မကွေးတိုင်းဒေသကြီး,ပွင့်ဖြူမြို့နယ်,ဇီးတောကျေးရွာအုပ်စုဇီးတောကျေးရွာမှ ဤတံတားသည်
ဇီးတောကျေးရွာ၏မြောက်ဖက် တမိုင်ခန့အကွာတွင် ဇီးတောကျေးရွာ ရွာသစ်အပါအဝင်
တံတိုင်းရှည်တောကျောင်းနှင့်ဇီးတောကျေးရွာ ရွာမအား ဆက်သွယ်ထားသည့် " ဝရာ "ခေါ် ရိုးချောင်းပေါ်တွင်တည်ဆောက်ထားပါသည်။် |
ဤတံတားသည် ကျေးရွာရွာသစ်မှ လုပ်သားပြည်သူများနှင့် တံတိုင်းရှည်တောကျောင်းမှ သံဃာတော်များ သွားလာရန်အတွက်ဆောက်လုပ်ထားခြင်းဖြစ်ပါသည်။သံဃာတော်မျးအနဖြေင့် ဤတံတားကို အားပြုကာ ဆွမ်းနှင့်ဆွမ်းဟင်း အဟာရဝေရာဝစ္စများကို ပြီးဆုံးစေပါတယ်။ဒီလိုသံဃာတော်အပါအဝင်
လုပ်သားပြည်သူများ အားကိုးအားထားပြုရတဲ့ တံတားကြီးမှာ ယခုအခါ
ယိုယွင်းပျက်စီးနေပါသဖြင့် ကျွန်တော်တို့ ရွာသူရွာသားများနှင့်စေတနာရှင်များ ပြုပြင်နေသည်မှား ပြီးစီးသလောက်နီးနေပမေဲ့ ကျန်ရှိနေသော အပိုင်းအတွက် ငွေးကြေးအခက်အခဲတွေ့နေရပါသည်။ဒါကြောင့်
နိုင်ငံတဝန်းမှ စေတနာရှင် ကုသိုလ်ရှင်များအနဖြေင့် တတ်စွမ်းသလောက်
ပါဝင်ကုသိုလ်ယူပေးကြပါရန် တိုက်တွန်းနိုးဆော် ဖိတ်ခေါ်အပ်ပါသည်။ |
မှတ်ချက်။
။ တံတိုင်းရှည်တောကျောင်းကို ဝန်းရံထားသည့်တံတိုင်းများသည်
ရှေးကျသောအုတ်များဖြင့် တည်ဆောက်ထားပြီး အကျယ်အဝန်းမှာ ၂
ဧကခန့်ရှိပါသည်။အုတ်များမှာ အလျား၂ ပေ အနံ ၁ ပေ ထု ၁ လက္မ
ခန့်ရှိပါသည်။အုတ်များရဲ့သက်တမ်းမှာ ပုဂံခေတ်က လို့ယူဆရပါသည်။သို့ပါသောကြောင့် သမိုင်းပညာရှင် သုတေသီများလည်း လေ့လာရန်ဖိတ်ခေါ်အပ်ပါသည်။ |
ကျေးရွာတံတားဖြစ်မြောက်ရေးဆပ်ကော်မတီ |
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ဇီးတောကျေးရွာ |
ph- 0933178968-ကိုသက်ဝေအောင် |
-096565723-ဦးအေးပို | | | |
No comments:
Post a Comment