါသည်။
တင်ပြတောင်သူများ
(၁) ဦမြသန်း
၇/ရတရ(နိုင်) ၁၁၈၀၈၉
ဒေါင်းကျကျေးရွာ
ငွေတောင်အုပ်စု

(၂) ဦးအောင်ညွန့်
စည်ပင်သာရွာ
ငွေတောင်အုပ်စု

(၃) ဦးတင်အောင်
စည်ပင်သာရွာ
ငွေတောင်အုပ်စု



>>>>>>>>>>>>>>>>>>>>>

 “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)  

No comments:

Post a Comment