Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ
Monday 30 September 2013
ရှမ်းပြည်​ ​မြောက်​ပိုင်း လားရှိုးမြို့ အုပ်​ချုပ်​​ရေးမှူးရုံး၌ဖုန်းမဲနိုက်​ရာတွင်​ လိမ်​ညာခြင်း...။ခံစားနေရမြန်အောင်မြို့ နယ် ရွှေပြည်သာရေနံမြေ ၀န်ထမ်းဘ၀>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
ရှမ်းပြည်​ ​မြောက်​ပိုင်း လားရှိုးမြို့ အုပ်​ချုပ်​​ရေးမှူးရုံး၌ဖုန်းမဲနိုက်​ရာတွင်​ လိမ်​ညာခြင်း
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ရှမ်းပြည်​ ​မြောက်​ပိုင်း လားရှိုးမြို့ အမှတ်​ ၄ ရပ်​ကွက်​ အုပ်​ချုပ်​​ရေးမှူးရုံးတွင်​ ယခုလအတွက်​ တယ်​လီဖုန်း ဆင်းကဒ်​ များ မွဲခွဲချ​ပေးရာတွင်​ ပြဿနာများဖြစ်​​ပေါ်ခဲ့ပါသည်​။ အ​ကြောင်းအရာ အပြည့်​အစုံမှာ ယခင်​ကတည်းက ဖုန်းကဒ်​ မဲခွဲချ​ပေးမှုမှာ ရိုးသားမှုမရှိ​ကြောင်း သတင်းများ​ပေါ်​ပေါက်​​နေပါသည်
။ သို့ပါ​သော်​လည်း တိကျသည့်​ အ​ခြေအ​နေကို မရရှိ​သေးသဖြင့်​ လစဉ်​တိုင်း ​စောင့်​ကြည့်​ခဲ့ကြရာ ယခုလတွင်​မှ အဖြစ်​မှန်​ကို သိကြရပါသည်​။ ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးရုံးတွင်​ ဖုန်းကတ်​ မဲမနိုက်​ခင်​ကပင်​ ဗလာကို ​သေချာလုပ်​ထာပြီး မဲနိုက်​သည့်​အခါ သူတို့ကို လာဘ်​​ပေးထားတဲ့သူ မဟုတ်​သဖြင့်​ မဲ​ပေါက်​စာရွက်​ကို ဗလာမဲဖြင့်​ လဲလှယ်​ကာ မ​ပေါက်​ဘူးဟု ​ကြော်​ငြာရာ အနီးရှိ ​သေ​သေချာချာ ကြည့်​​နေ​သော မဲ​ပေါက်​သူက မဲ​ပေါက်​တာကို မ​ပေါက်​ဘူးဟု လိမ်​လည်​သဖြင့်​ စကားများကြရာ ​တော်​​တော်​​လေးရှင်းခဲ့ ကြရပါသည်​။ ယခင်​ကတည်းက လိမ်​ပြီးမဲနိုက်​​နေမှန်း သိ​ပေမယ့်​ယခုလို လက်​ပူးလက်​ကြပ်​ မမိသဖြင့်​ မ​ပြောသာခဲ့ကြရပါ။ ယခုလို အများပြည်​သူကို လစဉ်​လတိုင်း လိမ်​လည်​၍ မမှန်​မကန်​ လုပ်​​ဆောင်​​နေကြ​သော ရပ်​ကွက်​ ၄ မှ အုပ်​ချုပ်​​ရေးမှူး ဦး​အောင်​နိုင်​ နှင့်​ တာဝန်​ရှိသူများကို အထက်​လူကြီးများမှ လိုအပ်​သလို အ​ရေးယူ​ပေးပါရန်​ ရပ်​ကွက်​သူ/သားများကိုယ်​စား သက်​ဆိုင်​ရာ တာဝန်​ရှိသူများကို အသိ​ပေး တိုင်​ကြားအပ်​ပါသည်​။
ရပ်​ကွက်​ ၄ မှ တာဝန်​ရှိသူပြည်​သူတစ်​ဦး
shanmalay.lashiothu@gmail.com
>>>>>>>>>>>>>>>>>>>>>>>>
 ခံစားနေရ မြန်အောင်မြို့ နယ် ရွှေပြည်သာရေနံမြေ ၀န်ထမ်းဘဝ
။။။။။။။။။။။။။။။။။။။။။။။။။။။။။
မြန်အောင်မြို့ နယ် ရွှေပြည်သာသဘာဝဓါတ်ငွေ့မြေ ကြီးကြပ်ရေးအင်ဂျင်နီယာ ဦးအောင်မြင့်သည်
လုပ်ပိုင်ခွင့်ကိုအခွင့်ကောင်းယူပြီး အလွဲသုံးစားပြုခြင်း ၊အရှိန်အ၀ါကိုအသုံးပြု၍ ၀န်ထမ်းများအပေါ်၌
 မောက်မာစွာ ဆက်ဆံခြင်း ၊ မသမာမှုများပြုလုပ်ခြင်းများ ပြုလုပ်နေပါသည်။တွင်းပြင်ခြင်း၊
ကားအသုံးပြုခြင်း စသော လုပ်ငန်းများကို တကယ်မလုပ်ပဲ လုပ်ငန်းပြ၍ ရေနံများထုတ်ယူရောင်းစားနေခြင်း
(ဥပမာသရက်ပင်ဇယ် တံတားဆောက်ရာတွင် လှူသည်ဟု အကြောင်းပြ၍ ပိုက်များရောင်းစားခြင်း)
အာဏာပါဝါပြ၍ မခံနိုင်အောင် ချုပ်ချယ်မှုပြုကာသူ့စကားနားမထောင်ဘူးဟု အကြောင်းပြ၍  ရက်ပျက်ချခြင်းခွင့်ရက်ရှည်နားခိုင်းခြင်း ၊ ဝေးလံဒေသများသို့ ပြောင်းရွှေ့ ခိုင်းခြင်း များ ပြုလုပ်လျက်ရှိပါသည်။နှစ်ချီ၍ အလုပ်မဆင်းနိုင်သူများအားလည်း အလုပ်အဆင်းပြပေး၍ လစာများအားထုတ်ယူသုံးစွဲနေပါသည်
 phonenayla35@gmail.com
>>>>>>>>>>>>>>>>>>>>>>>>>
 “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) 
No comments:
Post a Comment