Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Friday 13 September 2013

မာဒေးကားပြိုင်ပွဲဝင်မြန်မာဘောလုံးအသင်းသိစေရန် .../ သို့ နိုင်ငံတော်သ​မ္မတကြီးနှင့်​လွှတ်တော်ဥက္က​ဌကြီးများ>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မာဒေးကားပြိုင်ပွဲဝင်မြန်မာဘောလုံးအသင်းသိစေရန် ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ မာဒေးကားပြိုင်ပွဲသည်လူမျိုးရေးပဋိပက္ခဖြစ်ပွားနေသောမလေးရှားနိုင်ငံတွင်ကျင်းပနေခြင်းဖြစ်ပြီးမိမိတို့မြန်မာနိုင်ငံသားအလုပ်သမားများအတိဒုက္ခရောက်နေချိန်လည်းဖြစ်သည်။ထို့ကြောင့အားကစားသမားများအနေဖြင့်ပရော်ဖက်ရှင်နယ်စိတ်ဓါတ်အပြည့်ဖြင့်ကစားစေလိုပါသည်။မိမိတို့၏ပရော်ဖက်ရှင်နယ်မပီသသောလုပ်ရပ်များကြောင့်၂သိန်းကျော်မျှသောမြန်မာအလုပ်သမားများထိလိုက်စေနိုင်ကြောင်းနိုင်ငံဂုဏ်ဆောင်ဘောလုံးသမားကြီးများအားHWHမှသိစေအပ်ကါသည်။wana,ph 09428338455 >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> သို့ နိုင်ငံတော်သ​မ္မတကြီးနှင့်​လွှတ်တော်ဥက္က​ဌကြီးများ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ကျွန်တော်တို့သည်မွန်ပြည်နယ်,ရေးမြို့နယ်မှယခင်ရ၀တဥက္ကဌ,ရယကဥက္ကဌနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းများဖြစ်ကြပါသည်။ကျွန်တော်တို့သည်န၀တ,နယက,အေးချမ်းဖြိုးကောင်စီလက်ထက်တွင်ဥက္ကဌနှင့်အုပ်ချုပ်ရေးမှူးတာဝန်များကျုတဆက်တည်း၅နှစ်,၁၀နှစ်ကျော်စီတာဝန်ထမ်းဆောင်ခဲ့ကြသူများဖြစ်ပြီးနိုင်ငံတော်မှမည်သည့်ချီးမြှင့်မှုများနှင့်ခံစားခွင့်များထောက်ပံ့ပေးအပ်ခဲ့ခြင်းမရှိခဲ့ပါ။ယခင်ပြည်သူ့ကောင်စီကာလက၄နှစ်တာတာဝန်ထမ်းဆောင်ခဲ့သူများကိုနိုင်ငံရေးပင်စင်ချီးမြှင့်ခဲ့ပါသည်။ကျွန်တော်တို့ဒေသမှာငြိမ်းချမ်းရေးမရခင်ကာလ(လွန်ခဲ့သော၁၀နှစ်ခန့်)ကသောင်းကျန်းသူများကြီးစိုးနေသဖြင့်အသက်နှင့်ရင်းပြီးတာဝန်ထမ်းဆောင်ခဲ့ရပါသည်။ချောင်းပစ်ခံရသည့်ဘ၀,ပုန်းအိပ်ရသောဘ၀,ပုန်းရှောင်ရသောဘ၀များဖြင့်လုပ်ဆောင်ခဲ့ရပြီးအထက်မှပေးအပ်သောတာဝန်များကိုကျေပြွန်စွာထမ်းဆောင်ခဲ့ကြသူများဖြစ်ပါသည်။ယခုအေးချမ်းသောကာလတွင်တာဝန်ထမ်းနေသောရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှာလစာနှင့်ရုံးထောက်ပံ့စရိတ်ရနေသည့်အပြင်အပူအပင်မရှိလုပ်ကိုင်နေရပါသည်။ကျွန်တော်တို့မှာနိုင်ငံတော်အစိုးရနှင့်အတူခက်ခဲကြမ်းတမ်းသောဘက်စုံလုပ်ငန်းတာဝန်များကိုထမ်းဆောင်ခဲ့ပါသဖြင့်နိုင်ငံတော်မှအသိအမှတ်ပြုခြင်းကိုခံယူလိုပါသည်။ သို့ဖြစ်ပါသဖြင့်နိုင်ငံတော်မှလူကြီးများအနေဖြင့်အခက်အခဲများကြားကတာဝန်ကြေအောင်တာဝန်ထမ်းဆောင်ခဲ့ကြသောရပ်/ကျေးဥက္ကဌဟောင်းများနှင့်အုပ်ချုပ်ရေးမှူးဟောင်းများအားနိုင်ငံရေးပင်စင်သို့မဟုတ်သင့်လျော်သောအသိအမှတ်ပြုထောက်ပံ့ချီးမြှင့်မှုများဆောင်ရွက်ပေးပါရန်တင်ပြအပ်ပါသည်။ အားလုံးကိုယ်စား ရေးမြို့နယ်မှဥက္ကဌဟောင်းများ ဖုန်း ၀၉၄၄၉၂၅၃၈၂၃,၀၉၄၂၅၃၅၃၈၈၈.ှူ >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:

Post a Comment