Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Wednesday 11 September 2013

ဉက္ကံမြို့ အထက မှ ပဉ္စမတန်းကျောင်းသားကား​တိုက်ခံရ...။ပဲခူးမြို့​မှ စည်းကမ်းမဲ့ကုန်​တင်​ယာဉ်​များ အ​ရေးယူ​ပေး​စေချင်...။ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ဉက္ကံမြို့ အထက မှ ပဉ္စမတန်းကျောင်းသားကား​တိုက်ခံရ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ဉက္ကံမြို့အထကပဉ္စမတန်းတွင်ပညာသင်နေသော ကလေးငယ်အား မဆင်မခြင် ကားမောင်း ၍ ဝင်တိုက်မိရာ ကလေးငယ်မှာ သေဆုံးသွားခဲ့ပါသ ဖြင့် လည်းကောင်း ယဉ်မောင်းအား ထိရောက်စွာ အလေးပေး အရေးယူနိုင် ပါရန်တင်ပြလိုက်ပါသည် ဉက္ကံမြို့ မှ >>>>>>>>>>>>>>>>>>>>>>>>>>> >>>>>>>>>>>>>>>>>>>>>>>>.. ပဲခူးမြို့​မှ စည်းကမ်းမဲ့ကုန်​တင်​ယာဉ်​များ အ​ရေးယူ​ပေး​စေချင် ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ပဲခူးမြို့ရှိ ညွန့်​ရုပ်​ရှင်​ရုံလမ်းသည်​အများပြည်​သူအသုံးပြု​နေ​သော အထင်​ကရလမ်းမကြီးတစ်​ခုဖြစ်​သည်။သို့​သော်​ကုန်​တင်​ယာဉ်​ကြီးများသည်​ လမ်းမ​ဘေးတွင်​ရပ်​နားကာ ကုန်​တင်​ကုန်​ချပြုလုပ်​​နေကြသဖြင့်​ လမ်းမကြီးမှာသွားလာ၍မလွယ်​​အောင်​ဖြစ်​​နေပြီး ယာဉ်​အန္တရာယ်​စိုးရိမ်​​နေရပါသည်​။အဆိုပါယာဉ်​ကြီးများအား ဥပ​ဒေအရတားမြစ်​ထား​သော်​လည်း ယာဉ်​​မောင်းများသည်​ ယဉ်​ထိန်းရဲများနှင့်​ညှိနှိုင်း၍​ငွေ​ပေးကာ​ ပြောင်​​ပြောင်​တင်းတင်းပင်​ရပ်​နား​နေကြပါသည်​။အဆိုပါယဉ်​များမှချ​ပေး​သောကုန်​များကိုလာတင်​​သောသုံးဘီးဆိုင်​ကယ်​များ၊လက်​တွန်းလှည်းဂါလီများဖြင့်​ လမ်းမကြီးမှာ အများပြည်​သူသွားလာ၍မရနိုင်​​အောင်​ဖြစ်​​နေပါသည်​။လမ်းမကြီးမှာလည်းယာဉ်​ကြီးများ​ကြောင့်​မကြာခဏပျက်​စီးကာ သက်​ဆိုင်​ရာမှတစ်​နှစ်​တစ်​ခါပြုပြင်​ဖာ​ထေး​​နေရသဖြင့်​ နိုင်​ငံ့ဘဏ္ဏာများဆုံးရှုံးနေရပါသည်​။ယင်းယာဉ်​များသည်​ အိမ်​များ​ရှေ့နှင့်​ညွန့်​ရုပ်​ရှင်​ရုံ၊မြို့နယ်​လျှပ်​စစ်​ရုံး​ရှေ့ပါမ​ရှောင်​ရပ်​နားသည့်​အပြင်​ အိမ်​များမှမိမိအိမ်​​ရှေ့တွင်​ရပ်​နားထား​သောစက်​ဘီး၊ဆိုင်​ကယ်​အစရှိ​သောယာဉ်​များအား ကားနှင့်​မကြာခဏချိတ်​မိခြင်း၊​နေအိမ်​များသို့သွယ်​တန်းထား​သောဓာတ်​ကြိုးများနှင့်​မလွတ်​၍ ကြိုးများပြတ်​​တောက်​ခြင်း​များကြောင့်​ အိမ်​ရှင်​များမှ​ပြောဆို​သော်​လည်းကားသမားများမှမ​ခြေမငံ​ပြောဆိုကာဂရုမစိုက်​၍တာဝန်​ယူ​ဖြေရှင်းခြင်းမပြုကြပါ။ယဉ်​ထိန်းရဲများမှလည်းအဆိုပါကားများထံမှပိုက်​ဆံသာ​တောင်းပြီး မသိချင်​​ယောင်​​ဆောင်​​နေသဖြင့်​ အများပြည်​သူစိတ်​အ​နှောင့်​အယှက်​ဖြစ်​​နေရပါသည်​။သို့ပါ၍ တာဝန်​ရှိသူများအ​နေဖြင့်​ လိုအပ်​သလိုစီစစ်​အ​ရေးယူ​ပေးပါရန်​ မှတ်တမ်းဓာတ်​ပုံများနှင့်​တကွ တင်​ပြအပ်​ပါသည်။ ။ ကိုယ်​တိုင်​ဝန်​ခံချက်​​ အထက်​​ဖော်​ပြပါသတင်း​ဆောင်းပါးအား အခြားမည်​သည့်​သတင်းဌာနသို့​မျှပေးပို့ခဲ့ခြင်းမရှိပါ​ကြောင်း တာဝန်​ခံပါသည်​။ မှ/စာမူ​ပေးပို့သူ။ ။ ဦး​ကျော်​​ကောင်း၊၇/ပခန(နိုင်​) ၂၃၃၀၉၃ >>>>>>>>>>>>>>>>>>>. >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:

Post a Comment