Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Monday 23 September 2013

ဖုန်းအလွဲသုံးစားလုပ်သော စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် ဂုံညင်းဆိပ်ရွာ ကျေးရွာအုပ်ချုပ်ရေးမှုးအား အရေးယူပေးပါ>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် ဂုံညင်းဆိပ်ရွာ ကျေးရွာအုပ်ချုပ်ရေးမှုး ဦးလှမောင်သည်  
( 1-9-2013)ရက်နေ့တွင် ကျေးရွာနေပြည်သူများအတွက် မြို့နယ်မှချပေးသော ဖုန်း ၂၁ တို့တွင်   
  CDMA ၁၇ လုံး GSM ၄လုံး နှင့် ပေါင်း (၂၁ )လုံးချပေးရာတွင် (၁၈)သာမဲနှိုက် ချထားပေးပြီး
( ၃ )လုံးကိုမဲမနှိုက်ဘဲ ယူထားရာ တစ်လုံးမှာ အုပ်ချုပ်ရေးမှုးကိုယ်တိုင်ကိုင်ဆောင်ရန်အတွက် လည်းကောင်း ကျန်နှစ်လုံးကို သူ၏သမီး မမြင့်မြင့်ဦး ကိုင်ဆောင်ရန်အတွက်လည်းကောင်း
 နောက်တစ်လုံးမှာ သူ၏တူမအရင်း မနိုင်ခင်ဦး ကိုင်ဆောင်ရန်အတွက်လည်းကောင်း ယူထားပါသည် ထိုသို့မဲမနှိုက်ဘဲ သမီးနှင့်တူမအားပေးသည်ကို ကျေးရွာနေ အချို့ပြည်သူများမှာ မကြေနပ်ကြဘဲ ရှိနေကြပါသည် ထို့အတွက် အုပ်ချုပ်ရေးမှုးအား သက်ဆိုင်ရာ ဆက်သွယ်ရေး ၀န်ကြီးဌာနမှ လည်းကောင်း  (သို့မဟုတ်) တိုင်းဒေသကြီးမှလည်းကောင်း ဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြား မေတ္တာရပ်ခံအပ်ပါသည်.။

(တိုင်ကြားသူအမည်များ- ဥုးပညာဝန္တ ဖုန်း 0933220097 နှင့် ဦးထိန်ဝင်း 09256116063 )
 
>>>>>>>>>>>>>>>>>>>
 
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) 

No comments:

Post a Comment