Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 21 September 2013

သမဝါယမအသင်းပိုင် စက်မှုဇုန်မြေကွက်ကိုရောင်းချရာတွင် အသင်းသားများကို အသိပေးအကြောင်းကြားခြင်းမရှိဘဲ အရပ်ရပ်ဆိုင်ရ အသင်းသားစုံညီအစည်းအဝေးတွင် အဆိုပါအသင်းသားများ၏ လက်မှတ်များကိုအတုထိုး၍ ခွင့်ပြုချက်ရယူပြီး ငွေကျပ်သိန်းသုံးထောင် ကျော်နှင့် ရောင်းချခဲ့မှုကို တိုင်ကြားခြင်း။>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ဝန်ကြီး
သမဝါယမဝန်ကြီးဌာန
နေပြည်တော်။

                                  အသိပေးတိုင်ကြားလွှာ။
                                                              ရက်စွဲ၊ ၂ဝ၁၃ ခုနှစ်၊ စက်တင်ဘာလ ( )ရက်
အကြောင်း အရာ။    ။ သမဝါယမအသင်းပိုင် စက်မှုဇုန်မြေကွက်ကိုရောင်းချရာတွင် အသင်း
                            သားများကို အသိပေးအကြောင်းကြားခြင်းမရှိဘဲ အရပ်ရပ်ဆိုင်ရာ
                            အသင်းသားစုံညီအစည်းအဝေးတွင် အဆိုပါအသင်းသားများ၏ လက်
                            မှတ်များကိုအတုထိုး၍ ခွင့်ပြုချက်ရယူပြီး ငွေကျပ်သိန်းသုံးထောင်
                           ကျော်နှင့် ရောင်းချခဲ့မှုကို တိုင်ကြားခြင်း။

