Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Sunday 15 September 2013

သို့ စစ်ဥပဒေချုပ် စစ်ဥပဒေချုပ်ရုံး ကာကွယ်ရေးဝန်ကြီးဌာန...။ဗိုလ်ကြီးလူမင်းဟန်ကြောင့် မောင်နန်းထက်သေဆုံးမှုနှင့်ပက်သက်၍ ပြစ်မှုနှင့် ပြစ်ဒဏ်မျှတမှု မရှိသည့်အတွက် ပြန်လည်စစ်ဆေးပေးပါရန် တင်ပြခြင်း။ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”


သို့
စစ်ဥပဒေချုပ်
စစ်ဥပဒေချုပ်ရုံး
ကာကွယ်ရေးဝန်ကြီးဌာန
နေပြည်တော်။
ရက်စွဲ။ ။ ၁၂.၉.၂ဝ၁၃

အကြောင်းအရာ။ ။ဗိုလ်ကြီးလူမင်းဟန်ကြောင့် မောင်နန်းထက်သေဆုံးမှုနှင့်ပက်သက်၍ ပြစ်မှုနှင့်
ပြစ်ဒဏ်မျှတမှု မရှိသည့်အတွက် ပြန်လည်စစ်ဆေးပေးပါရန်တင်ပြခြင်း။

ကျွန်မသည် ဗိုလ်ကြီးလူမင်းဟန်ကြောင့် သေဆုံးသွားခဲ့သော မောင်နန်းထက်၏ မိခင်
ဒေါ်တင်ရီ (၉/မထလ(နိုင်)ဝ၇၁၈ဝ၃) ဖြစ်ပါသည်။ (၁၆.၈.၂ဝ၁၃)နေ့တွင် အမှတ်(၁)တကကသို့ စုံစမ်းရာမှ
ဗိုလ်ကြီး လူမင်းဟန်အား အဆိုပါအမှုကိစ္စအတွက် (၃)နှစ် ရာထူးတိုးမြှင့်ဆိုင်းငံ့ပြစ်ဒဏ်ချမှတ်ကြောင်း
သိရှိရပါသည်။ ပြစ်မှုနှင့် ပြစ်ဒဏ်ညီမျှမှု မရှိသည့်အတွက် ပြန်လည်စစ်ဆေးပေးပါရန် တင်ပြအပ်ပါသည်။
မတင်ပြမီ မှန်ကန်စွာတင်ပြခြင်းဖြစ်ကြောင်း ဝန်ခံကတြိုပပါသည်။ ဤတင်ပြစာမိတ္တူကို ဗိုလ်ကြီး
လူမင်းဟန်ထံသို့လည်း ပေးပို့မည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
ကျွန်မအနေဖြင့် မှုခင်းဖြစ်စဉ် အကျဉ်းချုပ်ကို တင်ပြအပ်ပါသည်။ ကျွန်မ၏သား မောင်နန်းထက်
(၉/မထလ(နိုင်)၂၂၄၄၈၆) သည် နေပြည်တော်(ပျဉ်းမနား)၊ ပေါင်းလောင်းရပ်၊ (၁ဝ)လမ်းထိပ်တွင် အင်တာ
နက်နှင့်ဂိမ်းဆိုင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။ (၂.၄.၂ဝ၁၃)ရက် ည(၁၁းဝဝ)နာရီခန့်တွင် ကျွန်မ၏
သားထံမှ ကျွန်မထံဖုန်းဖြင့်ဆက်သွယ်ခဲ့ပါသည်။ ဆိုလိုသည်မှာ (၂.၄.၂ဝ၁၃) ရက်နေ့ညအထိ ကျွန်မနှင့်
သား အဆက်အသွယ်ရခဲ့ပါသည်။ (၃.၄.၂ဝ၁၃)ရက်နေ့တွင်မူ ကျွန်မသည် မွေးစားသမီး နားသအလှူ
အတွက်ရွာသို့ သွားနေစဉ် ကျွန်မ၏ သားနှင့်မိဘချင်းသဘောတူထားသူ မိန်းကလေး(မဟန်နီဝင်းဆွေ)မှ
