Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 14 September 2013

ကွတ်ခိုင်မြို့၊ အမှတ် (၄) ရပ်ကွက်ရှိ အလကခွဲ (၂) ကိုယ့်အားကိုယ်ကိုး တိုးချဲ့ကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရေးအတွက် ကွတ်ခိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေကျပ် (၅) သိန်း ပေးအပ်လှူဒါန်း.../ ကျောက်တော်မြို့နယ်မှသက်ဆိုင်ရာအစိုးရဌာနများသို့အသိပေးတိုင်ကြားစာ>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ကွတ်ခိုင်မြို့၊ အမှတ် (၄) ရပ်ကွက်ရှိ အလကခွဲ (၂) ကိုယ့်အားကိုယ်ကိုး တိုးချဲ့ကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရေးအတွက် ကွတ်ခိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေကျပ် (၅) သိန်းပေးအပ်လှူဒါန်း ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ 12-9-2013 ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် ကွတ်ခိုင်မြို့၊ အမှတ် (၄) ရပ်ကွက်ရှိ အလကခွဲ (၂) ကိုယ့်အားကိုယ်ကိုး တိုးချဲ့ကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရေးအတွက် ကွတ်ခိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေကျပ် (၅) သိန်း ပေးအပ်လှူဒါန်းခဲ့ပါသည်။ အဆိုပါအလှူငွေ ပေးအပ်ပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးနှင့် မြို့နယ်ကော်မတီဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ပါသည်။ အောင်ကျော်မိုး 09 - 33031747 ရပ်ကွက် (၄) ၊ ကွတ်ခိုင်မြို့ >>>>>>>>>>>>>>>>>>>>>> ကျောက်တော်မြို့နယ်မှသက်ဆိုင်ရာအစိုးရဌာနများသို့အသိပေးတိုင်ကြားစာ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ၂၀၁၃ ခုဇုန်လ(၂၀)ရက်နေ့ထုတ်ပြန်ခဲ့သောဒေသအတွင်းအမိန့်ကြော်ငြာစာအားကျွန်ုပ်တို့ကျောက်တော်မြို့နယ်မှပြည်သူများ၏အမြင်ကိုသက်ဆိုင်ရာလူကြီးမင်းများထံအနည်းငယ်တင်ပြလိုပါသည်။ ကျောက်တော်မြို့မြို့မဈေး၌ရောင်းချနေသောဈေးသူဈေးသားများသည်အထူးကြော်ရွံ့စိုးရိမ်နေရပါသည်။ကျွန်ုပ်တို့ဝယ်ယူနေသူများသည်လည်းအသက်အန္တာရာယ်ကိုစိုးရိမ်နေရပါသည်။အဘယ်ကြောင့်ဆိုသော်လူပုဂ္ဂိုလ်တစ်ဦးဦး(သို့မဟုတ်)တပ်မတော်သားတစ်ဦးဦးကျောက်တော်မြို့မြို့မဈေး၌ဈေးဆိုင်များမှကုန်ပစ္စည်းများဝယ်ယူပါကအဆိုပါ၉၆၉အဖွဲ့နှင့်အမျိုးသမီးကွန်ရက်အဖွဲ့တို့သည်ပစ္စည်းများကိုစစ်ဆေးခြင်း၊၀ယ်ယူနေသူများကိုစစ်ဆေးခြင်းများပြုလုပ်ပြီး၎င်းအဖွဲ့သည်ဈေးရောင်းသူဝယ်သူများအားဘင်္ဂလီလူမျိုးများနှင့်ဆက်စပ်နေသည်ဟုသံသယရှိပါကစ္စည်းများအားသိမ်းယူခြင်း၎င်းဝယ်ယူသူအားရိုက်နှက်သတ်ပုတ်ခြင်း၊နဖူးပြင်၌အမျိုးမျိုးစာရေးကာမြို့ထဲ၌လှည့်လည်ခိုင်းခြင်း၊ရောင်းချသောဈေးဆိုင်သည်များကိုလည်းနေအိမ်အားကျောက်ခဲများဖြင့်ပေါက်ပစ်ခြင်း၊ဘာသာရေးမှထုတ်ပယ်ခြင်း၊ဓာတ်ပုံပိုစတာများကပ်နှံဖြန့်ဝေ၍အိနြေ္ဒသိက္ခာကျအောင်ပြုလုပ်လျက်ရှိပါသည်။သို့ဖြစ်ပါ၍ကျွန်ုပ်တို့ဈေးဝယ်ယူသူများနှင့်ဈေးဆိုင်သည်များသည်ဈေးအတွင်းလွပ်လပ်စွာရောင်းချဝယ်ယူခွင့်မရှိပါ။အသက်အန္တရာယ်စိုးရိမ်နေရပါသည်။၂၀၁၃ခုဇုန်လအထိ၉၆၉အဖွဲ့နှင့်အမျိုးသမီးကွန်ရက်အဖွဲ့တို့ဖမ်းဆီးခဲ့သောကုန်ပစ္စည်းများ၏ကာလတန်ဖိုးမှာကျပ်သိန်းငါးရာကျော်ရှိသည်ဟုကြားသိရပြီး၎င်းငွေများသည်လည်းစာရင်းဇယားမရှိဘဲကုန်ဆုံးသွားပြီဟု၉၆၉အဖွဲ့နှင့်အမျိုးသမီးကွန်ရက်အဖွဲ့တို့၏လက်အောက်ငယ်သားများပြောဆိုသောစကားများကိုကျွနှ်ပ်တို့ကြားသိရပါသည်။၎င်းအပြင်၉၆၉အဖွဲ့၏ခေါင်းဆောင်ဦးမောင်ဝင်းသည်ဘောလုံးလောင်းကစားဒိုင်၊၂လုံးထီ၃လုံးထီစသည့်လောင်းကစားလုပ်ငန်းများဖွင့်လှစ်ကာအသက်မွေးဝမ်းကျောင်းပြုလုပ်နေသူတစ်ဦးဖြစ်ပါသည်။သို့ဖြစ်ပါ၍ကျွန်ုပ်တို့ပြည်သူများနှင့်ဖော်ပြပါအဖွဲ့အစည်းနှစ်ဖွဲ့အကြားပြသနာပဋိပက္ခများကိုသက်ဆိုင်ရာအစိုးရများအနေဖြင့်အမြန်ဆုံးအဖြေရှာပြီးလိုအပ်သလိုညှိနိုင်းဆွေးနွေးစေလိုပါသည်။အထက်ဖော်ပြပါအချက်အလက်များသည်လည်းအမှန်တကယ်ကိစ္စရပ်များဖြစ်ပြီးအသိသက်သေများအဖြစ်မြို့နယ်အုပ်ချုပ်ရေးမှူး၊မြို့နယ်ရဲစခန်း၊တအဖစသည့်အစိုးရဌာနများကိုစုံစမ်းမေးမြန်းစေလိုပါသည်။ လျှောက်ထားသူ ခေါင်းတုတ်ကျေးရွာသူကျေးရွာသားများ ကျောက်တော်မြို့နယ်၊ ရခိုင်ပြည်နယ်။ >>>>>>>>>>>>>>>>>>>>>>>>>>>>>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) >

No comments:

Post a Comment