Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday 26 September 2013

(၂၅.၉.၂၀၁၃) ရက်နေ့တွင်တင်ခဲ့သော လားရှိုးမြို့ပြည်တွင်းအခွန်ဦးစီးမှ စိတ်ကြိုက်ငွေတောင်းခံခြင်း သတင်းအား ရိုးသားအေးဆေးစက်သုံးဆီဆိုင်များအဖွဲ့ လားရှိုးမြို့မှ ပြန်လည်ရှင်းလင်းခြင်း>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

(၂၀)ကြိမ်မြောက် လားရှိုးခရိုင်မှ ဦးစီးကျင်းပသော ဆိုကရေးတီး ပြိုင်ပွဲအတွက် ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဘဏ္ဍာငွေရှာဖွေရေးကော်မတီအဖြစ်  ပြည်တွင်းအခွန်များဦးစီးဌာနအား တာဝန်ပေးအပ်ခဲ့ရာ မိမိတို့စက်သုံးဆီဆိုင်လုပ်ငန်းရှင်များမှ မိမိတို့မြို့တိုးတက်ဖွံ့ဖြိုးရေး
အတွက် မိမိတို့စိတ်ဆန္ဒသဒ္ဒါတရားအရ အလှူငွေထည့်ဝင်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ထို့ကြောင့် 
(၂၄-၉-၂၀၁၃)ရက်နေ့တွင် အလှူငွေသွားရောက်ထည့်ဝင်ရန် ပြည်တွင်းအခွန်များဦးစီးဌာနသို့ သွားရောက်ထည့်ဝင်ခဲ့ပါသည်။ကျန်ရှိနေသော ခရီးလွန်နေသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း
 (၂၅-၉-၂၀၁၃)တွင် အလှူငွေသွားရောက်လှူဒါန်းချိန်တွင် ဧရာဝတီ ဘဏ်မှလည်း အလှူငွေ လာရောက်လှူဒါန်းသည်ကို တွေ့ရသည်။သို့ပါသောကြောင့် ကျွန်တော်များ စက်သုံးဆီဆိုင် လုပ်ငန်းရှင်များအဖွဲ့မှ မိမိတို့မြို့တိုးတက်စေရေးအတွက် မိမိတို့ သဘောအရ အလှူငွေ
ထည့်ဝင်ခြင်းအား ပြည်တွင်းအခွန်များဦးစီးဌာနနှင့် မိမိတို့လုပ်ငန်းရှင်များအပေါ် အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်သော သတင်း တင်အပေါ် မြို့ဖွံ့ဖြိုးတိုးတက်မှုအတွက် ရှောင်ရှားစေလိုသည်။  စက်သုံးဆီဆိုင် လုပ်ငန်းရှင်များအဖွဲ့မှ အသရေဖျက်မှု ပုဒ်မ ၅၀၀၊ မဟုတ် မမှန်သော တိုင်တန်းမှု ပုဒ်မ ၂၁၁ နှင့် မမှန်မကန်သော သတင်းပေးတိုင်တန်းမှု ပုဒ်မ ၁၈၂ တို့ဖြင့် အရေးယူမှု ပြုနိုင်သည်ကို သိရှိစေလိုသည်။

http://hwhforandroid.blogspot.com/2013/09/hwh_9328.html ဖြင့် တင်ခဲ့သော ပို့(စ်)အား ပယ်ဖျက်(သို့) ရှင်းလင်းစေလိုပါသည်။

ရိုးသားအေးဆေးစက်သုံးဆီဆိုင်များအဖွဲ့
လားရှိုးမြို့
shanlso777@gmail.com
 
ဆက်နွယ်တင်ပြချက်။.........။  http://hwhforandroid.blogspot.com/2013/09/hwh_9328.html
 
>>>>>>>>>>>>>>>>>>>>
 
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)  

No comments:

Post a Comment