Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Friday 13 September 2013

ထင်ရာစိုင်းနေကြသောပု​သိမ်မြို့ အ ထ က ကျောင်းများမှဆရာ ဆရာမများ>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

လူဦးရေ ၂သိန်းခွဲကျော် နေထိုင်သော ဧရာဝတီတိုင်းမြို့တော် ပုသိမ်မြို့ သည် မြန်မာနိုင်ငံ ၏ အဓိက မြစ်ဝကျွန်းပေါ်ဒေသမြို့ဖြစ်ပါသည်။လူမျိုးပေါင်းစုံနေထိုင်ရာပုသိမ်မြို့၌ လူမျိုးရေးပဋိပက္ခ တို့ မဖြစ်ပွားသည်မှာလည်း တိုင်းဒေသကြီး အစိုးရ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ၏စည်းလုံးညီညွတ်မှု့ ကြောင့်ဟု ဆိုပါလျှင် မည်သူငြင်းနိုင်အံ့နည်း။ မှန်ပါသည်။ပုသိမ်သည် ဗုဒ္ဓသာသနာ ရောင်ဝါနေသို့ ထွန်းကားသလို အခြားဘာသာတရားများလည်း လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ရှိမြဲ ရှိဆဲ နောင်လည်းရှိနေလိမ့်ဦးမည်။ သို့ပါသော်လည်း လွန်ခဲ့သော နှစ်လခန့်က ပုသိမ်မြို့ အထက ၃ ၌ ဖြစ်ခဲသောအဖြစ်ပျက်တစ်ခုအတွက် စာရေးသူ စိတ်မကောင်း ဖြစ်ခဲ့ရသည်။စာရေးသူသာမက ထိုကျောင်း၌ တက်ရောက် ပညာဆည်းပူးနေကြသော ဘာသာခြား အစ္စလာမ် ကလေးငယ်များအတွက် စိတ်မကောင်း ဖြစ်ခဲ့ကြရသည်။အစ္စလာမ်သာသနာ ၏ ပျော်ပွဲရွှင်ပွဲနေ့ဖြစ်သော အိဒ်နေ့ ၌ လစဉ် စာမေးပွဲကို ကျင်းပခဲ့သည်။ဘာသာရေးလွတ်လပ်ခွင့် ရှိသည် ဆိုသော ဧရာဝတီတိုင်းမြို့တော် ပုသိမ်တွင် ထိုကိစ္စရပ်မျိုးရှိသည်ဟု ယုံနိုင်စရာပင်မရှိ။နားလည်မှု့ပေါင်းမြောက်များစွာနှင့် တည်ဆောက်လာခဲ့ သော ငြိမ်းချမ်းရေးကို ထို ဘာမဟုတ်သော ကိစ္စရပ်လေးက ကမောက်ကမ ဖြစ်ပွာစေခဲ့ပါက နစ်နာရမည်က ၂ သိန်းခွဲ ဝန်းကျင်ရှိသော ပြည်သူလူထုပင်။ နောက်တစ်ချက်တင်ပြလိုသည်မှာ ရှေးရိုးစွဲ ဆရာ ဆရာမ တို့၏ ခြယ်လှယ်မှု့ကြောင့် တစ်ကျောင်းတည်းပညာသင်ကြားနေကြသော စာသင်သားတို့အချင်းချင်း ဘာသာရေး လူမျိုးရေးခွဲခြားခံရမှု့များ တစ်နေ့တခြားများပြားလာနေသည်မှာလည်း စိုးရိမ်စရာပင်။စာရေးသူ ငယ်စဉ်က ပညာသင်ကြားခဲ့ရသောကာလ များ၌ ဆရာ ဆရာမများမှာ လူမျိုးရေးမခွဲခြားခဲ့ကြပေ။ပုသိမ်မြို့ အထက ၂ နှင့် ၃ ,၆ တို့၌ ထိုကဲ့သို့ ခွဲခြားဆက်ဆံခံရမှု့များအား တိုးလို့ မြင်နေရသည်က စိတ်မချမ်းသာစရာ။ လွတ်လပ်သော လူ့ဘောင်အဖွဲ့စည်းကို အနာဂတ်တွင်ထူထောင်လိုပါက ငယ်စဉ်ကပင် ခွဲခြားဆက်ဆံ ခံရသော အုပ်စု နှစ်စု သည် မည်သို့သော အခါတွင်မှ သင့မြတ်လိမ့်မည်ဟုစာရေးသူမထင်မြင်မိပါ။ ထို့ကြောင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ရှေးရှုလျက် ဧရာဝတီတိုငး ထာဝစဉ် သာယာရေးကို ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်၍ အုပ်ချုပ်သူ အာဏာပိုင်များသို့ လေးစားစွာတင်ပြအပ်ပါကြောင်း။် ptn2013@gmail.com> >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:

Post a Comment