Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 7 September 2013

သာဝတ္တိမောင်းတံဂိတ်တိုက်ပြီးမောင်း ပြေးလာတဲ့Mark-2 Car မြိုမဈေး၌ ဆိုင်ကယ်ကိုထပ်တိုက် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”


နေပြည်တေည်  စက်တင်ဘာ   ၅
       နေပြည်တော်-ဇမ္ဗူသီရိမြို့နယ် မြို့
မဈေးမီပွိုင့်၌စက်တင်ဘာ(၄)ရက် ည
နေ(၄း၄၀)အချိန်၌ပျဉ်းမနား-တောင်
ညိုလမ်းအတိုင်း သပြေကုန်းဘက်မှ
မောင်းနှင်လာသော ယာဉ်အမှတ်
၁ဃ/၄၈၁၄ Mark-2 အဖြူရောင် အား
မီးပွိုင့်တာဝန်ကျယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်
မှမော်တော်ယာဉ်ကိုစစ်ဆေးရန်ခရာ
မှုတ်တားမြစ်စဉ်မရပ်တန့်ဘဲဆက်
လက်မောင်းပြေးရာဆိုင်ကယ်အမှတ်
၃၃ယ/၅၇၃၄ kanbo-125 အားတိုက်
၍မောင်းပြေးသွားကြောင်းသိရသည်။
     ဖြစ်စဉ်မှာဘုန်းကြီးတစ်ပါး(စိစစ်ဆဲ)
နှင့်အမျိုးသမီးတစ်ဦး(စိစစ်ဆဲ)တို့မေါင်း
ှနှင်လာသောယာဉ်အမှတ် ၁ဃ/၄၈၁၄
Mark-2 Car သည် သာဝတ္တိမောင်း တံ
ဂိတ်ကိုတိုက်ပြီးမောင်းပြေးလာကြောင်း
ဝါယာလက်စကားပြောစက်ဖြင့်အဆင့်
ဆင့် အကြောင်းကြားလာပါသဖြင့်လယ်
ဝေးစုပေါင်းဂိတ်၌ထပ်မံရပ်တန့်ရန်
တားမြစ်စဉ် မရပ်တန့်ဘဲမောင်းနှင်
ထွက်ပြေးလာသဖြင့် မြို့မဈေးမီးပွိုင့်
တာဝန်ကျယာဉ်ထိန်းရဲမှရပ်တန့်ရန်
တားမြစ်စဉ်ဆက်လက်မောင်းပြေးရာ
Kanbo-125ဆိုင်ကယ် ၃၃ယ/၅၇၃၄စီး
နင်းလာသူဥတ္တရသီရိမြို့နယ် ဂွေးပင်ရိုး
ကျေးရွာနေဦးအောငိငွေ(ဘ)ဦးအောင်
သိန်းနှင့်နောက်တွင်စီးနင်းသူဂွေးပင်ရိုး
နေဦးမင်းသိန်း(ဘ)ဦးအောင်သန်းတို
အားဝင်တိုက်မိခြင်းဖြစ်ပါသည်။
             အရေးယူဆောင်ရွက်
             ……………………………
      အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပွားသေါ
မော်တော်ယာဉ်သည်    ပညာသိဒ္ဓိရပ်      
ကွက်(ခရေအိမ်ရာ)သီတဂူလမ်း တိုက်
(၁၂၉)အနီးကားပါကင်၌ ကားရပ်ထား
စွန့်ခွါထွက်ပြေးတိမ်းရှောင်သွားပါ၍ဇမ္ဗူ
သီရိမြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ မှ ရဲအုပ်
လှကျော်ဦးနှင့်အဖွဲ့သည် ၁ဃ/၄၈၁၄
Mark-2 Car အဖြူရောင်အား လုပ်ထုံး
လုပ်နည်းနှင့်အညီသိမ်းဆည်းပြီးယာဉ်
ပိုင်ရှင်ကိုအရေးယူနိုင်ရန်ဆက်လက်
စုံစမ်းဆောင်ရွက်နေကြောင်းသိရှိရ။
            ဆေးကုသမှုခံယူ
           …………………………
       ဆိုင်ကယ်မောင်းနှင်သူ ဦးအောင်
ငွေမှာဒဏ်ရာမရရှိဘဲနောက်တွင်စီးသူ
ဦးမင်းသိန်းမှာဦးခေါင်းနောက်စေ့
ပေါက်ပြဲ- ဝဲတံတောင်ပွန်းပဲ့ဒဏ်ရာများ
(မစိုးရိမ်ရ)ရရှိသဖြင့်ကုတင်(၁၀၀၀)
ဆေးရုံ သို့ ပို့ဆောင်၍ဆေးကုသမှုခံယူ
နေကြောင်းသတင်းရှိပါသည်။
                  အမှတ် = ၀၁၉
                                 ကျော်သူရ(နေပြည်တော်)

 >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:

Post a Comment