ကျွန်မ၏သား ဆိုင်ခန်းပိတ်ထားကြောင်း၊ ဆိုင်ခန်းပြင်ပတွင်ထားသည့် ဆိုင်ကယ်မှာလည်း မရှိကြောင်း၊
မောင်နန်းထက်၏ဖုန်း(ဝ၉-၄၃ဝ၃၈၃၄၆)သို့ ဆက်သွယ်ရာတွင်လည်း ဖုန်းမကိုင်ဘဲ ဖွင့်လိုက်၊ ပိတ်လိုက်
လုပ်နေကြောင်း ဆက်သွယ်ပြောကြားလာပါသည်။ ကျွန်မမှ မောင်နန်းထက်ဖုန်းကို ဆက်သွယ်ရာတွင်လည်း
ဆက်သွယ်မှုဧရိယာပြင်ဟုသာပြောကြား၍ အဆက်အသွယ်မရခဲ့ပါ။ သို့သော် အလုပ်ကိစ္စဖြင့် အပြင်သွား
ခြင်းဖြစ်သည်ဟု ယုံကြည်၍စိတ်မပူခဲ့ပါ။ သို့သော် (၃.၄.၂ဝ၁၃) နေ့ည (၉း၃ဝ) ခန့်တွင် အဆိုပါ မိန်းက
လေးမှ မောင်နန်းထက် အရက်အမူးလွန်၍ ဆေးရုံရောက်နေကြောင်း၊ 0x158င်းမိန်းကလေးထံသို့ ကိုဝင်းလွင်ဦးမှ
ဖုန်းဆက်ကြောင်း ပြေကြား၍ ကျွန်မအနေဖြင့် ဝင်းလွင်ဦးထံဖုန်းဆက်ရာ မှန်ကန်ကြောင်း၊ နန်းထက်မှာ
သတိမေ့နေကြောင်း၊ စိုးရိမ်ရကြောင်း၊ မိဘများခေါ်ယူရန် ဆရာဝန်များက ပြောကြောင်း၊ ဖြစ်စဉ်ကိုသူ
မသိကြောင်း၊ လူမင်းဟန်က သူ့ထံ(နန်းထက်ဖုန်း)ဖြင့် ဆက်သွယ်ပြောကြား၍ သူက နန်းထက်ကို
လူမင်းဟန်အိမ်မှ သွားရောက်ခေါ်ယူ၍ နေပြည်တော် ကုတင်(၁ဝဝဝ)သို့ တင်ထားကြောင်းပြောကြား၍
ကျွန်မတို့ နေပြည်တော်သို့ ညတွင်းချင်းလိုက်ပါသွားခဲ့ပါသည်။ နေပြည်တော်ကုတင်(၁ဝဝဝ)သို့ ရောက်ရှိ
ချိန်တွင် (၄.၄.၂ဝ၁၃)ရက်နေ့ နံနက်(ဝ၂းဝဝ)ခန့် ဖြစ်ပါသည်။ ဆေးရုံတွင် လူမင်းဟန်နှင့် ဝင်းလွင်ဦးကို
တွေ့ရပါသည်။ [နန်းထက်၊ ဝင်းလွင်ဦး၊ လူမင်းဟန်တို့မှာ ငယ်သူငယ်ချင်းများဖြစ်ပြီး၊ ဝင်းလွင်ဦးမှာ
တပ်မှအငြိမ်းစားယူပြီး ကော်မရှင်ရုံးတွင် (လက်ထောက်ညွှန်ကြားရေးမှူး)၊ လူမင်းဟန်မှာ လက်ရှိဗိုလ်ကြီး
တစ်ယောက်ဖြစ်သော်လည်း သား၏သူငယ်ချင်းများဖြစ်၍ ဤနေရာတွင် ကျွန်မ ခေါ်လေ့ရှိသည့်အတိုင်း
သုံးစွဲသည်ကိုလည်း နားလည်ပေးစေလိုပါသည်။]
ဆေးရုံရောက်၍ တာဝန်ကျဆရာဝန်ထံ အခြေအနေမေးမြန်းရာတွင် အန်တီသားမှာ အရက်မူး၍
ဖြစ်ခြင်း မဟုတ်ကြောင်း၊ အက်စီးဒင့်ကြောင့် ဖြစ်ကြောင်း၊ ဖြစ်စဉ်ကို သူ့သူငယ်ချင်းများကို သေချာမေးစေ
လိုကြောင်း၊ လူတစ်ယောက်မှာ မှတ်Óဏ် အဆင့်(၁၅)ရှိရမှာ ဖြစ်သော်လည်း နန်းထက်မှာ ဆေးရုံ
