မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်ရွှေကြက်ယက်ကျေးရွာအုပ်စု၊ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်ရှိ
၊အစိုးရသစ်ဖောင်များ၊ထင်းမော်တော်များနှင့်၊ဆီသင်္ဘောများအားသူခိုးများမှအကြိမ်ကြိမ်
ခိုးယူခြင်းများပြုလုပ်နေပါသည်။၎င်းသူခိုးများသည်မြစ်ကမ်းဘေးရှိဈေးဆိုင်များ၊အိမ်ခြေများအထိပါ
ခိုးယူနေပါသည်။၎င်းသူခိုးများသည်၎င်းတို့ခိုးယူနေစဉ် ပိုင်ရှင့်များနိုးလျှင် လေးခွနှင့်ပစ်ခြင်း၊
ဓားနှင့်ထောက်ခြင်းများပြုလုပ်ကြပါသည်။၎င်းသူခိုးများသည်သူခိုးအဖြစ်မှသည်ဓားပြ အဆင့်သို့ပင် တစ်ဖြည်းဖြည်းအသွင်ပြောင်း၍နေပါပြီ။၎င်းသူခိုး ဓားပြများသည် ညတွင်ယင်းတို့ခိုးယူ၍ရသော
အစိုးရသစ်လုံးများ၊ခိုးယူ၍ရသောပစ္စည်းအချို့တို့အားရေထဲသို့ချထားခဲ့ကာနေ့ခင်းဖက်တွင် လာရောက်ငုတ်ယူနေကြပါသည်။တာဝန်ရှိသူများမှလဲမိမိတို့တက်နိုင်သလောက်နှိမ်နှင်းနေပါသည်။ သို့ပေမယ့်၎င်းခိုးသား၊ဓားပြများသည်ရပ်တန့်သွားခြင်းမရှိသေးပါ။ယခုလို ဒီမိုကရေစီခရီးလမ်းကို တက်လှမ်း၍နေသောမြန်မာနိုင်ငံကြီးရဲ့တရားဥပဒေနှင့်လက်လှမ်းမှီသောဒေသမျိုးမှာ ယခုလိုအဖြစ်မျိုးများ ရှိနေသည်ဆိုခြင်းမှာယုံနိုင်ဖွယ်ရာပင်မရှိပါ။ဒါကြောင့်တာဝန်ရှိသောသူများမှထိရောက်သည်ထက် ထိရောက်အောင်နှိမ်နှင်းပေးကြပါရန်ကျီးလန့်စာစားနေကျရသောပြည်သူများ၏ကိုယ်စား တာဝန်ရှိသော ပုဂ္ဂိုလ်ကြီးများအားတင်ပြအပ်ပါသည်။
နေမင်းသူ
ရွှေကြက်ယက်၊ အမရပူရမြို့
Ph: 09444024330
>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက
>>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို
ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊
ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန်
ရည်ရွယ်သည်)
No comments:
Post a Comment