Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 14 September 2013

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့ မြို့နယ်လုံးဆိုင်ရာအမျိုးဘာသာ သာသနာ ထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းးခြင်း.../ မန္တလေးမြောက်ပိုင်းမူးယစ်အထူးတပ်ဖွဲ့မှ ဥပဒေကို လှည့်စားနေ​သူများ>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့ မြို့နယ်လုံးဆိုင်ရာအမျိုးဘာသာ သာသနာ ထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းးခြင်း ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့ မြို့နယ်လုံးဆိုင်ရာ အမျိုးဘာသာ သာသနာ ထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းခြင်းအခမ်းအနားအား ၁၆.၉.၂၀၁၃ခုနစ်တနင်္လာနေ့ နံနက် ၈ နာရီမှ ညနေ ၅ နာရီထိမင်္ဂလာရာမကျောင်းတိုက်အတွင်း၌သံဃာအပါး ၃၀၀ မှဦးဆောင်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါသည် ဘုန်းဆက်လင်း မြို့လယ်လမ်း ကန်ကြီးထောင့်မြို့ ဖုန်း ၄၉၇၄၀၅၇၆ >>>>>>>>>>>>>>>>>>>>>>> မန္တလေးမြောက်ပိုင်းမူးယစ်အထူးတပ်ဖွဲ့မှ ဥပဒေကို လှည့်စားနေ​သူများ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ၅.၁.၂၀၁၃ မန္တလေးမြောက်ပိုင်းမူးယစ်အထူးတပ်ဖွဲ့မှ ပြင်ဦးလွင်မြို့ ရက်ကွက်ကြီး (၁၀) သစ်တောလမ်း ပန်းမြို့တော် စားသောက်ဆိုင်တွင် တိုင်းဝင်းအောင်ခေါ် ရခိုင်မှ မူးယစ်ဆေးဝါး၊စိတ်ကြွဆေးဝါးများရောင်းချမည့်သတင်းအ၇စောင့်ဆိုင်းဖမ်းမိခဲ့ပါသည်။ ဖြစ်စဉ်မှာ ၅.၁.၂၀၁၃ နေ့ ညနေ (၄) နာရီခန့်တွင် ဦးလေးတော်စပ်သူ ရခိုင်(ခ) တိုင်းဝင်းအောင် နှင့် အဖော် မင်းသက်ဝေနှစ်ဦးမှ ပဒေသာမြို့သစ် ( ၀ ) ရပ်ကွက် အိမ်နံပါတ် (၈၄) ခေတ္တရာလမ်း မိခင် အိမ်သို့အလည်လာရောက်နေသော မောင်၇ဲလင်းအောင် ကို ၎င်းတို့နှင့် ခဏလိုက်ခဲ့ရန်ခေါ်ဆောင်သွားပါသည်။လမ်းတွင် မင်းသက်ဝေမှ ပလပ်စတစ်ဗူး အမည်းရောင်အား ရဲလင်းအောင်ကို "ဒါယူထား"ဟု ပြောပြီး ပေးခဲ့ပါသည်။ ပန်းမြို့တော် ဘီယာဆိုင်သို့ ရောက်သောအခါ မူးယစ်အဖွဲ့မှ စောင့်ဆိုင်းဖမ်းဆီးခဲ့ကြပါသည်။စတင်ဖမ်းဆီးမိရာတွင် ဘီယာဆိုင်၌ တိုင်းဝင်းအောင်(ခ)ရခိုင်မှ ပစ္စည်းပိုင်ရှင်ဖြစ်ကြောင်း မူးယစ်သက်သေများ ရှေ့တွင် ၀န်ခံထားပြီးဖြစ်ပါသည်။တိုင်းဝင်းအောင်မှာလည်း အားလုံး တာဝန်ယူမည်ဖြစ်ကြောင်း၊ရှေ့နေငှားမည်ဖြစ်ကြောင်း ရဲလင်းအောင်၏ မိခင်အား ပြောဆိုခဲ့ပါသည်။ ၁၁.၇.၂၀၁၃ ရုံးချိန်းနေ့တွင် ၇ပ်ကွက်သက်သေမှ မမှန်ကန်သောစကားများ ထွက်ဆိုခဲ့ပါသည်။ထို့ကြောင့် ရဲလင်းအောင်၏မိခင်မှ ရှေ့နေတစ်ဦး ခွဲထွက်၍ ငှားခဲ့ပါသည်။ ၅.၈.၂၀၁၃ နေ့တွင် ညနေ (၄)နာ၇ီတွင် ဆေးရုံမှ ဆရာဝန် ( ဆီး ) စာ လာဖတ်၇ာ ရဲလင်းအောင်မှာ ဆီး ကျ၇ှုံးပြီး၊ အမှန်တကယ် ရောင်းဝယ်ဖြန့်ဖြူးသူနှင့် ပစ္စည်းပိုင်ရှင် နှစ်ဦးဖြစ်သူ တိုင်းဝင်းအောင်နှင့် မင်းသက်ဝေ တို့မှာ (ဆီး) အောင်ခဲ့ပါသည်။ယခုအခါ ပြစ်မှုအားလုံးအား တ၇ားခံ တိုင်းဝင်းအောင် (ခ) ရခိုင်နှင့် မင်းသက်ဝေ နှစ်ဦးလုံးမှာ ဓါးစာခံ ရဲလင်းအောင် အပေါ်သို့ စုပုံချရန် ကြိုးစားနေပါသည်။္ဌယခုအမှုအား မှန်မှန်ကန်ကန်ဆုံးဖြတ်ပေးရန်နှင့် အဂတိ လိုက်စားမှု မရှိပဲ တရားမျှတစွာ ဆုံးဖြတ်ပေး၇န်နှင့် အမှုမှန် ပေါ်ပေါက်ရန် မိခင်ဖြစ်သူမှ တောင်းဆိုတင်ပြအပ်ပါသည်။ - ဒေါ်အေးအေးမြင့် (Ph/ 09 400306184 ) >>>>>>>>>>>>>>>>>>>>>>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:

Post a Comment