ရောက်စဉ်ကပင် အဆင့်(၇)သာရှိပြီး တဖြည်းဖြည်းချင်းလည်း ကျလာကြောင်း၊ သူ့သူငယ်ချင်းကိုသာ
ချော့မေးရန်ပြောကြားပါသည်။ ရဲမှုခင်းဖွင့်ထားကြောင်း ပြောပါသည်။ သို့ဖြစ်၍ ဝင်းလွင်ဦးကိုမေးရာတွင်
ဖေါ်ပြခဲ့သည့်အတိုင်း လူမင်းဟန်က ခေါ်မှသာ နန်းထက်ဖြစ်သည်ကို သိရကြောင်း၊ ဝင်းလွင်ဦးက
လူမင်းဟန်ကို မေးသော်လည်း ဘာမျှအဖြေမရကြောင်း ပြောပါသည်။
ကျွန်မအနေဖြင့် လူမင်းဟန်.. အန်တီအမှန်အတိုင်းသိချင်ရုံပါ၊ မင်းတို့ဘာတွေ ဖြစ်ခဲ့ကြသလဲ၊
ဆရာဝန်ကတော့ အန်တီကို အက်စီးဒင့်ကြောင့် ဖြစ်ကြောင်းပြောနေတယ်၊ မင်းသိမှာ.. အန်တီကို
အမှန်အတိုင်းဘဲ ပြောပါဟုပြောရာ ကျွန်တော်နန်းထက်ဆီ ညနေ(၃)နာရီခန့်ကတည်းက ရောက်ကြောင်း၊
အဲဒီကတည်းက နန်းထက်မှာ သောက်ပြီးဖြစ်ကြောင်း၊ သူမူးနေ၍ သားအင်္ကျီကိုချွတ်ပြီး နန်းထက်ကို
နောက်မှာထိုင်ခိုင်း၍ သိုင်းပြီးစီးသွားခြင်းဖြစ်ကြောင်း၊ လမ်းမှာဆိုင်ကယ်မလဲကြောင်း၊ သားနှင့်ဘာမျှမဖြစ်
ကြောင်းသာ တွင်တွင်ပြောဆိုပါသည်။
(၄.၄.၂ဝ၁၃)ရက်နေ့ နံနက်(၈း၃ဝ)ခန့် ဆရာဝန်ကြီး လှည့်လည်စစ်ဆေးစဉ် ဆရာဝန်ကြီးမှ မိမိတို့
မိဘ(၂)ဦးအား တွေ့ဆုံ၍ အရက်ကြောင့် ဤသို့ဖြစ်သည်မဟုတ်ကြောင်း၊ အက်စီးဒင့်ကြောင့်ဖြစ်ကြောင်း၊
အခြေအနေမကောင်းကြောင်း ဆိုပါသည်။ (၄.၄.၂ဝ၁၃)ရက်နေ့ နေ့လည်တွင် ကျွန်မ၏သားအကြီးဆုံး
အောင်လတ် ရောက်လာပြီး အောင်လတ်နှင့်တကွ ကျွန်မ၏ ပါလာသော မိတ်ဆွေများကလည်း
လူမင်းဟန်ကို အဖြစ်မှန်ကို ပြောကြားရန်၊ အဖြစ်မှန်ကိုသိလိုကြောင်း အမျိုးမျိုးတောင်းပန်ပြောကြား
သော်လည်း 0x158င်းကမူ သူနှင့် ဘာမျှမဖြစ်ကြောင်း၊ ဆိုင်ကယ်လည်းမလဲခဲ့ကြောင်းကိုသာ တွင်တွင် ပြောဆိုခဲ့
ပါသည်။ (၄.၄.၂ဝ၁၃)ရက်နေ့ တစ်နေ့လုံး လူမင်းဟန် ကျွန်မတို့နှင့်အတူ ဆေးရုံတွင်ရှိနေပါသည်။
(၄)ရက်နေ့ ညနေပိုင်းတွင် သူ့အိမ်သို့ပြန်သွားပါသည်။ (၅.၄.၂ဝ၁၃) ရက်နေ့ နံနက်(၄း၃ဝ)ခန့်တွင်
နန်းထက် ဆုံးပါသည်။ နန်းထက်ဆုံးပြီးနောက် လူမင်းဟန်ထံသို့ ကျွန်မ ဖုန်းဆက်၍ '' နန်းထက်တော့
