ဖြစ်ပျက်ခဲ့သည်မှာကြာခဲ့ပြီဖြစ်၍ ရွာသားတိုင်းပင်မေ့လျော့နေကြပါ
သည်။ဖြစ်ပျက်ခဲ့သည်မှာ ဝါဆိုလပြည့် အဖိတ်နေ့တွင်ဥပသကာလှည့်ရန် ဘွန်တောဟစ်ရန်ဆောင့်နေကြသောလူငယ်လူကြီးများစွာသည် မနက်ဆွမ်းချက်ရန်နိဗ္ဗန်ဇော်လုပ်ပေးရသည်မှာကျေးရွာသူကျေးရွာသားတို့အဖို့ အဖိုးမဖြတ်နိုင်တဲ့ထုံးတမ်းအစဉ်လာများပင်ဖြစ်ပါသည်။ ထို့အတူလူငယ်တိုင်းမှာလည်းနိဗ္ဗန်ဇော်ရန် အတွက် ဂစ်တာကိုစီဖြင့်သီချင်းများဟစ်ကြွေးကာဆောင့်ဆိုင်းနေကြပါသည်။
မှတ်ချက်။ ။အခုလိုသီချင်းများသီဆိုခဲ့သည်မှာအဘိုး/အဘွားလက်ထက်ကစ၍ မယ်တလင်/ဘင်ချို/ဗြတ်ဆောင်းစသည်တို့ဖြင့်သီဆိုခဲ့ကြခြင်းဖြစ်သည်။ယခု လူငယ်များအဖို့ဂစ်တာခေတ်မို့ဂစ်တာတီနေကြခြင်းဖြစ်သည်။မည်သူမှမပြောသလိုမည်သူမှအပြစ်မမြင်ခဲ့ပါ
ယခုအုပ်ချုပ်ရေးမူးဦးမြတ်ထွေးသည်သူလက်ထက်မှစ၍ဤအရာတွေကိုပပြောက်စေရန်သဘောရှိသည် ဗုဒ္ဓဘာသာတို့၏အလေ့အထကိုပါထိခိုက်စေပါသည်။ယခုလည်းရွာထိပ်မှစ၍ ဓါတ်မီးတဝင်းဝင်းနှင့်ဂစ်တာမတီးဖို့ညထွတ်အမိန့်ထုပ်ထားတာမသိဘူးလားဆိုပြီး ပြသနာရှာပါတော့သည်။ အမိန့်ထုပ်တာကိုလည်းမည်သူမှမသိပါ ထိုအမိန့်မျိုးကိုလည်းသူ့အနေနှင့်ထုပ်ပိုင်ခွင်ရောရှိပါသလား ?
ထိုသို့ပြသနာရှာခြင်းကိုမည်သူမှမနာခံသလိုမည်သူမှလည်းအလေးမထားပါ
ရွာထိပ်မှစ၍ပြသနာရှာလာခဲ့ခြင်းမှာရွာအလည်အရောက်တွင်ကံဆိုးသူအဖွဲ့နှင့်ပတ်ပင်းတိုးပါတော့သည်။
ရွာထိပ်ကထွပ်ခဲ့သည့်ဒေါသတွေကြောင့်လားတော့မသိ ကံဆိုးသူလူငယ်လေးများကို မင်းတို့လူစကားနားမလည်ဘူးလားဆိုပြီးမျက်နှာကိုဓါတ်မီးဖြင့်ထိုးကာဆဲဆိုကြိမ်းမောင်းလေရာ ထက်ကျော်စွာ(ခ)ကုလားမဆဲဆိုရန် အေးဆေးစွာမနက်ဘုရားထမ်းရန်ဆောင့်နေကြောင်း အိပ်ပျော်မှာဆိုး၍ သီချင်ဆိုနေကြောင်းပြောရာထက်ကျော်စွာ(ခ)ကုလားအားကျေုာကုန်းကိုခြေထောက်ဖြင့်ဆောင့်ကန်ပြီးအကျီစကိုဆွဲကာမင်းကဘာကောင်လဲ ထက်ကျော်စွာခမျာအကြောက်လွန်၍ရုန်းရင်းဆန်ရင်းဖြင့်မျက်နှာကိုလက်ဖြင့်ခိုက်မိသွားသည်ကို