အထက်ပါ အကြောင်းအရာနှင့်ပတ်သက်၍ ကျွန်မတို့သည် အမှတ်(၈၃/ခ)၊ စက်မှုဇုံ
(၁)၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ အားသစ်ချည်မျှင်နှင့် အထည်အင်ဂျင်နီယာလုပ်
ငန်း သမဝါယမအသင်း၏ အသင်းသားများဖြစ်ကြပါသည်။ ဤအသင်းတွင် အမှုဆောင်အဖွဲ့အပါ
အဝင် အသင်းသားစုစုပေါင်း(၆)ဦးသာ ရှိပါသည်။
ကျွန်မတို့သည် လွန်ခဲ့သောနှစ်ပေါင်း (၁၇)နှစ်ခန့်မှစတင်၍ အသင်းသားဖြစ်ခဲ့ကြ
သူများ ဖြစ်ပါသည်။ ထိုစဉ်က ချည်မျှင်နှင့်အထည်လုပ်ငန်းများ၊ အထည်ချုပ်လုပ်ငန်းများကို အသင်း
သားဝန်ထမ်းများအဖြစ် လုပ်ကိုင်ခဲ့ကြပါသည်။
အသင်း၏ အထည်ချုပ်လုပ်ငန်းများ ရပ်တန့်၍ ဝန်ထမ်းအဖြစ် မလုပ်သည့်အခါတွင်
လည်း အသင်းသားတို့၏ ဝတ္တရားနှင့်အညီ အသင်းသားအစည်းအဝေးများဖိတ်ကြားသည့်အခါ တက်
ရောက်ခြင်း၊ နှစ်ပါတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးများတွင် အမှုဆောင်အဖွဲ့မှ ဖိတ်ကြား
တာဝန်ပေးချက်အတိုင်း လက်တွဲဆောင်ရွက်ခြင်း၊ စာရင်းရှင်းလင်းခြင်း၊ ရှေ့လုပ်ငန်းစဉ်များကို ဖတ်ရှု
လေ့လာ၍ ဆွေးနွေးခြင်း၊ အတည်ပြုခြင်းများကို အစဉ်မပြတ် လုပ်ကိုင်ခဲ့ပါသည်။
ရွှေပြည်သာမြို့နယ်၊ သမဝါယမဦးစီးဌာနရှိ ဝန်ထမ်းများနှင့်လည်း ခင်မင်ရင်းနှီးသော
ဆက်ဆံရေးရှိခဲ့ကြသူများ ဖြစ်ပါသည်။
၂ဝ၁ဝ ခုနှစ် နှစ်ကုန်ပိုင်းမှအစပြု၍ အသင်းအမှုဆောင် အပြောင်းအလဲဖြစ်ပြီး
နောက် အမှုဆောင်အဖွဲ့မှ ကျွန်မတို့အသင်းသားများကို ဆက်သွယ်ခြင်း၊ ဆွေးနွေးခြင်း၊ အသင်း
အစည်းအဝေးများ ဖိတ်ကြားခြင်း၊ နှစ်ပတ်လည်စုံညီအစည်းအဝေးကျင်းပခြင်းများ သုံးနှစ်လုံးလုံး
တစ်ကြိမ်တစ်ခါမှ မပြုလုပ်ခဲ့ပါ။
ကျွန်မတို့သည် အသင်းမှဆက်သွယ်ရန် ခက်ခဲသူများမဟုတ်သည့်အပြင် အမြဲတမ်း
နေရပ်လိပ်စာ (အိမ်ပိုင်)ရှိကြသူများ ဖြစ်ကြပါသည်။
အသင်းတွင် ကျွန်မတို့ထက်စောသူဆို၍ အုပ်ချုပ်မှုဒါရိုက်တာ ၁-ဦးသာရှိပါသည်။
၎င်းနှင့်လည်း မကြာခဏတွေ့ဆုံပါသည်။ သို့သော်လည်း အသင်းနှင့်ပတ်သက်၍ တစ်ခါမှ မပြော
ကြားပါ။
ချည်မျှင်နှင့်အထည်အင်ဂျင်နီယာအသင်းဟု အမည်ခံယူထားသော်လည်း လက်ရှိ
အသင်းတွင် အင်ဂျင်နီယာတစ်ဦးမျှ မရှိပါ။
ယခုအခါ စက်မှုဇုံ(၁)၊ ရွှေပြည်သာမြို့ရှိ အသင်းပိုင်မြေကွက်အမှတ်- ၈၃(ခ)ရှိ မြေ
၁-ဧကကျော်ခန့်ကို ငွေကျပ်သိန်း(၃၆ဝဝ)ခန့်ဖြင့် ရောင်းချပြီးကြောင်း တခြားသူများတစ်ဆင့်
စကားဖြင့် ကြားသိရပါသည်။ တစ်ဖန် ထိုသို့ရောင်းချခဲ့သည်မှာ ၂ဝ၁၃ ခုနှစ်၊ မတ်လတွင်ဖြစ်၍ ယခု
အခါ ၆-လခန့်ရှိပြီဖြစ်ကြောင်း သိရပါသည်။
ထို့ကြောင့် တာဝန်ရှိသော အုပ်ချုပ်မှုဒါရိုက်တာသို့ ၂ဝ၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၂
ရက်နေ့တွင် သွားရောက်မေးသောအခါ ရောင်းချခြင်းမဟုတ်ဘဲ လွှဲပြောင်းတာဟုပြောပါသည်။
နောက်ဆုံးတွင် အသင်းဥက္ကဋ္ဌသဘောနှင့် ရောင်းတာဟုပြောပါသည်။ စကားတစ်ခွန်းတည်းနှင့်
နှစ်မျိုးပြောပါသည်။
ကျွန်မတို့က ဒီကိစ္စကို အသင်းသားအစည်းအဝေး မလုပ်ဘူးလားဟုမေးသောအခါ
အစည်းအဝေးတော့ လုပ်တယ်၊ အဲဒီအစည်းအဝေးမှာ လူကြီးတွေကရောင်းခိုင်းတာဟု ပြောပါသည်။
ထို့နောက် ကျွန်မတို့အသင်းသားများကို ဆက်သွယ်ရန်အချိန်မရ၍ လက်မှတ်များကို
သူတို့ဘာသာထိုးလိုက်ရကြောင်း ပြောပါသည်။
၎င်းနေ့က အစည်းအဝေးမှတ်တမ်းနှင့် ငွေစာရင်းရှင်းတမ်းတို့ကို ကျွန်မတို့အသင်း