မင်းပို့တဲ့ နေရာရောက်သွားပြီ၊ နန်းထက်ဆုံးပြီ.. နန်းထက်နောက်ဆုံးဝတ်သွားခဲ့တဲ့ အဝတ်အစား၊ ဆိုင်ကယ်၊
ဖုန်းတွေ ငါ့ဆီယူလာခဲ့'' ဟုပြောခဲ့ပါသည်။
(၄.၄.၂ဝ၁၃)ရက်နေ့ နံနက်စောစောမှာပင် လူမင်းဟန်ဆေးရုံသို့ လိုက်လာပြီး ကျွန်မထံ
နန်းထက်၏ ဆိုင်ခန်းသော့၊ ဆိုင်ကယ်၊ နန်းထက်နောက်ဆုံးဝတ်ခဲ့သည့် အင်္ကျီ၊ ဘောင်းဘီ၊ ဘိနပ်
တို့ကိုအပ်နှံ၍ ဖုန်းကောဟု မေးရာ ဖုန်းက ဝင်းလွင်ဦးထံပေးပြီးဖြစ်ကြောင်းပြောပါသည်။ သူပေးသည့်
အင်္ကျီ၏ ယာဘက်လက်ပြင်နေရာမှာ ပွတ်တိုက်စုတ်ပြဲနေပြီး နန်းထက်၏ခန္ဓာကိုယ်တွင် တွေ့ရသည့်
ဒဏ်ရာနှင့် တစ်ထပ်တည်းနေရာဖြစ်ခြင်း၊ (အင်္ကျီမှာ လည်း ဝယ်ထားကာစ အသစ်)၊ ဘိနပ်စောင်းမှာလည်း
ပွတ်တိုက်သွားသည့် အရာများတွေ့ခြင်း၊ ဘိနပ်မှာ လွန်ခဲ့သည့် သုံးရက်ခန့်က နန်းထက်၏ မိန်းက
လေးနှင့်အတူသွားဝယ်သည့် ဘိနပ်ဖြစ်ခြင်းတို့ကြောင့် အဆိုပါ အရာများတွေ့ပြီးသည့်အခါမှ နန်းထက်မှာ
ဆိုင်ကယ်ပေါ်မှြုပတ်ကျ၍ပွတ်တိုက်ပါသွားခဲ့သည်မှာ ထင်ရှားကြောင်း တွေ့ရှိခဲ့ပါသည်။ နန်းထက်၏
အင်္ကျီကိုလည်း လူမင်းဟန်မှ လျှော်ဖွတ်ခဲ့သဖြင့် စုတ်ပြဲသည်မှလွဲ၍ ကျန်သည့်သက်သေခံများ ပျောက်ဆုံး
သွားပါသည်။ ကျွန်မမှ လူမင်းဟန်ကို မင်းပြောတော့ ဆိုင်ကယ်မလဲဘူးဆို ဆိုင်ကယ်မလဲရင် ဒါတွေ
ဖြစ်စရာမရှိဘူး အင်္ကျီအသစ်မှာ ဒါတွေဘာလို့တွေ့နေရသလဲလို့ မေးရာ. သူက ကျွန်တော် နန်းထက်ကို
ပလက်ဖေါင်းပေါ်မှ ဂျိုင်းကိုဆွဲ၍ ပွေ့ထူရာမှ ဖြစ်နိုင်ကြောင်းပြော၍ မင်းပြောတာ အဆင့်ကျော်နေပြီ
ဆိုင်ကယ်ပေါ်က လမ်းပေါ်ကိုဘယ်လိုရောက်ကြောင်းမပါဘဲနဲ့ လမ်းပေါ်က ဆွဲထူတယ်ဆိုကတည်းက
မင်းမဟုတ်တော့ဘူး. မင်းကဗိုလ်ကြီးပါ ငါ့သားက နွားကျောင်းသားနဲ့သွားတာ မဟုတ်ဘူး. မင်းဗိုလ်ကြီး
တစ်ယောက်ဖြစ်ပြီး ဒီလောက်တောင် အသိÓဏ်နည်းရသလား. မင်းကြောင့် ရဲဘော်တစ်ယောက် အကြောင်း
မဲ့သေရင် မင်း ဘယ်လိုဖြစ်မလဲ၊ မင်းအဖေပြေါုမိင်ကို ပြောလိုက် ငါက သား(၃)ယောက် မွေးထားတာ
ကိုယ့်ကြောင့် ဘယ်သူ့ကိုမှ ဒုက္ခပေးဖို့ မပြောနဲ့ စိတ်အနှောက်အယှက် မပေးဘို့အဓိကထား သင်တာ
