ရခိုင်ပြည်နယ်၊မြေပုံမြို့နယ် ဆင်ကျပ်ကျေးရွာ အမက
ကျောင်းအုပ်ဒေါ်သိန်းသိန်းခိုင်သည်
ကျောင်းအုပ်ဒေါ်သိန်းသိန်းခိုင်သည်
၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် (unicef)မှ အခမဲ့ပေးအပ်ခဲ့သော စာသင်ခုံ(ဖိုင်ဘာ
စားပွဲခုံ) များအား
ကိုယ်ကျိုးအတွက် ရောင်းစာခြင်း၊ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင်
အဆိုပါကျောင်းရှိ သူငယ်တန်း
ကျောင်းသား/သူ(၇၄)ဦးအတွက် (unicef)မှ အခမဲ့ပေးအပ်သော၊ကျောပိုးအိတ်၊
ပုံနှိပ်စာအုပ်များ အတွက်
ကျောင်းသား၊ကျောင်းသူ တစ်ဦးလျှင်( ၅၀၀ိ မှ ၁၀၀၀ိ)ကျပ်ထိ
ငွေကြေးကောက်ခံခြင်း၊ သူငယ်တန်းမှ
စတုတ္ထတန်းထိ ကျောင်းသား/သူ(၁၉၂)ဦးအတွက် ၀န်ကြီးဌာနမှ ပေးအပ်သောငွေကျပ်(၁၉၂၀၀၀ိ)အား
ကျောင်းသား/သူများအား အပြည့်အ၀ပေးပဲ ကျောင်းခြံစည်းရိုးကာရန် အတွက်ဟု
ဆိုကာ (၂၀၀ိ မှ ၅၀၀ိ)
ထိ ဖြတ်တောက်ခြင်း၊ စာသင် ဘောလ် ပြုလုပ်ရန် ဌာနမှ ပေးသော အထပ်သားများကို
မိမိ၏ နေအိမ်တွင်
ခန်းစည်းအဖြစ်ကာရံခြင်း၊ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ဌာနမှ ပေးအပ်သော
အသေးသုံ ငွေ ကြေး
နှင့် စာရွက်စာတမ်းများကို(၀ါး ၅၀လုံး ၁၅၀၀၀ိဖိုးမှအပ)
ကိုယ်ကျိုးအဖြစ်သုံးစွဲကာ ကျောင်းလုပ်ငန်းများ
အတွက် လိုအပ်သော ငွေကြေးများကို ကျောင်းသား/သူများထံမှ
(၁၀၀၀ိ)စီကောက်ခံခြင်း၊ မပေးနိုင်သော
ကျောင်းသား/သူများကို ကျောင်းတတ်ခွင့်မပြုခြင်း၊ ရပ်သူရွာသားများအားလည်
ယဉ်ကျေးမှုကင်းစွာဖြင့်
ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုခြင်းစသည်ဖြင့်
ထင်ရာစိုင်းလုပ်ဆောင်နေပါသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ
စီစစ်အရေးယူပေးနိုင်ရန် တင်ပြအပ်ပါသည်။
ကျေးရွာ ပညာရေးအထောက်အကူပြု ကော်မတီ။
တဆင့်ဖုန်း-၀၉၄၉၆၆၂၁၂၆

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:
Post a Comment