Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 28 September 2013

ဒေသခံများနှင့်ပြသနာဖြစ်ပွားနေသောဌာနဆိုင်ရာတာဝန်ရှိသူများ၏ သတိထားစောင့်ကြည့်ခြင်းခံနေရ သည့် ကန်ကြီးထောင့်မြို့မြို့မအမဲ သားသတ်လိုင်စင်(c)ဆွဲယူထားသူနင့်အမဲ လိုင်စင်ကိုယ်စားလှယ်တို့အားလိုင်စင်ပိတ်သိမ်း သည်အထိအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နောက်ဆုံးအကြိမ် သတိပေးအကြောင်းကြားထား...။ မိုးကုတ်မြို့ နယ်ကြက်ခြေနီဒုတပ်ရင်းမှူး ကြက်ခြေနီတပ်ဖွဲ့ပိုင်ကားဆိုင်ကယ်များကိုကိုယ်ပိုင်ပစ္စည်းကဲ့သို့သုံးစွဲနေ>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ဒေသခံများနှင့်ပြသနာဖြစ်ပွားနေသောဌာနဆိုင်ရာတာဝန်ရှိသူများ၏ သတိထားစောင့်ကြည့်ခြင်းခံနေရ သည့် ကန်ကြီးထောင့်မြို့မြို့မအမဲ သားသတ်လိုင်စင်(c)ဆွဲယူထားသူနင့်အမဲလိုင်စင် ကိုယ်စားလှယ် တို့အားလိုင်စင်ပိတ်သိမ်း သည်အထိအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နောက်ဆုံးအကြိမ် သတိပေးအကြောင်းကြားထား

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဒေသခံများနှင့်ပြသနာဖြစ်ပွားနေ၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၏ သတိထားစောင့်ကြည့်ခြင်းခံနေရ သည့် ကန်ကြီးထောင့်မြို့မြို့မအမဲသားသတ်လိုင်စင်(c)ဆွဲယူထားသူဦးအောင်နိုင်ဦးနင့် ဦးမြင့်ဝေမြို့မအမဲ လိုင်စင်ကိုယ်စားလှယ်တို့အားလိပ်မူ၍ စာအမှတ်၉၂၆/ဃ-၂/ကကထ(00၁)ဖြင့်မြို့နယ် စည်ပင်သာယာရေး
အဖွဲ့ ကန်ကြီးထောင့်မြို့မှ၂၀၁၃ခုနစ်စက်တင်ဘာလ ၂၇ ရက် ရက်စွဲဖြင့်နောက်ဆုံးအကြိမ် သတိပေး
အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်းသိရှိရပါသည်။
           အဆိုပါအကြောင်းကြားစာ၌ မြို့မအမဲသားသတ်လိုင်စင်(c)မှ ၂၆. ၉.၂၀၁၃ရက်နေ့ည ၁၂:၃၀ နာရီအချိန်တွင်အမှတ် ၁ ရပ်ကွက် ရွှေဘိုတန်းလမ်းထိပ်တွင်အမဲသားများသယ်ဆောင်လာစဉ် တာဝန်ရှိသူများမှခေါ်ယူစစ်ဆေးရာခွင့်ပြုသားသတ်ကောင်ရေထက်ပိုမို၍ သတ်ဖြတ်ထားကြောင်း
တွေ့ရှိရသဖြင့် ဒဏ်ကြေးငွေ၅၀၀၀၀ကျပ်ပေးဆောင်စေရန်နှင့် ၂၇.၉.၂၀၁၃မှ၃၀.၉.၂၀၁၃ရက်နေ့ထိ
သားသတ်လုပ်ငန်းအားရပ်ဆိုင်းထားစေရန်အပြင် အလားတူကိစ္စမျိုးထပ်မံစစ်ဆေးတွေ့ရှိပါက လိုင်စင်ပိတ်သိမ်းသည်အထိအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နောက်ဆုံးအကြိမ်သတိပေး အကြောင်းကြားသည်ဟူ၍ဦးဌေးလွင် အမှုဆောင်အရာရှိမှလက်မှတ်ရေးထိုး၍ပေးပို့ခဲ့ကြောင်းသိရပါသည်။

ဘုန်းဆက်လင်း
မြို့လယ်လမ်း
အမှတ် ၂ ရပ်ကွက်
ကန်ကြီးထောင့်မြို့
၄၉၇၄၀၅၇၆

>>>>>>>>>>>>>>>>>>>>>>

မိုးကုတ်မြို့ နယ်ကြက်ခြေနီဒုတပ်ရင်းမှူး ကြက်ခြေနီတပ်ဖွဲ့ပိုင်ကားဆိုင်ကယ်များကိုကိုယ်ပိုင်ပစ္စည်းကဲ့သို့သုံးစွဲနေ

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 မိုးကုတ်မြို့ နယ်ကြက်ခြေနီဒုတပ်ရင်းမှူးဦးမြင့်ဦးသည်ကြက်ခြေနီတပ်ဖွဲ့ပိုင်ကားဆိုင်ကယ်များကို ကိုယ်ပိုင်ပစ္စည်းကဲ့သို့သုံးစွဲနေပြီး တပ်ဖွဲ့အတွက်ရသောဖုန်းကိုလည်းမဲမနှိုက်ပဲ ကိုယ်ပိုင်သုံးစွဲ၍ခေါင်းဆောင်
မပီသခြင်း၎င်းသည်မွတိစလင်လူမျိုးဖြစ်ြပီးတပ်ဖွဲ့ငွေများနှင့်အများဆိုင်ငွေများကိုကိုယ်ကျိုးသုံးစွဲလျက်ရှိပါသည်။မိမိအားမကြိုက်မှန်းသိသော်လည်း ရာထူးရှုး၍မဆင်းနိုင်အရသာတွေ့နေပါသည် ၄င်းအားတပ်ဖွဲ့ဝင်အားလုံးကလက်မခံပါကြောင်းကြေငြာအပ်ပါသည်။

ညီညီလွင်
ရင်းတပ်ကြပ်ကြီးဟောင်း
မိုးကုတ်

>>>>>>>>>>>>>>>>>>>>>

 “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:

Post a Comment