မင်းအဖေကို အဲဒါအရင် သင်ခိုင်းဦး မင်းကို အရင်တခါကလဲ ဖုန်းနဲ့ ရှိခိုးကန်တော့ တောင်းပန်ပြီးသား၊
ငါ့သားကို နောက်ဘဝအထိ ဒုက္ခမပေးပါနဲ့ ဆိုပြီး ကျွန်မသူ့ကို ထိုင်ကန်တော့၍ သားက ဆွဲထားရပါတယ်။
ကျွန်မမှာ ယူကြုံးမရ၊ ဒေါသ ဖြစ်ခြင်းဖြင့် သည်းအူပြတ်မတတ်ခံစားရပါတယ်။
[ဤနေရာတွင် အရင်တခါဟုဆိုသည့်ကိစ္စမှာ ဤကိစ္စမဖြစ်ခင် တစ်လခန့်က လူမင်းဟန်မှ နန်းထက်ကို
ဆိုင်ကယ် ပေါင်ခိုင်းကြောင်း၊ နန်းထက်က သူ့ကောင်မလေး၏အမထံ ပေါင်ရာ လူမင်းဟန်ဆိုင်ကယ်မှာ
(ဥတညနမ သြသု၊ ဒစ်ဝိုင်း မပါကြောင်း၊ ပေါင်မရကြောင်း၊ လူမင်းဟန်ဆိုင်ကယ်မရလျှင် နန်းထက်က
သူ့ဆိုင်ကယ်မှာ အစုံပါ၍သူ့ဆိုင်ကယ် ယူထားရန်ပြောသည့်အတွက် ဟန်နီက ကျွန်မထံ လှမ်းတိုင်ပါသည်။
ကျွန်မက လူမင်းဟန်ထံကို ဖုန်းဖြင့် မင်းတို့က ဗိုလ်ကြီးတွေ ဘာလုပ်လုပ် တင့်တယ်တယ်။ နန်းထက်က
တနယ်မှာ ကြိုးစားရုန်းကန်နေရတာ.. ဒုက္ခမပေးပါနဲ့ ငါရှိခိုးတောင်းပန်ပါတယ်ဟု ပြောကြားခဲ့ဘူးပါသည်]
ဤသို့ဖြင့် ကျွန်မတို့မိသားစုသည် နန်းထက်ကို သင်္ဂြိလ်ရန်ကိစ္စအတွက် ညှိနိုင်းရာ နေပြည်တော်
မှာပင် ဆောင်ရွက်ရန်ဆုံးဖြတ်ပြီး ကာယကံရှင်အနေဖြင့် ကျွန်မသားကြီး အောင်လတ်က ရင်ခွဲရုံသို့
အလောင်းအပ်နှံပါသည်။ အလောင်းကို ဆရာဝန်စစ်သည့်အခါ ဆရာဝန်မှ အောင်လတ်ကို ခေါ်ပြော
ပါသည်။ မင်းညီ ဘာကြောင့် သေသလဲသိလားဟု မေးရာ မသိကြောင်း ပြောပါသည်။ မသိလျှင်သိအောင်
အရင်လုပ်ဦး.. ငါကတော့ အလောင်းကို ဒီအတိုင်းမပေးနိုင်ကြောင်းပြော၍ ရဲကို ဖုန်းဆက်ခေါ်ခြင်း၊ ရဲမှ
ယာဉ်မှုစစ်၊ စ.အ.ဖ တို့သို့ အဆင့်ဆင့်လွှဲပြောင်း ကြောင်းသိရှိရပါသည်။ နန်းထက်သင်္ဂြိလ်ခါနီး
ညနေ(၃)နာရီခန့်မှာ ယာဉ်မှုစစ် ဒုရဲအုပ် ကျော်ကျော်နိုင်မှ ကျွန်မအားခေါ်၍ ဒီကလေး (လူမင်းဟန်)ကို
ကျွန်တော် စခန်းခေါ်သွားတော့မှာပါ. ဆိုင်ကယ်ရော မေးရာ ဆိုင်ကယ်မှာ ဆေးရုံအနီးလူမင်းဟန် ရပ်ထား
ခဲ့သည့် နေရာသို့ သွားရောက်စစ်ဆေးရာ ဆိုင်ကယ်မှာလည်း ယာဘက်ခြမ်း ပွန်းပဲ့ထားခြင်း၊ ကာဘာပဲ့
နေခြင်းများ စစ်ဆေးတွေ့ရှိရပါသည်။ အဆိုပါ သက်သေခံ အင်္ကျီ၊ ဘိနပ် ပွန်းပဲ့မှုများကိုလည်း ရဲမှ
