Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Monday 23 September 2013

ရန်ကုန်တိုင်းတိုက်ကြီးမြိ့ က ငမန်းလောင်းကစားဆိုင် အရေးယူပေးပါရန်...။ ၇န်ကုန်တိုင်း ကော့မူးမြို့ ပြည်တော်သာရပ်ကွက်ရှိ အများသုံးသောက်ရေကန်အနီး ကျန်းမာရေးအတွက် ကူညီဖြေရှင်းပေးပါရန် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”


ရန်ကုန်တိုင်းတိုက်ကြီးမြိ့ က ငမန်းလောင်းကစားဆိုင် အရေးယူပေးပါရန်

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကျွန်တော်ကတော့ရန်ကုန်တိုင်းတိုက်ကြီးမြို့လေးကပါပြောချင်တာကအခြေခံလူတန်းစားဘဝကို ဖျက်ဆီးနေတဲ့ငမန်းလောင်းကစားဆိုင်တွေကိုအစိုးရကအရေးမယူလက်ပိုက်ကြည့်နေတယ်ဆိုတာပါလွန်ခဲ့တဲ့ဆယ်ငါးရက်လောက်၁၉၉ကိုဖုန်းဆက်တိုင်ကြားတော့လဲပါစပ်ကသာပြောပြီးရေရေရာရာ အရေးယူပေးခဲ့ခြင်းမရှိပါဘူးဒီလိုပဲလွန်ခဲ့တဲ့၆လလောက်တိုက်ကြီးရဲစခန်းဖုန်း(၀၅၅၂၀၀၀၃) ကိုတိုင်တော့လဲငမန်ဆိုင်မန်နေဂျာကိုတိုင့်ကြားတဲ့ဖုန်းနံပါတ်ပြောပြီးဆိုင်ကိုဆယ်မိနစ်ခန့်ပိတ်ခိုင်းပြီးပြန်ဖွင့်ခိုင်းခဲ့ပါတယ်ဒါကြောင့်ဒီလိုအကျင့်ပျက်ချစားနေတဲ့ဝန်ထမ်းများနဲ့လောင်းကစားဆိုင်များအားအရေးယူပေးကြပါရန်လူကြီးမင်များအားတင်ပြအပ်ပါတယ်ခင်ဗျာ                                                
                          မြဝတီလမ်း(၂)လမ်း       မျိုးမင်းထိုက်

>>>>>>>>>>>>>>>>>>>

၇န်ကုန်တိုင်း ကော့မူးမြို့ ပြည်တော်သာရပ်ကွက်ရှိ အများသုံးသောက်ရေကန်အနီး ကျန်းမာရေးအတွက် ကူညီဖြေရှင်းပေးပါရန်

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

၇န်ကုန်တိုင်း ကော့မူးမြို့ ပြည်တော်သာရပ်ကွက်ရှိ
အများသုံးသောက်ရေကန်ရှေ့မျက်နစာ
တွင်ဆိုက္ကားပြင်ဆိုင်၊ အရက်ဆိုင်၊
လောင်းကစားဆိုင်၊ ဆံပ်ငညပ်ဆိုင်၊ခေါက်ဆွဲဆိုင်၊ ကုန်ဆုံဆိုင်၊
လူနေတဲစသည်များပိတ်ဆို့ပြီး
ရေကန်၏သန့်ရှင်းမှု့အားအပေါ့အပါးသွားခြင်းဖြင့်ညစ်ညမ်းစေပါသည်။
ထိုကဲ့သို့စည်းကမ်းမဲ့ဥပဒေမဲ့ဆောင်ရွက်နေခြင်းအား
မည်သည့်အဖွဲ့အစည်းမှဝင်ရောက်ပြောဆိုခြင်းဟန့်တားခြင်းမရှိပါသဖြင့်
သောက်ရေကန်ကြီး ညစ်နွမ်းပြီး
လုပ်သားပြည်သူများ၏ကျမ္မာရေးကိုအထူးဆိုးရိမ်နေရပါသဖြင့်
သက်ဆိုင်ရာမှကူညီဖြေရှင်းပေးပါရန် တင်ပြလိုက်ပါသည်။
 
set.kay.mms@googlemail.com
 
>>>>>>>>>>>>>>>>>>>>>>>
 
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)  

No comments:

Post a Comment