သူ့အားထိုးပါသည်ဟုပြောဆိုပြီးဆက်လက်ထိုးပါတော့သည် ထက်ကျော်စွာလည်းမခံနိုင်၍ထွက်ပြေးပါတော့သည်။သက်သေအနေဖြင့် ထက်ကျော်စွာ၏သူငယ်ချင်းအုပ်ချုပ်ရေးမူးမြတ်ထွေး၏တူ ထော်ပိစိမှသက်သေပြုနိုင်ပါသည။အဖွဲ့တွင်ပါသောသူငယ်ချင်းများလည်းသက်သေပြုနိုင်ပါသည်။နောက်တနေ့တွင် သူ့အားရဲများဖမ်းဆီးသွာပါသပြီး ခတအာမခံဖြင့် လွတ်ထားလိုက်သေးသည်။ခရိုင်မြို့နယ်အုပ်ချုပ်ရေးမူးမှလည်း ထိုကိစ္စကိုထောင်မကြကြအောင်ချရမည် ဟုကြာကန်အုပ်ချုပ်ရေးမူးဦးမြတ်ထွေး၏ဆွေမျိုးများမှကြားသိရပါသည်။သို့ဖြစ်ပါ၍ အလားတူကိစ္စနှင့်ပတ်သတ်ပြီးရွာသူရွာသားများက ဘာမှမဟုတ်ပြသနာမဖြစ်တန်ရာ/မလုပ်တန်ရာဟူ၍နေခဲ့ကြသည်မှာ လအတော်ပင်ကြာခဲ့ပါပြီ။13.9.2013 နေ့တွင်သူအားဖမ်းဆီးသွားပြီး ရုံးတင်ခဲ့သည်အမခံတောင်မရတော့ပေ
သူအားဆွဲဆိုသည်မှာ မှော်ရိတ်ခို/မူးရစ်ရမ်းကားစသည့်အမူမျိုးစုံဖြင့်စွဲဆိုထားသည်၃၃၃ဆိုသောပုဒ်မကလည်း ပါလိုက်သေးသည်။အရွိယ်နှင့်မလိုက်အောင်ခံနေရှာသော ထက်ကျော်စွာအား တရွာလုံးကစိတ်မကောင်းဖြစ်ကြရသည်။အထက်ပါကိစ္စနှင့်ပတ်သတ်၍ နိုင်ငံတော်က ကြီးအကဲလူကြီးမင်းများအားလုံးကိုအသိပေးအပ်ပါသည်။
ဖွံ့ဖြီုးတိုးတက်မူနည်းသောကျနော်တို့ရွာလေးတွင် ငါသဘောဆောင်သောအဖြစ်မျိုးတွေမဖြစ်ရလေအောင်အသိပေးတိုင်ကြားအပ်ပါသည်။
မှတ်ချက်။ ။အထက်ပါကိစ္စနှင့်ပတ်သတ်၍အသေးစိတ်သိလိုပါကအုပ်ချုပ်ရေးမူးဦးမြတ်ထွေးသို့ တိုက်ရိုက်မေးမြန်းနိုင်ပါသည်။
Ph 098575725
ကြကန်ရွာသားမည်သူမဆိုလည်းမေးမြန်းနိုင်ပါသည်။
ပြည်သူပြည်သားအပေါင်းဘေးဒုက္ခအပေါင်းမှကင်းဝေးကြပါစေ
လေးစားစွာဖြင့်
ko903232@gmail.com
>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက
>>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို
ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊
ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန်
ရည်ရွယ်သည်)
No comments:
Post a Comment