Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Friday, 6 September 2013

မိုးကုတ်မြို့ရှိ အခြေခံပညာရေးကျောင်းပြဿနာအား ပညာရေးဌာနသို့အိတ်ဖွင့်ပေးစာ..။ ဗီတိုအာဏာသုံးနေသောမိုးကုတ်ပညာရေး... >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”


မိုးကုတ်မြို့ရှိ အခြေခံပညာရေးကျောင်းပြဿနာအား ပညာရေးဌာနသို့အိတ်ဖွင့်ပေးစာ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မိုးကုတ်မြို့ရှိ အခြေခံပညာရေးကျောင်း တစ်ကျောင်းတွင်  ကျောင်းအုပ်ကြီးမှ အခန်းဆုံးစစ်ဆေးသော စာမေးပွဲ ကျရှုံးသော ကျောင်းသားများအား  မိဘခေါ်ယူ၍   ကျူရှင် ဇွတ်အတင်း ထားခိုင်းမှု များဖြစ်ပေါ်နေပါသည်. ထိုကျောင်းတွင် မေးခွန်း များအား  အတန်းအရွယ်နှင့် မလိုက်ေအာင်မြှင့်ထားကြပါသည်. မဖြေနိုင်၍ကျသောအခါ ကျူရှင် ခေါ်ပါသည်.   မိဘများအကြား အလွန် ပြောစရာ ဖြစ်နေပါသည်. ပညာရေး  ၀န်ထမ်း များအတွက် ဂုဏ်သိက္ခာ ကျဆင်းစရာဖြစ်နေပါသဖြင့် အရေးပေးဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါသည်.

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>.

ဗီတိုအာဏာသုံးနေသောမိုးကုတ်ပညာရေး
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မိုးကုတ်မြို့တွင် ပညာရေး ၀န်ထမ်းများအား  ဗီတိုအာဏာသုံး၍ အသက်အာမခံကြေးများ မပေးမနေရပေးသွင်းခိုင်းနေပါသည်.ပညာရေး ၀န်ထမ်းများအားလုံးက မပေးချင်ကြပါဘူး.ဒါလည်း အလိုက်မသိ အာဏာသုံး၍ ပေးသွင်းခိုင်းနေကြပါသည်ခင်ဗျား. အသက် အာမခံလုပ်ငန်းမှ ဒေါ်မြင့်မြင့်ဆွေ.ဒေါ်သိန်းသိန်ေအးဆိုသော အမျိုးသမီး နှစ်ဦး မှ စည်းရုံးရေး ဆင်းသွားပါသည်. သူတို့ကိုဆက်သွယ်ရန် Pho-09-402518650 ရုံးဖုန်း-02-39119 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်. ပညာရေး ၀န်ထမ်းများ လုံးဝလုံးဝ မစုချင်ပါဘူးခင်ဗျား.  ထပ်ပြောပါမည်. လုံးဝလုံးဝ မပေးသွင်းချင်ကြပါဘူးခင်ဗျား. ပညာရေး ၏ပြုပြင်ပြောင်းလည်း ရေး လုပ်ငန်းများတွင်  အသက်အာမခံကြေး စုခြင်း သည် ဘယ်လောက်များ အရေး ပါနေပါသလဲသိချင်ကြပါသည်. ယခုတင်ပြသော သတင်းအား ဂျာနယ်လစ်များ  အယ်ဒီတာများ  ပြည်သူ့သတင်ထောက်များ ခင်ဗျား  ရေးသားဖော်ပြပေးကြပါရန် တိုက်တွန်းအပ်ပါသည်.

>>>>>>>>>>>>>>>>>>>>>>>>>>>>> 

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:

Post a Comment