သားများကိုပေးရန် တာဝန်ရှိသဖြင့် ပေးပါရန်ပြောသောအခါ မပေးနိုင်ကြောင်း၊ ကြာပြီဖြစ်၍ ရှာရဦး
မှာဖြစ်ကြောင်း၊ တိုင်းရုံးကို မိမိဘာသာသွားတောင်းကြဟု ပြောပါသည်။
ကျွန်မတို့အသင်းသားတွေ သဘောမတူဘူး၊ ကန့်ကွက်ကြတယ်ဆို ဘယ်လိုလုပ်
မလဲဟု မေးသောအခါ- အသင်းဥက္ကဋ္ဌနဲ့ ငါတို့နဲ့ပူးပေါင်းလုပ်ရင် ပိုက်ဆံရမယ်၊ မဟုတ်ရင် တာဝန်
မယူဘူး ဟုပြောပါသည်။
ဒါဆိုရင် ဥက္ကဋ္ဌကိုပြောပေးပါ။ အသင်းသားတွေကိစ္စ ဘယ်လိုလဲဆိုတာဟုပြောရာ-
ဥက္ကဋ္ဌကို သူကိုယ်တိုင် ဆက်သွယ်၍မရသဖြင့် သူ့မိန်းမနှင့်သာ ဆက်သွယ်ရကြောင်း၊ ပြောချင်ရင်
ကိုယ်တိုင်ပြောကြဟု ပြောပါသည်။
နောက်ဆုံးတွင် ကျွန်မတို့ကို နောက်နောင် လက်ခံစကားမပြောနိုင်ကြောင်း၊ ဘယ်
တော့မှ မလာခဲ့နဲ့ဟု ပြောလိုက်ပါသည်။
ထို့ကြောင့် ကျွန်မတို့အသင်းသားများအနေဖြင့် အဆိုပါကိစ္စ၏ အသေးစိတ်အချက်
အလက်များ၊ ငွေစာရင်းရှင်းတမ်းများ၊ အစည်းအဝေးမှတ်တမ်းများကို (၆)လခန့်ကြာမြင့်ပြီးသည့်
ကာလတိုင်အောင် မရရှိသေးပါ။
ကျွန်မတို့အသင်းသားများနှင့် မဆိုင်၊ လူကြီးများနှင့်သာ ရောင်းချလွှဲပြောင်းနိုင်
သည်ဆိုပါက ကျွန်မတို့အသင်းသားများ၏ လက်မှတ်များကို အတုအပရေးထိုးရန် လို/မလို စဉ်းစား
ရန်ရှိပါသည်။
ထိုကဲ့သို့ အသေးစိတ်တင်ပြရခြင်းမှာ ကျွန်မတို့အသင်းသားများအနေဖြင့် တစ်ခြား
ရွေးချယ်ရန် နည်းလမ်းမရှိ၍ တိုင်ကြားရခြင်းဖြစ်ကြောင်း သိစေလို၍ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ အားသစ်ချည်မျှင်နှင့်အထည်အင်ဂျင်နီယာအသင်းပိုင်ဆိုင်သော မြေကွက်
အမှတ်(၈၃/ခ)၊ စက်မှုဇုံ(၁)၊ ရွှေပြည်သာမြို့နယ်ရှိ ၁-ဧကအကျယ်အဝန်းရှိမြေကွက်ကို အသင်းသား
များ၏ သဘောတူညီချက်မပါရှိဘဲ တစ်ခြားအဖွဲ့အစည်းတစ်ခုသို့ လွှဲပြောင်းရောင်းချခဲ့ကြောင်း သိရှိ
ရပါသည်။ ထိုသို့ရောင်းချရာတွင် အသင်း၏ ပိုင်ရှင်အစစ်အမှန်များဖြစ်သော အသင်းသားအားလုံး
၏ သဘောတူညီချက်ကို ရယူရမည်ဖြစ်သော်လည်း ကျွန်မတို့၏ သဘောတူညီချက်ကို ရယူခဲ့ခြင်း
မရှိပါ။ အသင်းသားစုံညီအစည်းအဝေးလည်း ဖိတ်ကြားခေါ်ယူခဲ့ခြင်း မရှိပါ။
ထို့အပြင် ကျွန်မတို့(၃)ဦး၏ သဘောတူညီမှုကို ရရှိသယောင် အစည်းအဝေးမှတ်
တမ်းတွင် လိမ်လည်ဖော်ပြ၍ ကျွန်မတို့၏လက်မှတ်များကို ရာဇဝတ်မှုမြောက်စွာ တုပထိုးယူခြင်း၊
အဖွဲ့အစည်းအဆင့်ဆင့်သို့ ခွင့်ပြုချက်ရယူခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်းများကို အောက်ဖော်ပြပါအသင်းသားများမှ လုံးဝ သဘော
တူညီမှုမရှိကြောင်း၊ ကန့်ကွက်ကြောင်း တိုင်ကြားအပ်ပါသည်။
အသင်းသားအစည်းအဝေးလည်းမခေါ်၊ အသင်းသားများအားလည်း အသိမပေးသည့်
အပြင် အသင်းသားများ၏ လက်မှတ်များကိုပါ လိမ်လည်တုပထိုးယူလျက် အသင်းပိုင်မြေကွက်ကို
သိန်းထောင်ပေါင်းများစွာရယူပြီး လွှဲပြောင်းရောင်းချခဲ့ကြသည့် အသင်း၏ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့်
တာဝန်ရှိသူများကို စုံစမ်းစစ်ဆေး၍ ထိရောက်စွာ အရေးယူပေးပါရန်နှင့် အသင်းပိုင်မြေကွက်ကို
ရောင်းချခြင်းသည် တရားမဝင်ကြောင်း ကြေငြာပေးပါရန် လက်မှတ်ရေးထိုး တိုင်ကြားအပ်ပါသည်။
တိုင်ကြားသူအသင်းသားများ
၁။ ဒေါ်ထားလတ်ချို
၂။ ဒေါ်သင်းသင်းခိုင်
၃။ ဒေါ်နွယ်နွယ်အေးထွန်း

>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)  

No comments:

Post a Comment