မဟေလည်းသုတ်ဟေလည်းသုတ် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တယောက်ကိုချစ်မိတဲ့ကျမအကြောင်းလေးပါအမျိုးသမီးအားလုံးဖတ်ကြပါ။ကျမကပြည်မြို့ကပါကျမခင်ပွန်းကရဲဒုတပ်ကြပ်အဆင့်ပါသူနဲ့ကလေးနှစ်ယောက်ရနေပါပီ။မိသားစုအပေါ်ကြင်နာတတ်တဲ့ခင်ပွန်းရဲတပ်ဖွဲ့ဝင်ကြောင့်အခုတော့စိတ်ညစိရပါပီ....ဓါးထိုးမှုတရားခံတယောက်ကိုလိုက်ဖမ်းရင်းတရားခံများကဆိုင်ကယ်အတင်းမောင်းပြေးရာကသူတို့ဘာသာဆိုင်ကယ်မှောက်ပြီးတရားခံကောင်းဆက်ပိုင်သေဆုံးခဲ့တဲ့အမှုကိုသေဆုံးသူ၏ဖခင်ဦးအေးဟုန်ကတရားလိုပြုလုပ်ပီးတရားရုံးကိုလျှောက်ထားခဲ့ပါတယ်။တရားလိုကအဖြစ်အပျက်ကိုကိုယ်တိုင်မြင်ရတာမဟုတ်ပါဘူးကျမကလည်းမမြင်ရပါဘူးအဲဒါကိုတရားလိုကသူ့ သားဆိုင်က်နောက်ကိုကျမခင်ပွန်းကဆိုင်ကယ်နဲ့မောင်းလိုက်ပီးမှီတဲ့အခါလီဗာကိုင်တဲ့ညာလက်နဲ့ဆွဲချလို့သူ့ သားဆိုင်ကယ်မှောက်ပီးသေဆုံပါတယိလို့တိုင်ထားပါတယ်။ကျမမယုံနိုင်ပါဘူးကျမကိုယ်တိုင်မမြင်ရလို့ခင်ပွန်းကိုမေးကြည့်တယ်ခင်ပွန်းကလည်းသူမလုပ်ခဲ့ပါဘူးတဲ့ဆိုင်ကယ်မှောက်ပှးငါးမိနစ်လောက်မှအခင်းဖြစ်နေရာကိုရောက်တာပါတဲ့။ကျမခင်ပွန်းပြောတဲ့အတိုင်းမယုံကြည်သေးပါဘူးထနု့အတူပဲတရားလိုဦးအေးဟုန်ကလည်းကျမလိုမျက်မြင်မဟုတ်ပဲတဆင့်စကားကြားပီးစွပ်စွဲတာမို့မယုံကြည်နိုင်ပါဘူး။တရားရုံးကအခင်းဖြစ်ပုံတိုက်ရိုက်မြင်တွေ့သူတွေရဲ့ထွက်ဆိုချက်တွေကိုရုံးတော်ကတရားဝင်မိတ္တူကူးယူပီးဖတ်ခဲ့ပါတယ်။တရားလိုဦးအေးဟုန်ရဲ့တရားလိုပြသက်သေကဆိုင်ကယ်မောင်းသူကောင်းဆက်ပိုင်နဲ့နှုတ်သီးတို့သေဆုံးဒဏ်ရာရခြင်းမှာရဲဒုတကသဲမောင်မောင်ကြောင့်မဟုတ်ကြောင်းထွက်ဆိုထားပါတယ်။တရားခံပြသက်သေများကတော့အခင်းဖြစ်နေရာနဲ့အနီးဆုံးမှာရှိနေကြသောကြောင့်ရဲဝန်ထမ်းကြောင့်သေဆုံတာမဟုတ်ကြောင်းထင်ထင်ရှားရှားမြင်တွေ့ရကြောင်းထွက်ဆိုထားပါတယ်။ဆရာဝန်ရဲ့ဆေးစာမှာလည်းနောက်ကစီးသူနှုတ်သီးကအခင်းဖြစ်ပီးချင်းဆိုင်ကယ်မှောက်ခဲ့ပါတယ်လို့ရေးထားပါတယ်ကျမခင်ပွန်းကြောင့်ဖြစ်ခဲ့တယ်ဆိုရင်သူပြောမှာပေါ့။သက်သေအားလုံးရဲ့ထွက်ဆိုချက်တွေကိုကျမဖတ်ကြည့်ပီးတဲ့အခါအခင်းဖြစ်ရပ်အားအနီးကပ်မြင်သူတွေရဲ့ထွက်ဆိုချက်တွေကိုယုံကြည်ရမှာဖြစ်ပါတယ်။အဲဒါကြောင့်ကျမခင်ပွန်းမှာအပြစ်မရှိကြောင်းယုံကြည်ပီးစိတ်ချမ်းသာခဲ့ရပါတယ်။ဒါပေမယ့်ရှင်....ရဲတပ်ဖွဲ့ဝင်ဆိုတာနဲ့မုန်းကြအယုံည်ြနဲပါးကြပီးအဲဒီရဲဟုတ်လည်းသေမဟုတ်လည်းသေကွာဆိုတဲ့လူတချို့ ရဲ့ယူဆချက်တွေကြောင့်အင်တာနက်အွန်လိုင်းရဲ့ဖိအားတွေကြောင့်ကျမခင်ပွန်းဟာအပြစ်မရှိပါပဲ"မဟေလည်းသုတ် ဟေလည်းသုတ်"ခံရတော့မဲ့အခြေအနေဖြစ်နေတယ်လို့သတင်းစကားတွေကြားနေရပါတယ်။ဒါကြောင့်မြန်မာနိုင်ငံမှအမျိုးသမီးများရှင်မည်မျှပင်မှန်ကန်သောတာဝန်ကျေပွန်သောနိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနဲ့တရားဥပဒေစိုးမိုးမှုကိုစေတနာထားလုပ်ဆောင်နေသောရဲတပ်ဖွဲ့ဝင်တဦးဦးကိုချစ်ခင်စုံမက်၍လက်ထပ်မည်ဆိုပါကစဉ်းစားကြပါအုန်း...........ရဲတပ်ဖွဲ့ဝင်လည်းလူပါပဲဒါပေမယ့်လူ့ အခွင့်ရေးဆုံးရှုံးနေရတာတွေရဲတပ်ဖွဲ့ဝင်၏ပြုလုပ်မှုဆိုလျှင်မဟေလည်းသုတ်ဟေလည်းသုတ်ခံရမည့်အခြေအနေကြောင့်အဲဒါတွေကိုရင်စီးခါးစီးခံနိုင်ပါမှရဲတပ်ဖွဲ့ဝင်တွေကိုလက်ထပ်ကြပါလို့နှိုးဆော်ပါသည်။။။။။၊ပြည်သား
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)
No comments:
Post a Comment