ပဲခူးတိုင်းဒေသကြီး
ရေတာရှည်မြို့နယ်၊ မြို့လှမြို့တွင် အုပ်ချုပ်ရေးမှူး၊ စာရေးနှင့် အထောက်အကူပြုအဖွဲ့တို့သည်
နိုင်ငံတော်မှ ရောင်းချပေးခဲ့သော တန်းဘိုးနည်း ဆင်းကဒ်(၁၅၀၀)တန်များကို ပြည်သူများ၏လက်ဝယ်သို့
မှန်မှန်ကန်ကန် မဲစနစ်ဖြင့် ရောင်းချပေးခဲ့မည် ဆိုပါလျှင် ယခုအချိန်တွင် ပြည်သူတို့၏
လိုအပ်ချက်ဖြစ်သော (၁၅၀၀)တန် တန်ဘိုးနည်း ဆင်းကဒ်များပြည့်စံပြီးဟုပြော၍ ရသောအချိန်ပင်ဖြစ်ပါသည်။
ယခုအမှန်တကယ်
ရင်ဆိုင်နေကြရသည်မှာ `ကျနော်တို့ ကျမတို့(၄)လရှိနေပြီ လျှောက်လွှာတင်ထားတာ အခုအချိန်ထိ
မရသေးဘူး` ဆိုသော စကားများကို သာ စိတ်မကောင်းစွာဖြင့် ကြားသိနေရပါသည်။
ထိုကဲ့သို့ကြားသိနေရခြင်းမှာ
အုပ်ချုပ်ရေးမှူးများ၊ စာရေးနှင့် အပေါင်းအပါလူတစုတို့နှင့် ပါတ်သက်သာ ပါတ်သက်ကြောင်းများအား
လက်တမ်းပေးကမ်းပြီး လက်သင့်ရာ ဆွမ်းလောင်း ပိုမှပြည်သူရဆိုသော အကျင့်ဆိုးများရှိနေ၍
ပြည်သူ့လက်ဝယ်သို့ ပြည်စုံအောင် ရောက်မလာနိုင်တော့သလို
စီးပွားရေးသမားများမှ
အုပ်ချုပ်ရေးမှူး စာရေးနှင့် အပေါင်းအပါလူတစုတို့အား အနီးကပ်နေပြီး ဆင်းကဒ်ထွက်လာသော
အချိန်တွင် မတန်တဆ ဈေးများပေးဝယ်နေကြသောကြောင့် ပြည်သူ့ အခွင့်အရေးများ ဆုံးရှုံးနစ်နာမှုများ
ရှိသလို ၄င်းတို့သည်လည်း အကျင့်ပျက်ဝန်ထားဘ၀ ရသွားကြပါတော့သည်။
ဆင်းကဒ်ဒုတိယပါတ်ချပေးစဉ်တွင်
ရာအိမ်မှူးတစ်ဦး၏ မသမာမှုများကို ၄င်းအား မခံနိုင်ကြသော တာဝန်သိပြည်သူများမှ တိုင်ကြားခြင်းကြောင့်
တာဝန်မှ ရပ်စဲလိုက်ကြောင်း သိရှိရပါသည်။
ဆင်းကဒ်မရရှိခြင်း၏
အကြောင်းရင်းများဖြစ်ပါသည်။
ကံကောင်း၍
မဲပေါက်ရရှိသူများ ကြပြန်တော့လည်း ဆင်းကဒ်ထုတ်ပေး၍ အကျိုးဆောင်ခ လမ်းစရိတ် ၁၀၀၀ိကျပ်
အုပ်ချုပ်ရေးမှူး၊ စာရေးထံသို့ ပေးသွင်းကြရပြန်ပါသည်။
ပြည်သူကကျွေး၍
ပြည်သူ့ငွေကြေးများအား အလွဲသုံးစားပြုနေခြင်းကိုလည်း ပြည်သူများ ခံနေကြရပြန်ပါသည်။
ယခုလ သြဂုတ်၊၂၀၁၃တွင်
မြို့နယ်မှ ဆင်းကဒ် ၉၈ကဒ် ချပေးခဲ့သော်လည်း ယခင်လုပ်ထုံးအတိုင်း ၁၈ကဒ်မှာ အပြင်သို့
ရောက်ရှိသွားပြန်သဖြင့် ပြည်သူ၁၈ဦး၏ ရပိုင်ခွင့်များ ဆုံးရှုံးရပြန်ပါသည်။
NGO အကြောင်းပြထုတ်ယူခြင်း
ဘောလုံးပွဲ ရံပုံငွေရရန် ကဒ်ရောင်းစားခြင်း
ဆေးရုံဆရာဝန်
သကြားစက်
ပြည်သူ့စစ်၊ ရာအိမ်မှူး
ထိုကဲ့သို့
သင့်ရာသင့်ရာများသို့ လက်တမ်းပေးကမ်းနေကြသည့် အဖြစ်ဆိုးများကြောင့်
ပြည်သူတို့၏
၇ပိုင်ခွင့် အခွင့်အလမ်း ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လျှက် ရှိနေပါသဖြင့် သက်ဆိုင်ရာ
အာဏာပိုင်အဖွဲ့အစည်းများအနေဖြင်
့ စေတနားရှေ့ထား
စာနာဖြေရှင်းပေးစေလိုပါကြောင်း
ဦးဇော်မိုး
မှတ်ပုံတင်အမှတ်
-၇/ရတရ(နိုင်)၁၄၁၄၉၆
မြို့လှမြို့
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)
No comments:
Post a Comment