ဓါတ်ပုံမှတ်တမ်းရယူပြီးဖြစ်ပါသည်။ ကျွန်မတို့လည်း နန်းထက်သင်္ဂြိလ်ပြီး နေထိုင်ရာ မိတ္ထီလာသို့ ချက်ချင်း
ပြန်လာခဲ့ပါသည်။
(၈.၄.၂ဝ၁၃)ရက်နေ့တွင် လူမင်းဟန်၏ မိဘနှစ်ဦးရောက်လာပါသည်။ ကျွန်မက ဘာကိစ္စရှိသလဲဟု
မေးရာ မတင်ရီတို့ အမှုဖွင့်/မဖွင့် သိချင်လို့လာတာပါ. နောက်ပြီး မတင်ရီ အထင်မှားနေတာ ရှင်းပြချင်လို့၊
လူမင်းဟန်ဆိုင်ကယ်မှာ သတညနမ ဘသသု ရှိပါတယ်၊ ဒီမှာ အဲဒီဆိုင်ကယ်အပေါင်လက်မှတ်ဟု၊ အပေါင်
လက်မှတ် ထုတ်ပြပါသည်။ ကျွန်မက အခု ဒီအချိန်မှာ ဆိုင်ကယ်ကိစ္စပြောရန်မဟုတ်ကြောင်း၊ သတညနမ
ဘသသု မပါတဲ့ ဆိုင်ကယ်ဟာ ဘယ်ဆိုင်ကယ်လဲဆိုတာ ကိုယ့်သားကိုယ်မေးကြည့်၊ နန်းထက်ကတော့
သေပြီ၊ အရင်ကတော့ အမှုဖွင့်ဘို့ မစဉ်းစားမိဘူး။ အခု ခင်ဗျားမေးမှ ဖွင့်ချင်လဲဖွင့်မှာ မပြောနိုင်သေးဘူးဟု
ပြောလိုက်ပါသည်။ ထို့အပြင် ကျွန်မက ကိုပြေါုမိင် ခင်ဗျားကို တစ်ခုပဲမေးမယ်.. နန်းထက်ကို နာရီ
(၂ဝ)ကျော်ကြာအောင် ဆေးရုံကို မပို့ဘဲနဲ့ အိမ်မှာတင်ထားတာနဲ့ ပက်သက်လို့ ခင်ဗျားသဘောထား
သိချင်တယ်ဟုမေးရာ သူက ''အဲဒါကတော့ဗျာ'' ဟု စပြောသည့်အတွက် အဲဒါကတော့ဗျာ ဆိုကတည်းက
ခင်ဗျားဆီက ဝန်ခံစကား၊ တောင်းပန်စကား ထွက်လာမှာ မဟုတ်ဘူး၊ ပြန်ပါတော့ဟု ပြောခဲ့ပါသည်။
သင်္ကြန်အပြီး(၂ဝ.၄.၂ဝ၁၃)ရက်နေ့ခန့်တွင် ဗိုလ်ကြီးယုအောင်အဖွဲ့ ကျွန်မတို့နေအိမ်သို့ လာရောက်
စစ်ဆေး၍ ထွက်ဆိုချက်ပေးခဲ့ပါသည်။ ဗိုလ်ကြီးယုအောင်ပြောကြားမှုအရ သေဆုံးသူ၏ကာယကံရှင် မိဘမှ
ကျေနပ်မှု မရှိလျှင် အမှုကို ထိရောက်စွာပြစ်ဒဏ်ချမှတ်မှာ ဖြစ်ကြောင်းသိရှိရ၍ ကျွန်မတို့မှလည်း ခုံရုံး
စစ်ဆေးမှုကိုပင် စောင့်စား၍ အမှုအခြေအနေကို လူမင်းဟန်၏တပ်ရုံးသို့ ဆက်သွယ်စုံစမ်း၍ စောင့်စား
နေခဲ့ပါသည်။
(၁၆.၈.၂ဝ၁၃)ရက်နေ့တွင် တပ်ရေးဗိုလ်ကြီးဝင်းထိုက်ထံသို့ ဖုန်းဆက်စုံစမ်းရာမှ လူမင်းဟန်ကို
ရာထူးတိုး (၃)နှစ်ဆိုင်းငံ့ဟုသာ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း လူမင်းဟန်မှာ ယခုအလုပ် ပြန်လည်ဝင်ရောက်
နေပြီဖြစ်ကြောင်း သိရှိရပါသည်။ ဤအမှုဖြစ်စဉ်တွင် သက်သေအထောက်အထားများ၊ ရင်ခွဲရုံဆေးစစ်ချက်
