Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Wednesday 25 September 2013

လားရှိုးမြို့ပြည်တွင်းအခွန်ဦးစီးမှ စိတ်ကြိုက်ငွေတောင်းခံခြင်း>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

(24.9.2013) နံနက်ပိုင်းတွင် လားရှိုးပြည်တွင်းအခွန်ရုံးမှ လားရှိုးပန့်ဆီဆိုင်ပိုင်ရှင်များအားခေါ်ယူတွေ့ဆုံပါသည်။လားရှိုးပန့်ဆီဆိုင် ပိုင်ရှင်များ၏အခွန်နှုန်းထားလျှော့ပေါ့ရေးအတွက် ဦးစီးမှူး ဒေါ်စုစု ကခေါ်ယူတွေ့ဆုံခြင်းဖြစ်ပါသည်။ထိုသို့ခေါ်ယူတွေ့ဆုံရာတွင် ဒေါ်စုစုမှ ဆီဆိုင်များအား အခွန်လျှော့ပေးမည်ပြောပြီး ၄င်းအတွက် ဆီဆိုင်တစ်ဆိုင်လျှင် 500,000 (ငါးသိန်းကျပ်တိတိ)တောင်းပါသည်။ လားရှိုးမြို့တွင် ပန့်ဆီဆိုင်ပေါင်း အနည်းဆုံး ဆိုင်၂၀ ကျော်ရှိပါသည်။ 500,000×20=10,000,000 ရပါသည်။ ဆိုင်၂၀လျှင် သိန်းတစ်ရာတိတိရရှိပါမည်။ ၄င်းငွေများသည် နိုင်ငံတော်၏အခွန်ဝင်ငွေအတွက်များစွာနစ်နာပါသည်။၎င်းငွေများကိုတစ်ဦးတည်း သုံးစွဲခြင်း(သို့)အခွန်ရုံးအတွင်းမှ လူများအားလုံးခွဲယူကြခြင်းလားတော့မသိပါ။ ၄င်းကိုဦးစီးမှူးသာသိပါသည်။ သို့သော်လည်း လားရှိုးပြည်တွင်း အခွန်ဦးစီးမှ အရာရှိတိုင်းလိုလိုတော့ ယခင်ကားဈေးမကျခင်ကတည်းကပင် ကားကောင်းများပိုင်ဆိုင်နေကြပါသည်။နိုင်ငံတော်သမ္မတမှ  လာဘ်စားမှုတိုက်ဖျက်ရေးအတွက် စတင်လုပ်ဆောင်သည်မှာ တစ်ပတ်သာရှိသေးသော်လည်း ယခုကဲ့သို့ ပြုလုပ်မှုမှာ နိုင်ငံတော်အစိုးရအား လှောင်ပြောင်သကဲ့သို့ပင်ဖြစ်နေပါသည်။ထို့ကြောင့် လားရှိုးပြည်တွင်းအခွန်ရုံးသာမက နိုင်ငံအတွင်းရှိ ပြည်တွင်းအခွန်ဌာနများအားလုံး၏ ၀န်ထမ်းများချမ်းသာကြွယ်ဝမှုကို သမ္မတရုံးမှ တိုက်ရိုက်စစ်ဆေးသင့်ကြောင်းအကြံပြုတင်ပြလိုက်ရပါသည်။
 
lashioyakuza@gmail.com
 
>>>>>>>>>>>>>>>>>>>>
 
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)    


No comments:

Post a Comment