Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Sunday 8 September 2013

ရွှေစက်တော်မှာ နိုင်ငံခြားဧည့်သည်တော်များကို ညအိပ်တည်းခိုခွင့်ပြုနိုင်ဖို့ဆိုရင် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ဒီ၁ရက်၂ရက်အတွင်းသတင်းတစ်ပုဒ်ဖတ်လိုက်ရပါသည်။ ရွှေစက်တော်တွင် နိုင်ငံခြားသားဧည့်သည်တော်များကို ညအိပ်တည်းခိုနေထိုင်ခွင့်ပြုသင့်ကြောင်း၊ နိုင်ငံခြားဧည့်သည်တော်များအနေဖြင့် သမိုင်းဝင်ဘုရားကြီးကိုထဲထဲဝင်ဝင်လေ့လာခွင့်နှင့် ရွှေသမင်မွေးမြူရေး(ဘေးမဲ့စခန်း)တို့ကိုလည်းလှည့်လည် ကြည့်ရှုခွင့်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကနေ ပြည်ပကိုဆန်(၁)တန်တင်ပို့မှ ၂၃၆ဒေါ်လာ(အတိအကျမမှတ်မိ)သာရပြီး နိုင်ငံခြားသား တစ်ယောက်လာလျင် ဒေါ်လာ၂၀၀၀ိ/ကျပ်ရရှိကြောင်း တင်ပြထားသည်ကို တွေ့ရပါသည်။ ဒီအကြောင်းအရာကလည်းစက်တင်ဘာ ၅ရက်နေ့က မကွေးမြို့ နန်းထိုက်သူဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့တဲ့ မကွေးတိုင်းဒေသကြီးခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲမှာ တာဝန်ရှိသူတစ်ဦးကတင်ပြခဲ့သည်ဟု ထင်ပါသည်။ အဲဒီဆွေးနွေးပွဲမှာ သစ်တောဦးစီးဌာန တိုင်းဦးစီးမှူးမှ ရွှေစက်တော်ဘေးမဲ့တော ECO TOURISM ဖော်ဆောင် နိုင်မည့်အခြေအနေများနှင့် ဆက်စပ်ရှင်းလင်းသွားသည် ဟုလည်းထင်ပါသည်။
ခရီးသွားလုပ်ငန်းနှင့် တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံခြားသားခရီးသွား ဧည့်သည်များအပေါ် ဆွဲဆောင်နိုင်ရေးလုပ်ငန်းတွေကို မလွဲမသွေအကောင် အထည်ဖော်ဆောင်ရွက်ရမည်မှာ ဒေသဆိုင်ရာအုပ်ချုပ် သူများနှင့် ကိုယ်ပိုင်လုပ်ငန်းရှင် များ၏တာဝန်ဖြစ်ပါသည်။သို့သော် PERFECT ဖြစ်ရန်လို အပ်ပါသည်။
ရွှေစက်တော်ဘုရားပွဲတော်သည် တပို့တွဲလပြည့် ရက်ဝန်းကျင်မှ တန်ခူးလပြည့်ကျော်(၁)ရက် (နှစ်ဆန်း ၁ရက်)နေ့ထိ (၂)လကျော်ခန့်ကျင်းပလေ့ရှိပါသည်။ တန်ခိုးကြီးဘုရားပွဲတော်ကြီးဖြစ်သည်နှင့်အညီ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော ဘုရားဖူး ရဟန်း၊ရှင်၊လူ ပြည်သူအများ လာရောက်ဖူးမျှော်ရာ သာသနာ့နယ်မြေလည်းဖြစ်ပါသည်။ နေ့စဉ်လာရောက်ကြသော ဘုရားဖူးများကို ရွှေစက်တော်ချောင်း(ဘုရားရှင်လက်ထက်အခေါ် နမဒါမြစ်) သဲသောင်ခုံတွင် တဲကျောင်းများထိုးကာ အခကြေးငွေဖြင့် တည်းခိုခွင့်ပြုခြင်းဖြစ်ပါသည်။
နမဒါမြစ်သဲသောင်ခုံသည် အဆောက်အဦး အကန့် အသတ်ဖြင့်သာ ဆောက်လုပ်နိုင်သောအကျယ်အ၀န်း ရှိပါသည်။ မနှစ်ကဆိုလျင် တဲကျောင်း(၆၅)လုံးဆောက်လုပ်နိုင်ရန် သဲသောင်ခုံအတုပြုလုပ်ခဲ့ရသည်ဟု သိရပါသည်။ ပြောပြလိုသည်မှာ တဲကျောင်းကို မြစ်အထက်ပိုင်းမှာ နမဒါဆောင်ဟုVIP သီးခြားဆောင်များဆောက်လုပ်ထား ပြီး မြစ်အောက်ပိုင်းတွင် သာမန်ပြည်သူများတည်းရန်ဆောက် လုပ်ထားပါသည်။ နမဒါဆောင်မှာ သီးခြားဧည့်သည်တော်များအတွက် ဆောက်လုပ်ထားဖြင်းဖြစ်သောကြောင့်တည်းခိုနေထိုင် ရာတွင်အခက်အခဲမရှိလှပါ။ သို့သော် သာမန်အဆောင် တဲကျောင်းများသည် ၁၀ခန်းတွဲ၊၁၂ခန်းတွဲစသည်ဖြင့် ဆောက်လုပ်ထားပြီး ၀ါး၊ဓနိ၊သက်ကယ်၊ထရံများဖြင့် သာ ဆောက်လုပ်ထားသော ယာယီအဆောက်အဦးများ ဖြစ်ပါသည်။ ယာယီအဆောက်အဦးသည် ယာယီသာနေထိုင်ရန်သင့်တော်ပါသည်။ လင်နှင့်မယား၊သားနှင့်အမိနေထိုင်မှုများအတွက် မသင့်တော်သော (ချောင်းကြည့်လျင်လှမ်းမြင်နိုင်သော)အကာအရံများသာဖြစ်ပါသည်။ ထိုအချက်ကိုဆိုလိုခြင်း ဖြစ်ပါသည်။ နိုင်ငံခြားသားများကို ဘယ်နေရာမှာထား မည်လဲ၊ နမဒါမှာနေခွင့်ပြုလို့လည်းသင့်တော်ပါ့မလား၊ ရေချိုးဆင်းရင် သူတို့ဓလေ့နဲ့ မြန်မာစရိုက်ကိုက်ညီ ပါ့မလား၊ တဖန် သာမန်တည်းကျောင်းများမှာထား ပြန်ရင်လည်း သူတို့ဆီကယူထားတဲ့ဒေါ်လာတွေနဲ့ နောက်ကျိနေတဲ့အောက်ဘက်ကရေတွေနဲ့သင့်တော်ပါ မည်လား၊ အများကြီးစဉ်းစားရပေမည်။
ကျိုက်ထီးရိုးမှာကတောင်ပေါ်တည်းခိုခန်းများဖြင့် နိုင်ငံခြားသားဧည့်သည်များ တစ်နှစ်ပတ်လုံးဝင်/ထွက် တည်းခိုခွင့်ပြုရန်သင့်တော် ပါသည်။ ရွှေစက်တော်မှာကဒီလိုအခြေအနေမဟုတ်ပါ။ တစ်နှစ်မှာ (၂)လသာကျင်းပသောရွှေစက်တော်ဘုရား ပွဲတော်အတွက် စဉ်းစဉ်းစားစားလုပ်ကြဖို့လိုအပ်ကြောင်းပါခင်ဗျာ။
aungthapya45@gmail.com

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:

Post a Comment