များအရ လူမင်းဟန်မှ ဆိုင်ကယ်မောင်းနှင်ပြီး နန်းထက်မှာြုပတ်ကျခဲ့ကြောင်း၊ အခင်းဖြစ်ပြီး နန်းထက်ကို
ဆေးရုံမပို့ဘဲ 0x158င်း၏အိမ်တွင် နာရီ(၂ဝ)ခန့် ထားခဲ့ကြောင်း၊ ဖြစ်စဉ်ကို ထိမ်ချန်၍ အချိန်လွန်မှသာ
ဝင်းလွင်ဦးမှတဆင့် ဆေးရုံသို့ပို့ခဲ့သည့် အတွက် သေဆုံးရခြင်းဖြစ်ပါသည်။ 0x158င်းက တင်မခေါ်ဘဲနှင့်
ပစ်ထားခဲ့လျှင်သော်တောင်မှ တစ်ဦးတစ်ယောက်က တွေ့၍ ဆေးရုံရောက်ပြီး အသက်ရှင်နိုင်ပါသေးသည်။
နန်းထက်အသက်ရှင်ပါက အမှုပေါ်မည်စိုး၍၊ နန်းထက် သေဆုံးပါမှ အမှုလွှဲချနိုင်မည်ဖြစ်၍ တမင်သေစေ
လို၍ အချိန်ဆွဲခဲ့သည်မှာ ထင်ရှားပါသည်။ ထိုသို့သော ပြစ်မှုကျူးလွန်သူကို ဤမျှသာ ပြစ်ဒဏ်ချမှတ်
ခဲ့သည်မှာ သင့်လျော်မှုမရှိပါ။ သိရှိရသည်မှာ လူမင်းဟန်၏ဇနီးမှာ ယခုထိ တက္ကသိုလ်ဝင်တန်း မအောင်
သေး၍ နောင်သုံးနှစ်အတွင်း ဘွဲ့မရနိုင်ပါ။ ဗိုလ်ကြီးတစ်ဦး၏ဇနီးမှာ ဘွဲ့မရပါက ရာထူးတိုးမြှင့်ခြင်းမရှိဟု
သိရှိထား၍ ဤပြစ်ဒဏ်မှာ ပြစ်ဒဏ်ဟု သတ်မှတ်နိုင်ခြင်းမရှိပါ။
(၃.၄.၂ဝ၁၃) ရက်နေ့ တနေ့လုံး အကြိမ်(၂ဝ)ခန့် မဟန်နီဝင်းဆွေမှ နန်းထက်ဖုန်းကို
ဆက်သွယ်ခဲ့သော် လည်း ဖုန်းလက်ခံခြင်းမရှိဘဲ ဖုန်းကို ဖွင့်လိုက်၊ ပိတ်လိုက်လုပ်နေပြီး၊ ဟန်နီဖုန်းကို
လက်ခံ၍ အကျိုးအကြောင်း ပြောပြခြင်း၊ ဝင်းလွင်ဦးသို့ အချိန်မီမပြောခြင်းတို့မှာ ရိုးသားမှုမရှိပါ။ စစ်ဗိုလ်
တစ်ယောက်ဖြစ်ပြီး သာမန်အရပ်သားလောက်တောင်မှ တာဝန်သိတတ်မှု၊ တာဝန်ယူမှု မရှိပါ။ ကျွန်မ
အနေဖြင့် 0x158င်းသာ ရိုးသားမည်ဆိုပါက ပွဲချင်းပြီးသေခြင်း၊ ဆေးရုံအချိန်မီရောက်သော်လည်း ဒဏ်ရာပြင်း၍
သေဆုံးခြင်းတို့ကို ခွင့်လွှတ်လက်ခံနိုင်ပါသည်။ ကံ၊ ကံ၏အကျိုးကို ယုံကြည်သော ဗုဒ္ဓဘာသာဝင်
ဖြစ်ပါသည်။ ယခုကိစ္စတွင်မူ အင်မတန်ကောင်းမွန်ထက်မြက်သော ဆေးဝါးများရှိခြင်း၊ လမ်းပန်းဆက်သွယ်
ရေးအရလည်း နေပြည်တော်လိုြုမိ့မှာဖြစ်ခဲ့ပြီး၊ 0x158င်းထိမ်ချန်ခဲ့သည့်အတွက် ကျွန်မ၏သား သေဆုံးရခြင်း
ဖြစ်ပါသည်။ နန်းထက်သေဆုံးမှုမှာ လူမင်းဟန်၏ လူမဆန်မှု၊ ကိုယ့်အလုပ်ကိုသာ ထိခိုက်မှာစိုးရိမ်သည့်
အတ္တကြီးမှုကြောင့်ဖြစ်၍ 0x158င်းတွင်သာ လုံးဝတာဝန်ရှိပါသည်။
ပြစ်ဒဏ်ချမှတ်ချက်နှင့် ပက်သက်၍ ဗိုလ်ကြီးယုအောင်ထံ ဆက်သွယ်ရာ 0x158င်းမှ တစ်ဘက်က
သေဆုံးသွားသော်လည်း တဘက်ကရှေ့ရေးရှိသေးကြောင်း ပြောပါသည်။ ဗိုလ်ကြီးလူမင်းဟန်၏ရှေ့ရေးမှ
အရေးကြီးသည် မဟုတ်ပါ။ ကျွန်မ၏သားမှာ ကလေကချေမဟုတ်ပါ။ အင်္ဂလိပ်စာဘွဲ့ရထားပြီး၊ နိုင်ငံတကာ
အင်္ဂလိပ်စာကျွမ်းကျင်မှုစာမေးပွဲ (ှုနွှူ) ရမှတ်(၆)မှတ် ရရှိထားပြီး ဘာသာပြန်လုပ်ငန်းကိုပင် စတင်
လုပ်ဆောင်နေသည့် လူငယ်တစ်ဦးဖြစ်၍ ကျွန်မအတွက် တန်ဘိုးထားရသော သားပါ။
သို့ဖြစ်ပါ၍ နန်းထက်သေဆုံးမှုနှင့်ပက်သက်၍ ဗိုလ်ကြီးလူမင်းဟန်အပေါ်တွင် လုံးဝ တာဝန်ရှိ
ပါသည်။ တာဝန်သိမှု၊ တာဝန်ယူမှု မရှိဘဲ မိမိပြစ်မှုကို ထိမ်ချန်၍ အပြစ်မဲ့လူတစ်ယောက် သေဆုံးစေသည်
အထိ ကျူးလွန်ခဲ့သော ဗိုလ်ကြီးလူမင်းဟန်၏ အမှုအား ပြန်လည်စစ်ဆေးပေးပါရန် လေးစားစွာ တင်ပြအပ်
ပါသည်။
မိတ္တူကို -
(၁) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်။
(၂) စစ်ရာထူးခန့်ချုပ်ရုံး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်။
(၃) စစ်ရေးချုပ်ရုံး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်။
(၄) ကျောင်းအုပ်ကြီး၊ အမှတ်(၁)၊ တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်း၊ ဂျိုးဖြူ၊ ရန်ကုန်တိုင်း။
(၅) ဗိုလ်ကြီးလူမင်းဟန်၊ ကြည်း(၄၁၆၃၂၂)၊ အမှတ်(၁) တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်း၊
ဂျိုးဖြူ၊ ရန်ကုန်။
(၆) လက်ခံ။
ရက်စွဲ။ ။၁၂.၉.၂ဝ၁၃
တင်ပြသည့် စာအပြည့်အစုံမှာ စာမျက်နှာများပြားပါသဖြင့် လိုအပ်သလို ပြင်ဆင်တည်းဖြတ်၍
ထည့်သွင်းဖေါ်ပြပေးပါရန် မေတ္တာရပ်ခံတင်ပြအပ်ပါသည်။
ဒေါ်တင်ရီ
အမှတ်(၁/၁၁၁)၊
အောင်ဆန်းတိုးချဲ့ရပ်ကွက်
ြုမိ့သစ်(၁)၊ မိတ္ထီလြာုမိ့။
Ph - ဝ၉၂ဝ၆၂၃၇၁

 >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
 “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:

Post a Comment